Sunday, October 14, 2012

Pin It

Widgets

မလိုအပ်ပါ....

သူ့ ကိုကျွန်တော် ချစ်နေမိသည်။
အရိပ်တကြည့်ကြည့်နဲ့ အမြဲနေချင်သည်...။
သူ စိတ်အားငယ်မှာ၊ ၀မ်းနည်းမျက်ရည်ကျမှာ၊ သောကရောက်မှာကို စိုးရိမ်မိသည်...။
သူ့ကိုကျွန်တော်ချစ်နေကြောင်း သူသိရန်
မလိုအပ်ပါ....

သူ့ကိုကျွန်တော်ချစ်နေကြောင်း ကျွန်တော့်သူငယ်ချင်းတစ်ချို့ သိကြသည်။
သူလည်း သိလိမ့်မည်ဟု ထင်သည်။
ကျွန်တော့်ပတ်ဝန်းကျင်ကလည်း သိတဲ့သူတွေရှိကြသည်....။
သူ့ကိုကျွန်တော်ချစ်ကြောင်း ဖွင့်ပြောရန်
မလိုအပ်ပါ....

သူငယ်ချင်းတွေက ဖွင့်ပြောရန် တိုက်တွန်းကြသည်။
သူ့အနေနဲ့လည်း ဖွင့်ပြောစေချင်သည်ဟု ကျွန်တော်ထင်မိသည်...။


ပတ်ဝန်းကျင်အနေဖြင့်လည်း ဖွင့်ပြောလိုက်ဖို့ အားပေးကြသည်။
တစ်ယောက်နဲ့တစ်ယောက်ချစ်သူတြွေဖစ်ဖို့
တိုက်တွန်းချက်တွေ၊ အားပေးမှုတွေ
မလိုအပ်ပါ....

သူနောက်တစ်ယောက်နဲ့ လက်ထပ်သွားသည်။
သူငယ်ချင်းများက ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်ကြသည်။
ပတ်ဝန်းကျင်မှ ကျွန်တော့်ကို ဝေဖန်ပြစ်တင်ကြသည်..။
အချစ်စစ်မှန်ရင် စိတ်မကောင်းဖြစ်တာတွေ၊ ဝေဖန်တာတွေ
မလိုအပ်ပါ......

သူ့ကိုကျွန်တော်ချစ်ခဲ့တာ အချစ်စစ်ဖြင့်ဖြစ်ကြောင်း ကျွန်တော်ယုံကြည်သည်...။
ဆက်ပြီးလည်း သူ့ကိုကျွန်တော်ချစ်နေအုံးမည်၊ စိုးရိမ်နေအုံးမည် ဖြစ်သည်....။
ကျွန်တော့်အချစ်က လွတ်လပ်သည်၊ စစ်မှန်သည်၊ ရယူမှုကင်းသည် ဟုပဲ ခံယူမိသည်...။
သို့သော်.......
သူ့အတွက် ကျွန်တော့်ကို  မလိုအပ်ပါ......

free.idea2012@gmail.com (2.2.2012)

2 comments :

  1. တခါတလေတော့လဲ
    လိုအပ်ချင် လိုအပ်နေပါလိမ့်မယ်
    ကိုုသတိမထားမိတာလဲဖြစ်နိုင်တာပဲ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. ကဗျာ​လေးကြိုက်​လို့ ရှယ်​သွားပါတယ်​​နော်​....

    ReplyDelete

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top