(၁) CPE ကို Router ရှိတဲ့ဘက်မှာ ထားပြီး သုံးမယ်ဆိုရင် ......
အရင်ဆုံး Router Configuration ထဲမှာပေးထားတဲ့ SSID (name) နဲ့ Security key လေးကိုတော့ မှတ်ထားပေးပါ။
DHCP ကို Enable ပေးထားပါ။
ပြီးရင် သီးခြားကွန်ပျူတာတစ်လုံးနဲ့ CPE ကိုချိတ်ဆက်ပြီး AP mode နဲ့ Configuration ၀င်လိုက်ပါ ....။ ကိုယ်ပေးလိုက်တဲ့ SSID အမည်ကိုတော့ မှတ်ထားပါ။
DHCP ကို Enable ပေးထားပါ။
Security key ထည့်ရန်အတွက် Menu ထဲမှ wireless > security setting > Disable Security ကို WPA-PSK/WPA2-PSK သို့ ပြောင်းပေးပါ version ကိုလည်း WPA2-PSK သို့ပြောင်းပေးပါ။ PSK Passphrase: နေရာမှာ မိမိပေးချင်တဲ့ password ကိုရိုက်ပါ ...အားလုံးပြီးရင်တော့ ထုံးစံအတိုင်း Save နဲ့ထွက်ပါ....။
ဒီနေရာမှာ Security Key type ကို ကိုယ့်စိတ်ကြိုက် ရွေးပြီး ထားနိုင်ပါတယ် ....။ အားလုံးကို လွတ်လပ်စွာ သုံးစေချင်တယ်ဆိုရင် မပေးထားလဲ(Disable Security) ရပါတယ်။
ပြီးရင်
Network Cable (CAT 6) တစ်ချောင်းနဲ့ CPE ဘူးရဲ့ အောက်ခြေ LAN port ကနေ ဘူးအဖြူလေးရဲ့ PoE port သို့ ချိတ်ဆက်လိုက်ပါ။
နောက် Network cable(CAT 6) တစ်ချောင်းနဲ့ အဲဒီဘူးဖြူလေးရဲ့ LAN port ကနေ Router ရဲ့ LAN port တစ်ခုခုသို့ ချိတ်ဆက်လိုက်ပါ။
CPE ကို Wifi သုံးမည့်ဘက်သို့ မျက်နှာမူပြီး တိုင်နဲ့ထောင်လိုက်ပါ။(ကြားခံအဆောက်အဦ၊ အပင်တွေရှိရင် တိုင်မြင့်မြင့်သုံးပြီး CPE ကို အောက်သို့ ငိုက်ထားပေးပါ။)
CPE ကို Power ပေးလိုက်ပါ။
ပြီးတာနဲ့ တစ်ဘက်ကနေ ကွန်ပျူတာနဲ့ Wireless Connection ကို စမ်းကြည့်ပါ။ (အဲဒီကွန်ပျူတာမှာ ip ကို Obtain ထားပေးရပါမယ်။) CPE ဘူးမှာပေးထားခဲ့တဲ့ SSID name နဲ့ Wifi connection တွေ့ရင် ကိုယ်ပေးခဲ့တဲ့ Security Key နဲ့ဝင်လိုက်ပါ။
(၂) CPE ကို အလယ်မှာ ထားကြည့်ရအောင် ....
ဒီနည်းကတော့ စဉ်းစားကြည့်တာပါ ....။
Router Connection ရနိုင်တဲ့နေရာလောက်( Wifi Client နဲ့ Router ကြားနေရာတစ်ခုပေါ့) မှာ လျှပ်စစ်သုံးလို့ ရနိုင်မယ် ဆိုရင် .... ဒီလိုစမ်းလို့လဲ ရနိုင်ပါတယ်။
ကိုယ့် Router ရဲ့ SSID အမည်နဲ့ Security Key ကိုမှတ်သားထားပါ။
CPE ကို Operation Mode > AP Router သို့သွားပြီး Save ကိုနှိပ်ပါ။
ပြီးရင် Wireless > Wireless Mode > သို့သွားပြီး ညာဘက်မှာ Universal Repeaterကိုရွေးပေးပါ။ အဲဒီအောက်က MAC of AP အကွက်မှာ Click တစ်ချက်ခေါက်ပြီး စာမျက်နှာအောက်ဆုံးနားက Survey ကိုနှိပ်လိုက်ပါ ။
Box တစ်ခုပွင့်လာပါမယ်။ အဲဒီထဲမှာ Router ရဲ့ SSID အမည် ကိုတွေ့ရပါမယ်။ သူ့ရဲ့ ညာဘက်အစွန်က Connect ကို Click နှိပ်လိုက်ပါ။
ခုနက ပေးထားခဲ့တဲ့ Universal Repeater ရဲ့ အောက်ကအကွက်မှာ Router ရဲ့ MAC Address ကိုတွေ့ရပါမယ်။
CPE Configuration windows ရဲ့ Wireless > Security Setting > သို့ဝင်ရောက်ပြီး Router မှာပေးထားတဲ့ Security Key အတိုင်း တူညီအောင်ပေးလိုက်ပါ။(လွဲ၍မရပါ။)
ပြီးရင် DHCP > DHCP Settings ကိုဝင်ပြီး ညာဘက်မှာ Enable ပေးလိုက်ပါ။( ဒီနေရာမှာ Dafault Gateway အနေနဲ့ Router ip ကိုထည့်ပေးရပါမယ်။ Primary DNS, Secondary DNS တွေက မိမိ သုံးနေတာတွေ ထည့်ပေးရပါမယ်။) ဒါဆိုရင် အဆင်ပြေပါပြီ။ ကျန်တာကတော့ CPE ရဲ့ Login User Name, Password ချိန်းတာတွေ၊ ip ချိန်းတာတွေကို လုပ်ပေးရပါမယ်။
အားလုံးပြီးရင် Network Cable(CAT 6) တစ်ချောင်းနဲ့ CPE ရဲ့ LAN port ကနေ ဘူးအဖြူလေးရဲ့ PoE port သို့ချိတ်ဆက်လိုက်ပါ။ ပြီးရင် CPE ကိုသင့်တော်တဲ့နေရာမှာထောင်ပြီး Wifi သုံးမယ့်ဘက်သို့ လှည့်ထားပါ။ Power ပေးလိုက်ပါ။
တစ်ဘက်ကနေပြီး စမ်းကြည့်လိုက်ပါ။
တစ်ခြားနည်း အနေနဲ့ကတော့ ....
ကိုယ့်ဆီမှာ Omini Antenna ရှိတယ်ဆိုရင် သုံးကြည့်ကြတာပေါ့ ....
အဲဒီ Antenna မှာပါတဲ့ cable က တိုနေတယ်။ ကျွန်တော် စဉ်စားကြည့်တာက သူ့ကို Router နဲ့ ဆက်သွယ်ပြီး အပြင်မှာ ထောင်မယ်ဆိုရင် Connection Range တိုးလာနိုင်ပါတယ်။ ဒီတော့ Antenna jumper Cable အရှည်တစ်ချောင်းလိုပါမယ်။
ရှိပြီ ဆိုရင်တော့
ကိုယ့် ရဲ့ Router မှာပါတဲ့ Antenna တိုင်တိုတစ်ချောင်းကို ဖြုတ်လိုက်ပါ။
ပြီးရင် ၀ယ်ယူလာတဲ့ Antenna jumper Cable အရှည်ရဲ့ တစ်ဘက်အစကို တပ်ဆင်ပါ။
နောက်တစ်စ, ကို Omini Antenna နဲ့ဆက်သွယ်ပြီး အဲဒီ Omini တိုင်ကို အပြင်မှာ ထောင်ကြည့်ပါ။
တစ်ဘက်မှာတော့ CPE ကို နည်းလမ်း(၂) မှာလို Configuration ၀င်ပြီးထောင်လိုက်ပါ။
အခုကျွန်တော်ရေးသားပေးတာတွေဟာ စဉ်းစားပေးတဲ့ အဆင့်ပါ။ တကယ်တမ်း လုပ်တဲ့နေရာမှာ မြေနေရာ အနေအထားတွေကြောင့် အခက်အခဲတွေတော့ ရှိနိုင်မယ်ထင်ပါတယ် .....။ ဘာဘဲဖြစ်ဖြစ် ....
(၁) Network ရဲ့ သဘောတရားအရ ip တွေပေးရာမှာ မှန်ကန်ဖို့လိုအပ်ပါတယ် .....။
(၂) Network တစ်ခုတည်း အနေနဲ့ဘဲ သွားမယ်ဆိုရင် SSID တို့ Security Key တို့ကလည်း တူရပါမယ်။
(၃) DHCP ကို Enable လုပ်ပေးပြီး Dafault Gateway , Primary DNS, Secondary DNS တွေကိုသေချာတိကျစွာ ပေးထားဖို့လိုအပ်ပါမယ် ....။
(၄) တစ်ဘက်ကနေ ၀င်ရောက်တဲ့အခါမှာလည်း ကွန်ပျူတာရဲ့ ip ကို Obtain ပေးထားရပါမယ်။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea