Saturday, October 13, 2012

Pin It

Widgets

အဓိပ္ပါယ် - ၁

"သူ မျက်လုံးကန်းနေတယ်..."
"မကန်းပါဘူး ..... သူမျက်လုံးမမြင်ရတာပါ....။"
"သူ့ရဲ့စိတ်က အေးချမ်းတယ်။ သူ့ရဲ့ဘဝကိုသူ အကောင်းမြင်တတ်သလို ပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်တတ်တယ်။ အရာရာကို တန်ဖိုးထားတတ်တယ်။ ဒုက္ခိတဘဝဆိုပေမဲ့ ကိုယ်တတ်အားသမျှ ကူညီတတ်တယ်။ အနာဂတ်ကိုမျှော်တွေးတဲ့အနေနဲ့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးလေးတွေကို လိမ္မာယဉ်ကျေးအောင် သွန်သင်ပေးတတ်တယ်။ မကောင်းမှုတွေကို ရှောင်ကျဉ်ပြီး အသက်ရှင် ရပ်တည်နေတယ်။ ပတ်ဝန်းကျင်ကလူတွေရဲ့ ချစ်ခင်လေးစားမှုတွေကို သူရရှိနေတယ်။ တစ်ခါတစ်ခါ သူပြောပြတဲ့ အကြောင်းအရာလေးတွေဟာ တစ်ဘက်လူအတွက် တကဲ့မှတ်သားစရာတွေ ဖြစ်နေတတ်တယ်။ ပတ်ဝန်းကျင်မှာ အခက်အခဲတစ်ခုခုကြုံရတိုင်း သူ့ဆီက အကြံကောင်းဉာဏ်ကောင်းတွေ တောင်းတတ်ကြတယ်...။
ရိုးသားတယ်၊ ပွင့်လင်းတယ်။ အားငယ်စိတ်လုံးဝ,မရှိဘဲ သူ့ရဲ့ဘဝကိုသူ ကျေနပ်နေတတ်တယ်....။ သူ့မိသားစုထဲက သူ့အတွက်အားငယ်တဲ့သူရှိရင်တောင် သူကပြန်ပြီးအားပေးတတ်သေးတယ်။ သူခဏ ခဏပြောတတ်တဲ့ စကားလေးတစ်ခွန်းရှိတယ် "မျက်လုံးကောင်းတိုင်း မြင်တာမဟုတ်ပါဘူး၊ မျက်လုံးမကောင်းလည်း မြင်တတ်ပါတယ်" တဲ့။ ဒါ့ကြောင့် သူမျက်ကန်းမဟုတ်ဘူး။ မမြင်ရတာပါ။"

သူပြောတဲ့စကားရဲ့အဓိပ္ပါယ်ကို စဉ်းစားနေမိတယ်....။ တွေးခေါ်မိတယ်....။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်တယ်....။
"ငါ့ရဲ့စိတ်က မတည်ငြိမ်ဘူး။ လောဘစိတ်တွေ၊ ဒေါသစိတ်တွေက ဖုံးလွှမ်းနေတတ်တယ်။ ပတ်ဝန်းကျင်ကိုမဆိုထားနဲ့ ကိုယ့်ကိုယ်ကိုတောင် အကောင်းမမြင်တတ်ဘူး။ တန်းဖိုးမထားတတ်ဘူး။ ပတ်ဝန်းကျင် က ကလေးလေးတွေတွေ့ရင် သူ့လိုသွန်သင်ဖို့နေနေသာသာ ရှုတ်လွန်းလို့ မောင်းထုတ်တတ်သေးတယ်...။ ကိုယ့်ဝမ်းစာအတွက် မကောင်းမှုကိုတစ်ခါတစ်ရံလုပ်မိတာကနေ စ,လိုက်တာ အခုဆိုရင် မကောင်းမှုလုပ်တတ်တဲ့ အကျင့်လေးက ပါနေပြီ။ အဲဒီမကောင်းမှုအပေါ်မှာလည်း မှီခိုတတ်နေပြီ။ ပတ်ဝန်းကျင်က ကိုယ့်ကိုအထင်မကြီး၊ မလေးစားမှန်းသိပေမဲ့ အဲဒါကိုဂရုစိုက်စရာ မလိုဘူးလို့ဘဲ ယူဆထား ခဲ့တယ်။ သူ့လိုသာ မျက်မမြင်တစ်ယောက်ဖြစ်သွားရင် ကိုယ့်ကိုယ်ကို သတ်သေမိမလားဘဲ...။"

ဒီလိုဆိုရင် သူ နဲ့ ကျွန်တော် ဆန့်ကျင်ဘက် ပဲပေါ့....။
သူ မျက်ကန်းတစ်ယောက် မဟုတ်ဘူးဆိုရင် ......
ဆန့်ကျင်ဘက်အနေနဲ့
ကျွန်တော် မျက်ကန်းတစ်ယောက် ဖြစ်နေပြီလား??????????

free.idea2012@gmail.com (3.2.2012)

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top