ဘဝ မှာ
သူများကို "ဆရာ" ခေါ်ခဲ့ဖူးသလို ကိုယ့်ကို "ဆရာ"ခေါ်တာလဲ ခံခဲ့ဖူးပြီ...။
သူများရဲ့ ခိုင်းတာတွေ လုပ်ခဲ့ဖူးသလို ကိုယ်ကလည်း သူများကို ခိုင်းခဲ့ဖူးပြီ.....။
ဘုန်းတော်ကြီးတွေကို ကန်တော့ ခဲ့ဖူးသလို ဘုန်းတော်ကြီးအနေနဲ့လည်း ကန်တော့ခံဖူးပြီးပြီ....။
အစားအသောက်ကောင်းတွေကို စားခဲ့ဖူးသလို ထမင်းလည်းငတ်ခဲ့ဖူးပြီ.....။
ဟိုတယ်မှာ ဇိမ်ခံအိပ်ခဲ့ဖူးသလို လမ်းဘေးမှာလည်း အိပ်ခဲ့ဖူးပြီ....။
ဘဝမှာ
လေယာဉ်လည်း မောင်းခဲ့ဖူးပြီ..... ဆိုက္ကားလည်း နင်းခဲ့ဖူးပြီ....
သေနတ်လည်းပစ်ခဲ့ဖူးပြီ...... လေးဂွလည်း ပစ်ခဲ့ဖူးပြီ.....
ရယ်မောပျော်ရွှင်ခဲ့ဖူးသလို ..... ငိုကြွေးပူဆွေးခဲ့ဖူးပြီ....
ဘဝမှာ
တစ်ယောက်ယောက်ကို အသည်းစွဲအောင် ချစ်ခဲ့ဖူးသလို....
တစ်ယောက်ယောက်ရဲ့ အသည်းစွဲချစ်တာကိုလည်း ခံခဲ့ဖူးပြီ.....
တစ်ယောက်ယောက်ကို ပစ်ပစ်ခါခါ မုန်းတီးခဲ့ဖူးသလို....
တစ်ယောက်ယောက်ရဲ့ ပစ်ပစ်ခါခါ မုန်းတီးမှုကိုလည်း ခံခဲ့ဖူးပြီ.....
ကဲ.... ဘာလိုသေးလဲ? ဘာတွေများထပ်ပြီး လိုအပ်သေးလို့လဲ...?
free.idea2012@gmail.com (2.2.2012)
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea