Monday, June 4, 2012

Pin It

Widgets

Change Google Logo - part(1)

ဒီနေ့ Internet အသုံးပြုကြတဲ့ User တွေအားလုံး GOOGLE နဲ့ ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ Google ရဲ့ စာမျက်နှာမှာပါတဲ့ Google ဆိုတဲ့ စာလုံးတွေကို မိမိတို့ရဲ့ အမည်၊ ဆိုင်အမည်၊ ရုံးအမည်၊ ..... စသည်ဖြင့် ကြိုက်တဲ့ စာလုံးတွေ ပြောင်းကြည့်ရအောင်....။ သိပြီး၊ တတ်ပြီး မိတ်ဆွေတွေ အတွက် မရည်ရွယ်ပါဘူး။ အထူးအဆန်း မဟုတ်ပေမဲ့ တစ်ခါတစ်လေ ဒီလိုလုပ်ရတာလေးတွေကစိတ်ဝင် စားဖို့ ကောင်းပါတယ်။
ဒီလို Google ရဲ့ Logo ကို စိတ်ကြိုက်ပြောင်းတဲ့ နည်းလမ်းလေးတွေ အများကြီးရှိပါတယ်။ တစ်ခုချင်း လုပ်ကြည့်ရအောင်ဗျာ ....။
နည်းလမ်း(၁)
ဒီနည်းလေးကတော့ OnLine ပေါ်မှာပဲလုပ်ပြီး ကြည့်လို့ ရပါတယ်။ Google ရဲ့ အနှစ်သာ ရလေးတော့ နည်းနည်းပျောက်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်....။
လုပ်နည်းလေးက လွယ်ပါတယ်။
ပထမဆုံး ဒီနေရာလေး သို့သွားလိုက်ပါ။
ပြီးရင် ညာဘက်က Your Name ဆိုတဲ့နေရာမှာ မိမိပြောင်းစေချင်တဲ့ စာသားကို ရိုက်ထည့်ပေးပါ။ (ကျွန်တော့် အနေနဲ့ ဥပမာ- Myeboon Thar လို့ရိုက်ထည့်လိုက်ပါတယ်။ ဒီနေရာမှာ မြန်မာလို ရိုက်ထည့်လို့ မရပါဘူး။)

ပြီးရင် ဘယ်ဘက်က Click to select style .... ရဲ့ ဘေးနားက တြိဂံအနက် လေးကို နှိပ်ပြီး မိမိစိတ်ကြိုက် Effect ကိုရွေးပေးလိုက်ပါ။ (ဒါကတော့ ကိုယ်ရိုက်ထားတဲ့ စာလုံးရဲ့ ပုံစံဖြစ်ပါတယ်။) Effect ရွေးပြီးတာနဲ့ Webpage Loading လုပ်ပြီး ကိုယ်ရိုက်ထားတဲ့ စာလုံး ပေါ်လာမှာ ဖြစ်ပါတယ် ....။


ဒီစာမျက်နှာပေါ်မှာပါတဲ့ Search Box ဟာ Google Webpage မှာလိုဘဲ ထပ်တူ အလုပ်လုပ်ပါတယ်။ ဒါ့အပြင် ဘယ်ဘက်ထောင့်က Check Email, Friends, News, More ဆိုတဲ့ ခလုတ်လေးတွေကနေ ကိုယ်သွားချင်တဲ့ နေရာတွေသို့ ဆက်သွားလို့ရပါသေး တယ်။


ကွန်ပျူတာရဲ့ Browser ကိုဖွင့်တိုင်း ဒါလေးကို မြင်ချင်တယ်ဆိုရင်တော့ Home Page အနေနဲ့ လုပ်ထားလိုက်ရင် ရပါတယ်။

Home Page ပြုလုပ်ရန်...
Mozilla Firefox အသုံးပြုသူများ အတွက်
Address Bar မှ လိပ်စာများကို Select All လုပ်ပြီး Copy လုပ်ပါ။



Menu Bar မှ Tools > Options > General သို့သွားလိုက်ပါ။
Startup အကွက်ရဲ့ Home Page ဘေးကအကွက်တွင် Paste လုပ်ပါ။
အောက်ဆုံးက OK ကိုနှိပ်ပါ။

Internet Explorer အသုံးပြုသူများအတွက်
Address Bar မှ လိပ်စာများကို Select All လုပ်ပြီး Copy လုပ်ပါ။
Menu Bar မှ Tools > Internet Options > General သို့သွားလိုက်ပါ။
Home page အကွက်ရဲ့အလယ်က နေရာတွင် Paste လုပ်ပါ။
အောက်ဆုံးက OK ကိုနှိပ်ပါ။

Google Chrome အသုံးပြုသူများအတွက်
ညာဘက်ထောင့်ရှိ ဂွပုံလေး(Customize and control Google Chrome) ခလုတ်ကိုနှိပ်ပါ။
ပေါ်လာတဲ့ Menu ထဲမှ Settings ကိုနှိပ်လိုက်ပါ။
Appearance ရဲ့ အောက်က Show Home button ဘေးရှိ လေးထောင့်ကွက်လေးကို နှိပ်လိုက်ပါ။( အမှန်ခြစ်လေးပေါ်နေပါမည်။)
အဲဒီအောက်က Change ကိုနှိပ်လိုက်ပါ။
Box တစ်ခုပွင့်လာပါမယ် ။ အဲဒီထဲက Open this page ဘေးက အကွက်မှာ Copy ယူလာတဲ့ လိပ်စာကို Paste လုပ်လိုက်ပါ။
OK ကိုနှိပ်လိုက်ပါ။

အားလုံးပျော်ရွှင်နိုင်ကြပါစေ ....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top