Sunday, June 3, 2012

Pin It

Widgets

PageMaker ဖိုင်ကို PDF ဖိုင်သို့ အလွယ်ပြောင်းနည်း

ကျွန်တော့်အနေနဲ့ PageMaker File ကနေ PDF ပြောင်းနေတဲ့ ပုံစံလေးပါ။
ကျွန်တော်တို့ တော်တော်များများက PageMaker Progem တင်ပြီဆိုရင် AutoRun Box မှာပါတဲ့ Adobe PageMaker 7.0 ,
Adobe Acrobat Reader 5.0 ,
Adobe Acrobat Distiler 5.0
စတာတွေ လောက်ဘဲတင်တတ်ကြပါတယ်။(ကိုယ့်စိတ်နဲ့နှိုင်းနေတာပါ။)

PDF File ပြောင်းမယ်ဆိုရင်တော့ အဲဒီအောက်က Adobe Postscript Driver ကို Install လုပ်ရပါမယ်။
Install လုပ်ပုံကတော့


(၁) AutoRun Box မှ Adobe Postscript Driver ကို Click ပါ။
(၂) ထပ်မံပေါ်လာတဲ့ Box မှာ Next ကို Click ပါ။
(၃) နောက် Box မှာ ACCEPT ကိုနှိပ်ပေးပါ။
(၄) Next နဲ့ ဆက်သွားပါ။
(၅) LPT1 Local Port ဖြစ်နေရင် Next နဲ့ ဆက်သွားပါ။
(၆) နောက်ပေါ်လာတဲ့ Box ထဲက Generic PostScript Printer ကိုရွေးပေးပြီး Next နဲ့ ဆက်သွားပါ။
(၇) Not Shared ဖြစ်နေရင် Next နဲ့ဆက်သွားပါ။
(၈) Next နဲ့ဆက်သွားပါ။
(၉) Install ကို Click ပါ။
(၁၀) Would you like to configure your printer now? မှာ No ကို ရွေးပေးပြီး Next နဲ့သွားပါ။
(၁၁) Yes, I want to view the ReadMe file. မှာ မဖတ်ချင်တော့ဘူးဆိုရင် အမှန်ခြစ်လေးဖြုတ်ပြီး Finish ကို Click လိုက်ပါ။
Install လုပ်ခြင်း ပြီးဆုံးပြီ ဖြစ်ပါတယ်။ မိမိ Computer ရဲ့ Task Bar မှာ Print Job ပြနေပါက Open လုပ်ပြီး ၄င်းPrint Job ကို Select > Delete လိုက်ပါ။

အသုံးပြုပုံ ကတော့
(၁) မိမိ PDF ပြောင်းလိုသည့် PageMaker File ကိုဖွင့်ပါ။
(၂) File menu မှ Export ၄င်းမှ Adobe PDF.... ကို Click လိုက်ပါ။
(၃) ပေါ်လာသည့် Box တွင် ကိုယ် PDF File ပြောင်းလိုသည့် စာမျက်နှာ နံပါတ်ကို (-) ကြားခံ၍ ပေးပါ။ ညာဘက်ဘေးအပေါ်ရှိ Export ကို Click ပါ။
(၄) နောက်ပေါ်လာသည့် Box တွင် PDF File အားသိမ်းလိုသည့်နေရာနှင့် PDF File အမည် တို့ကိုရွေးပေး ပါ။ ၄င်း PDF File အားချက်ချင်းဖတ်လိုပါက အောက်ရှိ View PDF ဘေးမှာ အမှန်ခြစ်ပေးပါ။ အားလုံးပြီး ပါက Save ကိုနှိပ်လိုက်ပါ။
*** ၄င်း Postscript Driver အားတစ်ခါ Install လုပ်ထားရုံဖြင့် နောင်တွင် အဆင်သင့် သုံးနိုင်ပါပြီ။
***တစ်ချို့ software မှာလိုမြန်မာ Font မပေါ်သည့် ပြဿနာ မရှိပါ။

pmd မှ PDF ပြောင်းခြင်း အဆင်ပြေနိုင်ကြပါစေ.........။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger