လက်ရှိကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုမှာ အသက် ၁၁၆ နှစ် ၅၁ ရက် အရွယ်ရှိ အမေရိကန်နိုင်ငံသူ Besse Cooper ဖြစ်ပြီး ၁၈၉၆ သြဂုတ်လ ၂၆ ရက်နေ့ တွင် မွေးဖွားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသူ အဘွားအို ဒေါ်မြကြည်မှာ အသက် ၁၂၀ နှစ် ရှိနေပြီး အသက်ကြီးဆုံး အဘွားအိုထက် ၄ နှစ်ခန့်ကြီးနေကြောင်းသိရှိရသည်။ အဘွားဒေါ်မြကြည်မှာ ယခုအခါ အမရပူရမြို့နယ် ပေါက်ချိုင် ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ပရဝဏ်အတွင်း တဲအိမ်ထိုးနေထိုင်နေပြီး ယခုလအတွင် အသက် ၁၂၀ ပြည့်မည်ဖြစ်သည်။ အဘွားဒေါ်မြကြည်မှာ ယခုထိ ကျန်းမာရေးကောင်းမွန်နေပြီး သက်သက်လွတ် စားကာ၊ သူမ အကြိုက်ဆုံး အစားအစာမှာ နှမ်းဖတ်ချဉ်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာနှင့် အင်တာဗျူးတွင် ပါ၀င်ဖြေဆိုခဲ့ဘူးသည်။ အဘွားဒေါ်မြကြည်ကို ရွာဦးကျောင်းဆရာတော် ဦးသြဘာသက စောင့်ရှောက်ထားပြီး ဒေါက်တာဇော်ထွန်းက ကျန်းမာရေးစောင့်ရှောက် မှုများ ပြုလုပ်ပေးနေကြောင်း သိရှိရသည်။ အဆိုပါ အဘွားဒေါ်မြကြည်ကို ဂရင်းနစ်စာရင်း ၀င်ရန် မြန်မာနိုင်ငံမှ Online သုံးစွဲသူများမှ ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။
Facebook စာမျက်နှာမှ ကူးယူဖေါ်ပြပါသည် ။ ဖတ်မိသူများလည်း Share ပေးစေချင်ပါသည်။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea