Sunday, October 14, 2012

Pin It

Widgets

နှလုံးသား မျှော်လင့်ချက်

အလွမ်း "သင့်" ခဲ့လို့
ပွင့်လန်းမလာတော့တဲ့ ပန်း ကိုမှ
ငါ က မြတ်နိုးနေခဲ့မိတာကိုး ....။


တစ်ဖက်သတ်ဆန်တယ်ဘဲ ပြောပြော
ရိုးရိုးလေး ခိုးချစ်နေရတာ ကိုက
ငါ့အတွက် "ရသ" တစ်ခုပဲလေ .....။


ကြွေချင် ကြွေ ၊ ခြောက်ချင် ခြောက်
မင်းကြွေရင်လည်း ငါက ကောက်ပြီး သိမ်းထားမှာပါ .....။


အလွမ်း "သင့်" ခဲ့တဲ့ မင်းအတွက်
အသင့်လွမ်းတတ် နေတဲ့ ငါ့ရဲ့ နှလုံးသားမှာ


နေရာတွေ အများကြီးပါ ....။

မင်းသာ ၀င်လာခဲ့မယ်ဆိုရင်
အလွမ်းသင့် = အသင့်လွမ်း
သချင်္ာ ဂဏန်းတွေလို ချေဖျက်
ငါတို့အတွက် ရှေ့ဆက်လို့ ရပါပြီကွယ် .....။   ။


free.idea2012@gmail.com (14.10.2012)

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top