နည်းလမ်း(၂)
ဒီနည်းလေးကလည်း OnLine ပေါ်မှာ လုပ်ရတာပါဘဲ။ သူ့ရဲ့ ဒီဇိုင်းလေးတွေကတော့ အရမ်းလန်းပါတယ်။ ကဲ လုပ်ကြည့်ရအောင်ဗျာ ....။ပထမဆုံး ဒီနေရာလေး သို့သွားလိုက်ပါ။
ပြီးရင် Step 1: Enter your name below! ဆိုတဲ့စာတန်းလေးအောက်က အကွက်မှာ ကိုယ်ပေါ်စေချင်တဲ့ စာသားကို ရိုက်ထည့်လိုက်ပါ။

ပြီးရင်တော့
Step 2: Select Styles below(Click on Option Button not on image) ဆိုတဲ့အောက်မှာ ပါတဲ့ စာလုံးပုံစံလေးတွေထဲက ကြိုက်တဲ့ပုံစံလေးရဲ့ အောက်က အဝိုင်းလေး ပေါ်မှာ Click နှိပ်လိုက်ပါ။
Webpage Loading ဆွဲပြီး ခဏနေရင်တော့ ကိုယ်ရိုက်လိုက်တဲ့ စာသားလေးနဲ့ Search Engine Web Page တစ်ခုကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

သူကတော့ တစ်မူထူးခြားတယ်ဗျ :) ။ သူ့ကို ကိုယ့်စက်ရဲ့ Browser ဖွင့်တိုင်း မြင်ချင်တယ်ဆိုရင် သူ့ရဲ့အောက်မှာပါတဲ့ Set HomePage ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးလိုက်တာနဲ့ လုပ်ရမှာတွေကို ညွှန်ကြားတော့တာပါဘဲ :) ။
ပြီးတော့ ကိုယ့်ရဲ့ Search Engine Web Page လေးကို Share လုပ်လို့လည်းရသေးတယ်ဗျ ....။ စာသားကိုမကြိုက်ရင်လည်း Change Logo Name ကိုနှိပ်ပြီး ပြောင်းလို့ရသေးတယ်။ စမ်းကြည့်လိုက်ပါ။ အကြိုက်တွေ့မယ် ထင်ပါတယ်။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea