ချစ်သူ....
အချစ်ကို စံနှုန်းထားလို့
ငါ့နှလုံးသားကို ဥပမာပေးရရင်
New Folder လေး တစ်ခုအသွင်ပါကွယ်....။
အရာရာကို ရင်ဆိုင်လာလို့
ခိုင်မာနေတဲ့ ဒီFolder လေးဟာ
နေရာဘယ်လိုရွေ့ရွ့
Partition တွေဘယ်လိုပြောင်းပြောင်း
အတွင်းထဲမှာပေါင်းထည့်ထားတဲ့
ငါ့ရဲ့ ချစ်စိတ်သံယောဇဉ် File လေးတွေက
ခိုင်မြဲနေကြမှာပါကွယ်.....။
"ချစ်တယ်" ဆိုတဲ့ မင်းဆီကစကား
ငါမကြားရသေးပေမဲ့
ငါ့ရဲ့ Folder ကို မင်းလာပြီးသိမ်းပိုက်
Rename ပေးလိုက်မယ်ဆိုရင်
Alt+3 ဆိုတဲ့ keypad လေးကိုတော့
ကျေးဇူးပြုလို့ ရိုက်ပေးခဲ့ပါကွာ....
အကြိမ်ကြိမ်အခါအခါ မျှော်လင့်ခဲ့မှုတွေအတွက်
ဒီဆုသက်သက်လေးဟာ
ဒီFolder နဲ့ အလိုက်ဖက်ဆုံးပါ........။
ဒီလိုမှ မလုပ်ပေးလည်း
Alt+255 နဲ့ ရူးရူးမိုက်မိုက်ချစ်နေအုံးမှာပါ....။
Folder properties ကိုသုံး
Customize ရဲ့အပြုံးနဲ့
အမုန်းတွေကို ရှေ့တန်းတင်
Change Icon ထဲဝင်ပြီး
Blank Iconကြီး ထားခဲ့ရင်လည်း
အသွင်မရှိတဲ့ ငါ့ဘဝတွက်
ငါစတည်းဆက်နေမှာပါ.....။
ဒါပေမဲ့ချစ်သူရာ......
ဒီFolder ကိုမင်းပြန်ဖွင့်ကြည့်ရင်တော့
အကြွင်းမရှိ သံယောဇဉ်File လေးတွေက
မင်းကိုကမ်းလင့်ကြိုနေကြမှာပါကွယ်........။ ။
ဘာရယ်တော့ မဟုတ်ပါဘူး ...။ ကွန်ပျူတာမှာ New Folder တစ်ခုကို ဖန်တီးပြီး သူ့ကို Rename ပေးတဲ့ နေရာမှာ ကီးဘုတ်က Alt+3 ကိုနှိပ်ပေးလိုက်ရင် ♥ ပုံလေးပေါ်လာမှာပါ။ ဒီလိုဘဲ Alt key နဲ့ နံပါတ်တွေ တွဲရိုက်လို့ ရတဲ့ ပုံလေးတွေ အများကြီးရှိပါတယ် ....။ စမ်းပြီး ရိုက်ကြည့်ရင် အဖြေထွက် ပါလိမ့်မယ် ....။
ဒီလိုပါဘဲ New Folder တစ်ခုကို Rename ပေးတဲ့အခါ ကီးဘုတ်က Alt+255 ကိုရိုက်လိုက်ရင် ဘာစာမှ မရှိတဲ့ Blink ကြီးဖြစ်သွားပါမယ် ....။ နာမည်မရှိတဲ့ Folder လေးတစ်ခု ရတာပေါ့ ...။ ထပ်ပြီးတော့ အဲဒီ အမည်မရှိတဲ့ Folder ကို Right Click နှိပ်ပြီး Properties သို့ဝင်ရောက်လိုက်မယ်။ ပြီးရင် Customize သို့ ၀င်ရောက်လိုက်ပြီး အောက်နားလေးမှာပါတဲ့ Change Icon ကိုနှိပ်လိုက်မယ် ဆိုရင် Icon ပုံလေးတွေပါတဲ့ Box လေးတစ်ခု ပွင့်လာပါမယ် ။ အဲဒီထဲက ဘာပုံမှ မဖေါ်ပြထားတဲ့ Blink နေရာလေးကို ရွေးပေးလိုက်ပြီး Apply > OK ကိုနှိပ်လိုက်မယ် ဆိုရင်တော့ ခုနက ကျွန်တော်တို့ အမည်Blink ထားခဲ့တဲ့ Folder လေးဟာ Folder ပုံမရှိ၊ အမည်မရှိဘဲ မြင်ကွင်းကနေ ပျောက်သွားမှာ ဖြစ်ပါတယ် ....။ Folder ကိုဖျောက်ထားတဲ့ သဘောပါ။ ဒီအကြောင်းလေးကို ကဗျာလေးတစ်ပုဒ် အနေနဲ့ ဖန်တီးလိုက်တာပါ ... :) /
စမ်းကြည့်ရင်း အဆင်ပြေနိုင်ကြပါစေ .....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea