Sunday, June 3, 2012

Pin It

Widgets

CPE ( TP-LINK TL-5210G ) Reset and Configuration

Reset ချဖို့အတွက် CPE ကို ကွန်ပျူတာနဲ့ တပ်စရာမလိုပါ။ CPE ရဲ့ LAN port ကနေ ဘူးအဖြူလေးရဲ့ PoE Port သို့ Network ကြိုးနဲ့ ဆက်သွယ်လိုက်ပါ။ ဘူးဖြူလေးကို Power ပေးလိုက်ပါ။ ခဏလောက်စောင့်ပါ။ ပြီးရင် ကျွန်တော်ပြထားတဲ့ Reset အပေါက်လေးကို ဒုတ်ချောင်းလေး (သို့) ဘောပင် နဲ့ (၁၀) စက္ကန့်လောက် ထိုးထားလိုက်ပါ။
(တကယ်က (၈) စက္ကန့်လို့သိရပါတယ် ....။ အရေးကြီးတာက ကိုယ်ထိုးထားတဲ့ အချိန်မှာ CPE ရဲ့ နောက်က မီးအစိမ်းလေးတွေကို ကြည့်ထားပါ။ Wireless Signal Strength မီးစိမ်းလေးတွေရဲ့ ညာဘက်အစွန်ဆုံး မီးလုံးလေး Flash ဖြစ်သွားရင် လွှတ်လို့ရပါပြီ ။) ထိုးထားတာကို လွှတ်လိုက်တာနဲ့ Wireless Signal Strength မီးစိမ်းလေးတွေအားလုံး တစ်ချက် လင်းသွားပါမယ်။ ပြီးရင် ငြိမ်းသွားပြီး Power မီးလေးသာ လင်းနေပါမယ် ။ ဒါဆိုရင် Reset ချတာပြီးဆုံးပါပြီ ။
ပြီးရင် ကွန်ပျူတာနဲ့ မတပ်ခင်မှာ CPE တပ်ပြီး Configuration လုပ်မဲ့ ကွန်ပျူတာရဲ့ ip ကို
192.168.1.100 ဆိုပြီးပေးလိုက်ပါ။(192.168.1.1 ကနေ 192.168.1.253 ထိကြိုက်တာပေးလို့ရပါတယ် ။ လောလောဆယ်ပေါ့  ) Subnet နေရာမှာ Click ခေါက်လိုက်ရုံပါဘဲ ။
ပြီးရင် CPE ကို ကွန်ပျူတာနဲ့ တပ်လိုက်ပါ။ CPE မှာ Power မီးနဲ့ LAN မီး (၂) ခုလင်းနေပါမယ်။
RUN box ကိုဖွင့်ပြီး cmd > Enter နှိပ်လိုက်ရင် Command ပွင့်လာမယ်။ အဲဒီထဲမှာ
ping 192.168.1.254 
လို့ရိုက်ပြိး Enter နှိပ်လိုက်ပါ။
Reply from 192.168.1.254 : bytes=32 time<1ms TTL=64
ဆိုပြီး (၄) ကြောင်းကျလာပါမယ်။ ဒီလိုဆိုရင် ကိုယ့်ရဲ့ ကွန်ပျူတာနဲ့ CPE တို့ ချိတ်ဆက်မိပြီဆိုတဲ့ သဘောပါ။

AP အနေနဲ့ Configuration စလိုက်ကြရအောင် ......
Browser တစ်ခုခုကို ဖွင့်လိုက်ပါ။
Address Bar မှာ 192.168.1.254 ဆိုပြီးရိုက် Enter ခေါက်ပါ။
Username = admin
Password = admin
နဲ့ဝင်လိုက်ပါ ....။
Configuration page ကျလာရင် ဘယ်ဘက်ခြမ်းက Quick Setup ကိုနှိပ်လိုက်ပါ။ ညာဘက်မှာ ပေါ်လာတဲ့ထဲက Next ကိုနှိပ်လိုက်ပါ။
ညာဘက်မှာဘဲ AP Client Router , AP Router , AP ဆိုတဲ့ သုံးခုထဲက AP ကိုရွေးပေးပါ။ Next ကိုနှိပ်လိုက်ပါ။
ထပ်ပြီးပေါ်လာတဲ့ထဲမှာ SSID ကို ကိုယ်ပေးချင်တဲ့ နာမည် ပေးလိုက်ပါ။(ဒီ နာမည် က CPE Wifi ရဲ့အမည်ပါ။) ပြီးရင် Next ကိုနှိပ်ပါ။
နောက်ပေါ်လာတဲ့ ထဲက Finish ကို နှိပ်လိုက်ပါ။
CPE ကို Restart ချနေတဲ့အတွက် ခဏလောက်စောင့်ပေးပါ။ Status page သို့ ပြန်ရောက်သွားပါလိမ့်မယ်။ (ကြာနေရင် Browser ကို Refresh လုပ်လိုက်ပါ။ )

နောက်တစ်ဆင့် အနေနဲ့ ဘယ်ဘက်ခြမ်းက Wireless ကိုနှိပ်လိုက်ပါ။ Wireless Basic Settings သို့ရောက်သွားပါမယ်။ ညာဘက်ခြမ်း မှာ SSID ကို ခုနကပေးခဲ့တဲ့ SSID အတိုင်း ပေးလိုက်ပါ။( အောက်ဆုံးက Mode ကို 11Mbps (802.11b) သို့ပြောင်းထားလည်း အဆင်ပြေပါတယ် ..... ဘယ်လိုကွာလဲတော့ သိဘူးဗျ ) ပြီးရင် အောက်က Save ကိုနှိပ်ပါ။ CPE restart ကျပါမယ်။ ခဏလောက်စောင့်ပါ။

နောက်တစ်ဆင့် Wireless Mode သို့ဝင်ကြည့်ပါ။ Access Point နေရာမှာရှိနေပါမယ် ။ သူ့အတိုင်းဘဲ ထားလိုက်ပါ။
(ဒီနေရာမှာ တစ်ခါတည်းဆွေးနွေးချင်ပါတယ် ....။ တကယ်လို့ AP Router အနေနဲ့ Configuration လုပ်ခဲ့မယ်ဆိုရင် ဒီ Wireless Mode မှာ Client (သို့) Repeater (သို့) Universal Repeater တစ်ခုခုကိုရွေးပေးရပါမယ်။ ပြီးရင် MAC of AP အကွက်မှာ Click ခေါက်ပြီး အောက်ဆုံးက Survey ဆိုတာကို နှိပ်လိုက်ရင် Router ရဲ့ Network ကိုတွေ့ရပါမယ်။ ဘေးနားက Connect ကိုနှိပ်လိုက်ရင် Router ရဲ့ MAC လာပြီးပေါ်နေမှာပါ။ ပြီးရင် Save လုပ်လိုက်ရင် ရပါတယ်။)

နောက်တစ်ဆင့်အနေနဲ့ Wireless > Security Setting သို့သွားလိုက်ပါ။ Router မှာပေးထားတဲ့ Security Setting အတိုင်း ပေးလိုက်ပါ။ ဘာမှမပေးဘဲ Disable Security ပေးထားရင်လည်းရပါတယ် ။ Save လုပ်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ DHCP > DHCP Setting သို့ဝင်လိုက်ပါ။ DHCP Server ကို Enable ပေးလိုက်ပါ။ Default Gateway မှာ ကိုယ့် Router ip ကိုထည့်ပေးလိုက်ပါ။ Primary DNS , Secondary DNS တွေမှာ ကိုယ်သုံးနေတာတွေ သေချာထည့်ပေးပါ။ (iPSTAR ဆိုရင် 203.81.64.19 နဲ့ 203.81.64.20 ဖြစ်နိုင်ပါတယ် ။)
ပြီးရင် အောက်က Save ကိုနှိပ်လိုက်ပါ။
You have modified the system configuration, it will not take effect until the device reboot!
ဆိုပြီး အနီရောင်စာတန်းပေါ်လာပါမယ် ....။
ဘယ်ဘက်ခြမ်းက System Tools > Reboot သို့သွားပါ။ ညာဘက်မှာပေါ်လာတဲ့ Reboot ကိုနှိပ်ပါ။ box လေးတစ်ခုပေါ်လာရင် OK ကိုနှိပ်ပေးလိုက်ပါ .....။
CPE restart ကျပါမယ် .... ခဏစောင့်ပါ ။

အခုအနေအထားမှာ
CPE ကို Power ပိတ် ။
ကွန်ပျူတာမှာ တပ်ထားတဲ့ Network ခေါင်းကို Router ရဲ့ LAN port တစ်ခုခုမှာသွားတပ်။
CPE ကို Power ပေးလိုက်။
ပြီးရင် Laptop တစ်လုံးလုံးနဲ့ (Wifi device တစ်ခုခုနဲ့ ) စမ်းကြည့်မယ်ဆိုရင် ကိုယ်ပေးခဲ့တဲ့ SSID နာမည်နဲ့ Wifi Connection တစ်ခုကိုတွေ့ရမှာဖြစ်ပြီး ၀င်လို့ရတော့မှာ ဖြစ်ပါတယ် .....။

လုံခြုံမှုအတွက်တော့ .....
CPE ကို ip ပြောင်းပေးရပါမယ် .....။
CPE Configuration windows ရဲ့ ဘယ်ဘက်ခြမ်းက Network ကိုနှိပ်လိုက်ပါ။
ip Address - 192.168.2.* ( * မှာ 1-254 ထိကြိုက်တာပေးလို့ရပါတယ်။)
SubnetMask - 255.255.255.0
Gateway - 0.0.0.0
( တကယ်လို့ Router ip ကို Gateway ပေးခဲ့မယ်ဆိုရင် အပေါ်ဆုံးက ip Address မှာ 192.168.1.* အနေနဲ့ဘဲ ရှိရမှာ ဖြစ်ပါတယ် .....။)
(ဒီ ip အကြောင်းတွေကို ကျွန်တော်အသေးစိတ်နားမလည်ပါ။ အမှားပါရင် ခွင့်လွှတ်ပေးကြပါ ခင်ဗျာ ....။)
ip ပေးပြီးရင်တော့ Save လုပ်လိုက်ပါ .....။
( 192.168.2.* လို့ပေးပြီး Save လုပ်လိုက်ရင်တော့ ဘာမှတက်လာမှာ မဟုတ်တော့ပါဘူး ...
ကိစ္စမရှိပါဘူး ..... ကွန်ပျူတာရဲ့ ip ကို အစောပိုင်းက ကျွန်တော်တို့ပေးခဲ့တဲ့ 192.168.1.100 အစား 192.168.2.100 လို့သွားပြောင်းပေးလိုက်ပါ။ Browser ကို Refresh လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ။
)

ip ပြောင်းပြီးရင် CPE ရဲ့ User name, Password တွေကိုပြောင်းပေးဖို့အတွက်
ဘယ်ဘက်ခြမ်းက System Tools > Password သို့သွားလိုက်ပါ ....။ ညာဘက်ခြမ်းမှာ ....
Old User Name - admin
Old Password - admin
New User Name - ကြိုက်တာပေးပါ။(မှတ်ထားပါ။)
New Password - ကြိုက်တာပေးပါ။ (မှတ်ထားပါ။)
Confirm New Password - အပေါ်က New Password ကိုဘဲပြန်ထည့်ပေးပါ။
Save လုပ်လိုက်ပါ။ ခုနက ပေးခဲ့တဲ့ New User Name, New Password တို့နဲ့ Log In ပြန်ဝင်လိုက်ပါ။

လက်ရှိ Configuration ၀င်နေတဲ့ computer ကို Wifi Connection နဲ့ သုံးမယ်ဆိုရင် ip ကို Obtain မှာ ထားပေးရမှာဖြစ်ပါတယ် ....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top