Monday, June 4, 2012

Pin It

Widgets

Change Google Logo - Part(3)

ဒီနည်းလေးကတော့ လုပ်ရတာနည်းနည်း လက်ဝင်သလောက် တကယ်ပြီးပြည့်စုံတဲ့ ကိုယ်ပိုင် Google Search Engine တစ်ခုဖြစ်မှာပါ။ သူ့ကိုတော့ Mozilla Firefox မှာဘဲ လုပ်လို့ရပါမယ်။ Mozilla Firefox ရဲ့ add-on လေးတစ်ခုကို အသုံးပြုပြီး လုပ်ကြည့်ကြရအောင် ....။

ကဲ ... ပထမဆုံး ဒီနေရာလေး သို့ သွားပြီး Mozilla Firefox ရဲ့ GreaseMonkey add-on လေးကို ကိုယ့်စက်မှာ ထည့်ကြရအောင်။ အဲဒီ Link ထဲသို့ရောက်တာနဲ့ အခုလိုမျိုး တွေ့ရပါမယ်။ Add to Firefox ဆိုတာလေးကိုနှိပ်လိုက်ပါ။


ဒီလိုမျိုး ခွင့်ပြုချက်တောင်းလာရင် Allow ကိုနှိပ်ပေးလိုက်ပါ။



ပြီးရင်တော့ ခဏစောင့်ပါ။ 167 KB ရှိတဲ့ add-on လေးကို Download လုပ်နေပါလိမ့်မယ်။



ဒေါင်းပြီးသွားလို့ add-on ကိုပြလာရင် Install Now ကို နှိပ်လိုက်ပါ။



အောက်ကပုံလေးလို Message Box လေးတက်လာရင်တော့ Firefox အနေနဲ့ add-on တစ်ခုကို အောင်မြင်စွာ Install လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် Firefox Browser ကို Restart ချခိုင်းပါလိမ့် မယ်။ Restart Now ကိုနှိပ်လိုက်ပါ။


 
Add-on ကို Install လုပ်ပြီးသွားပေမဲ့ မပြီးသေးပါဘူး :) သူအလုပ်လုပ်ဖို့လိုအပ်တဲ့ Script လေးတစ်ခုကို Install လုပ်ပေးရပါအုံးမယ်။
ဒီနေရာလေး သို့သွားလိုက်ပါ။ အောက်ကပုံလေးလို Script ကို Download ချပေးပါလိမ့်မယ်။



Download ပြီးသွားရင် အောက်ကပုံလို Install ကို နှိပ်လိုက်ပါ။


ကွန်ပျူတာရဲ့ ညာဘက်အောက်ထောင့်လေးမှာ အောက်ကပုံလေးလို Message တက်လာရင်တော့ ပြီးဆုံးပြီ ဖြစ်ပါတယ်။



Firefox Browser windows ရဲ့ ညာဘက် အပေါ်ထောင့်လေးမှာတော့ အောက်ကပုံလေးလို တွေ့ရပါမယ်။



ပြောနေတာကြာရောပေါ့ .... ဘယ်လို သုံးရမှာလဲ ??????????
စိတ်ရှည် ၊ သီးခံနိုင်မှ ( မြန်မာနိုင်ငံမှာ) Internet သုံးလို့ရမှာပေါ့ ....
ဟာ .... နိုင်ငံရေးတွေပါလာပြီ ....
ကဲ ....ပြောနေရင်ကြာတယ် www.google.com သို့သွားလိုက်ပါ။ တွေ့နေရတဲ့ Google ဆိုတဲ့ စာလုံးပေါ်မှာ Mouse ကို နှစ်ချက်နှိပ်လိုက်ပါ(Double Click)။ အောက်ကပုံလေးလို Box တစ်ခုပွင့်လာပါမယ်။


Title ရဲ့ဘေးက အကွက်မှာ ကိုယ်ပေါ်စေချင်တဲ့စာသား (ကိုယ့်နာမည်၊ ဆိုင်နာမည်၊ မြို့နာမည်၊ ချစ်သူနာမည်၊ ....) ကို ရိုက်ထည့်လိုက်ပါ။ (မြန်မာစာလုံးမသုံးပါနဲ့)။
အောက်က Color အကွက်ကတော့ အဲဒီစာလုံးတစ်လုံးချင်းစီရဲ့ အရောင်တြွေဖစ်ပါတယ်။
1 = အပြာရောင်
2 = အနီရောင်
3 = အဝါရောင်
4 = အစိမ်းရောင်
ဘာမှမထည့် = ပေါ်ချင်သလိုပေါ်မည် :)
ကြိုက်သလိုထားပေးလိုက်ပါ။ ပြီးရင် Change ဆိုတာလေးကို နှိပ်လိုက်ပါ။ အပေါ်ကပုံမှာ ကျွန်တော် နမူနာ ပြထားတာလေးပါ။ ပြီးသွားရင်တော့ ကိုယ်ပိုင် Search Engine လေးတစ်ခု ကို ပိုင်ဆိုင်နိုင်ပါပြီ။



အကယ်၍များ Google စာလုံးပေါ်မှာ Double Click လုပ်မရခဲ့ရင် အောက်ကပုံလေးလို တစ်ချက်လောက် စစ်ပေးပါ။ My Own Google Logo Text ဆိုတာလေးရဲ့ ဘေးမှာ အမှန်ခြစ်လေး ဖြစ်နေရပါမယ်။



အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ ....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top