Sunday, October 14, 2012

Pin It

Widgets

မြန်မာ့သမိုင်း အတွက် Click လေးတစ်ချက် နှိပ်ပေးပါ ...

မနန်းခင်ဇေယျာ
ဂျပန်နိုင်ငံ  အိုကီနာဝါကျွန်း ဘူဒိုကန် အားကစား ခန်းမ၌ အောက်တိုဘာ လ ၁ ရက်နေ ့မှ
အောက်တိုဘာလ ၂၁ ရက်နေ ့ အထိ ကျင်းပ နေသည့် မယ် နိုင်ငံ တကာ (Miss International)
ကို မြန်မာနိုင်ငံ ကိုယ်စား ပြုကာ ရှမ်းပြည်နယ် တောင်ကြီး မြို ့မှ မနန်းခင်ဇေယျာ ၀င်ရောက်
ယှဉ် ပြိုင် နေပြီ ဖြစ်ပါသည်။


မနန်းခင်ဇေယျာ ၏ ကိုယ်ရေးအကျဉ်း

  • အမည်                - မနန်းခင်ဇေယျာ
  • အသက်               - ၂၃ နှစ်
  • ပညာအရည်အချင်း -  LL.B ဥပဒေဘွဲ့
  • လူမျိုး                  -  ရှမ်းပအိုဝ့်
  • အလုပ်အကိုင်        - ဂျာမန်- အင်္ဂလိပ် ဧည့်လမ်းညွှန်

ပြိုင်ပွဲဝင်ဖို့ ကြိုတင် ပြင်ဆင်မှု

ပြိုင်ပွဲဝင်ဖို့ စက်တင်ဘာ ၂ ရက်နေ့က ကမ်းလှမ်းခံရ ပါတယ်။ စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် International Travel Expo ခရီးသွား ပြပွဲဖွင့်ပွဲ အခမ်း အနားလည်း မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ဖျော်ဖြေခဲ့ရ ပါသေးတယ်။ ကြိုတင် ပြင်ဆင်ဖို့ အချိန်တော့ အရမ်းနည်း ပါတယ်။ ဒါပေမဲ့ ကျွန်မက ဂျာမန်နဲ့ အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်တော့ ကိုယ့်မြန်မာ နိုင်ငံ သမိုင်းကြောင်း၊ မြန်မာ့ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာရေးက အစ နိုင်ငံခြားသား တွေကို ရှင်းပြရတဲ့ အလုပ် လုပ်တာ လေးနှစ်ကျော် ငါးနှစ် ရှိခဲ့လို့ သိပ်တော့ မစိမ်းပါဘူး။ ဘဝ ရပ်တည်ရေး အတွက် ပညာရပ်တွေ လေ့လာ ဆည်းပူးတာတော့ အဆက်မပြတ် လုပ်ခဲ့ပါတယ်။

ပြိုင်ပွဲဝင်မည့်ပုံစံ

ပြိုင်ပွဲမှာ မြန်မာ့ ယဉ်ကျေးမှု ဝတ်စုံန့ဲ ဆွမ်းတော်အုပ် ပိုက်ပြီးပြိုင်မယ်။ ပြီးတော့ ရှမ်းသီချင်းနဲ့ ဖျော်ဖြေမယ်။ ညနေခင်း ဝတ်စုံကိုတော့ ကချင်ရိုးရာ ဝတ်စုံ ဝတ်ပြိုင်မယ်။ ပြိုင်ပွဲဝင် ဝတ်စုံတွေ ကိုတော့ ပြည်စိုးအောင်၊ မမမဉ္ဇူ (Zu Zu Collection) နဲ့ မသွင်စုထွေး တို့က ပံ့ပိုးပေးထား ပါတယ်။

ဆုရနိုင်ခြေအပေါ် သူ့ရဲ့ ထင်မြင်ချက်

ဆုရတာ မရတာ ကတော့ ကံတရားပေါ့။ ကျွန်မကတော့ အစွမ်းကုန် ကြိုးစားမှာပါ။ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာ မကျစေရ ပါဘူးလို့ အာမခံရဲ ပါတယ်။ ကိုယ့်နိုင်ငံ Image တက်အောင် အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ပြိုင်ပွဲက ရုပ်ရည် လှပရုံသာ မက ဗဟုသုတ အရည် အချင်းပါ ပြည့်ဝရမယ့် အပြင် ပရိသတ် တွေရဲ့ မဲပေး ရွေးချယ်မှု ကလည်း အရေး ပါတာမို့ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်တွေကို www. miss International.org မှာ ဝင်ရောက် လေ့လာပြီး ကျွန်မကို မြန်မာပြည် ကနေ မဲပေး ကြပါလို့ မေတ္တာရပ်ခံ ပါရစေရှင့်။

ကဲ ..... ကမ္ဘာမှာ မြန်မာ ဟေ့ လို့ ၀င့်ကြွားနိုင်ဖို့ ကျွန်တော်တို့တွေရဲ့ အားပေးမှုတွေ အများကြီး လိုအပ်ပါ တယ် .....။ မပင်ပမ်းပါဘူး ..... ကွန်ပျူတာမှာ Mouse နဲ့ Click လေးတစ်ချက်နှိပ်လိုက်ရုံပါ ....။

ဘယ်လိုနှိပ်ရမလဲ ...

ပထမဆုံး Gmail (သို့မဟုတ်) Yahoo (သို့မဟုတ်) Facebook အကောင့်တစ်ခုခုနဲ့ Login ၀င်ထားလိုက်ပါ။
ပြီးရင် အောက်က Link လေးကို နှိပ်လိုက်ပါ။ 
http://www.flickr.com/photos/64086169@N03/8062634660/
ဒီလိုလေး ပွင့်လာပါမယ်။ အကြိမ်အရေအတွက် များများနှိပ်လေ ကောင်းလေပါဘဲ ....။ Tab တွေအများကြီး ပွင့်လို့ Browser ပိတ်မသွားပါဘူး ....။ Firefox, IE, .... Browser ရှိသမျှ အကုန်လုံးနဲ့သာ ဖွင့်ပစ် :)


အဲဒီထဲမှာ အပေါ်ညာဘက်နားက Prev, Next တို့ကို မနှိပ်ပါနဲ့ ပုံပြောင်းသွားပြီး တစ်ခြားနိုင်ငံသူတွေကို မဲပေးသလို ဖြစ်သွားပါမယ်။
ဒီလိုဘဲ ညာဘက် Sidebar မှာပါတဲ့ တစ်ခြားနိုင်ငံသူတွေရဲ့ ဓါတ်ပုံကို သွားမနှိပ်မိပါစေနဲ့ ...။

Favorite လုပ်ရင်ပိုကောင်းပါတယ်။ favorite လုပ်ဖို့အတွက် ဓါတ်ပုံရဲ့အပေါ် ဘယ်ဘက်ထောင့်က Favorite ဆိုတာလေးကို နှိပ်လိုက်ပါ။ ကြယ်ပွင့် ပန်းရောင်လေး ပြောင်းသွားမယ်။ ဒါဆိုရင် ရပြီ။ တကယ်လို့ Login ၀င်ဖို့ပြောလာရင် သူပေးထားတဲ့ အကောင့်တွေ ( Yahoo, Facebook, Gmail) တစ်ခုခုကို ရွေးပေးပြီး ဆက်လုပ်သွားရင် ရပါတယ်။

ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) ဆုအတွက် Vote လုပ်နည်း
ဒီနည်းက နေ့တိုင်း မဲပေးခွင့်ရှိပါတယ်။
ပထမဆုံး အောက်က Link သို့ ၀င်လိုက်ပါ။
http://poll.pollcode.com/u7r1ht 
အောက်က ပုံလေးလို ပွင့်လာပါမယ်။ 

အဲဒီထဲမှာ Myanmar ဆိုတဲ့ရှေ့က အဖြူရောင် လေးထောင့်ကွက်လေးကို Click နှိပ်လိုက်ပါ။ အမှန်ခြစ် အစိမ်းလေး ပေါ်လာပါမယ်။
ပြီးရင်တော့ အောက်ဆုံးက Vote ကို နှိပ်ပေးလိုက်ပါ။ ကိုယ့်မြန်မာရဲ့ အားပေးထားတဲ့ အရေအတွက် ကို အောက်က လိုလေး တွေ့ရပါမယ် ....။

ကွန်ပျူတာသုံးနေတဲ့ အချိန်မှာ Mouse Click ကို အကြိမ်ကြိမ် နှိပ်ဖူးကြမှာပါ ....။
ဒီနေရာမှာ နှိပ်ရတဲ့ Mouse Click လေးကတော့ ကိုယ့်မြန်မာပြည်အတွက် တန်ဖိုးရှိတဲ့ Click လေးတစ်ခုပါ ဆိုတာ ပြောကြားရင်း ....
ဒီ Link http://www.flickr.com/photos/64086169@N03/8062634660/ ကို Click များများ နှိပ်နိုင်ကြပါစေ ....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top