Login မှာ ကြာ ...
သုံးချိန်မှာ နှေး ....
LogOut ရင် မြန်မြန်လေးမို့
Connection ရေ ....
ကောင်း စေချင်သေး ....။
Connection နှေးနေလို့
တွေးနေတဲ့ စိတ်အစဉ်
Login ၀င်လာပြန်တော့
ပြုံးပျော်လို့ရွင်၊
သိပ်မကြာခင်
ကြိုက်တာပင် ၀င်မကြည့်အားသေးပါဘူး ....
"ဖျတ်" ခနဲဆို မီးကပျက်
စိတ်တိုရခက် ....။
တစ်ဖက်က ချစ်သူ
စိတ်တော် မငြူစူလိုက်ပါနဲ့
ဒီလူမှာ စောင့်စားဆဲ
မီးပြန်လာရေး ....။
မီး စောင့်ရင်း အတွေးဝင်လာ
ဖုန်းဆက်ကာ တောင်းပန်ရမှာမို့
ချစ်သူဆီ ဖုန်းခေါ်လိုက်ခါမှ
ဧရိယာပြင်ပ ။
ဒီတစ်ယောက်လည်း ပြတ်ပြန်ပြီ
ချိန်းတဲ့ဆီ မဝင်ရောက်နိုင်တာမို့
Gtalk ကို အပြစ်မမြင်၊
Facebook ကို အပြစ်မပြော၊
တစ်ခါတစ်ခါ စိတ်မှာ မောမိတယ်
ခေတ်မီ တဲ့ တော ....။
FreeIdea (13.10.2012)
ကျွန်တော် ကဗျာမရေးတတ်ပါ။ စံပယ်ချို ရဲ့အိမ်လေး သို့ အလည်အပတ်သွားရင်း ကဗျာရေးချင်တဲ့ စိတ်ဖြစ်လာလို့ ရေးလိုက်တာပါ ...။ ဒီနေ့ Connection ကျပြီး မီးပျက်လို့ စိတ်ညစ်တာလည်း ပါပါတယ်။ စိတ်ညစ်တယ်ဆိုတာ ကဗျာထဲကလို ချိန်းထားလို့ မဟုတ်ပါဘူး ...။ Blog မှာ Post တင်ချင်တာ တင်မရ ဖြစ်နေလို့ပါ ...။ ကဗျာထဲမှာတော့ တစ်မျိုးလေး လေးထားပါတယ် ...။ တိုက်ဆိုင်သူများ ရှိလေ မလားလို့ပါ ....။ ဖတ်ရတာ အဆင်မပြေရင် ကျွန်တော် ကဗျာရေးတာ ညံ့ဖျင်းတဲ့အတွက် ကြောင့်သာ ဖြစ်ပါတယ် ...။
တောမှာအဲလိုဆို လူကြားကောင်းသေးပါရဲ့နော် ဒီမှာလဲ တခါတလေ
ReplyDeleteအဲလိုပါပဲ ဒီနေ့ချက်စားတဲ့ ပုံလေးတွေ ဖဘ တင်ချင်တာ ကွန်မကောင်းလို့မတင်ရဘူးရှင်------
ကဗျာပဲရေးပါတော့ကွယ် မရေးတတ်လို့ပဲတော်ပါသေးတယ်
ရေးများတတ်ရင် အမ ကဗျာတောင်ဖတ်သူရှိမှာမဟုတ်တော့ဘူးနော်
ခင်မင်တဲ့ sis jasmine
လာရောက်အားပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ .... ကျွန်တော်လည်း Blog လေးတစ်ခု ရေးပါတယ် ....
ReplyDeleteနည်းပညာ ကလည်း နားမလည်
စာပေ ကလည်း မပေါက်မြောက်
ကဗျာ ဆိုလည်း မတောက်တခေါက် နဲ့
နောက်ဆုံးတော့ "မဆလာ" လို စုပေါင်းစပ်ပေါင်း Blog ဖြစ်တော့မယ် ထင်ပါတယ် :)
ဒါလည်း တစ်ခုကောင်းတာပေါ့ နော
လာလည်တဲ့သူတွေကို ရသစုံ ပေးနိုင်တာပေါ့ :P
လေးစားစွာဖြင့် ... FreeIdea