Wednesday, September 12, 2012

Pin It

Widgets

အရည်အသွေး မကျစေဘဲ ဓါတ်ပုံ Size လျှော့ရအောင်

Internet အသုံးပြုတဲ့သူတိုင်း Facebook ပေါ်မှာဘဲဖြစ်ဖြစ်၊ Gmail နဲ့ဘဲဖြစ်ဖြစ် ဓါတ်ပုံတွေကို ထည့်သွင်းဖူး၊ ပေးပို့ဖူးကြမှာပါ ....။ ကွန်ပျူတာ အခေါ်အရတော့ အပ်လုတ်(Upload) တင်တယ်ပေါ့ ....။ ဒီလိုဘဲ ပေးပို့ခံရတဲ့ သူတွေအနေနဲ့လည်း အဲဒီဓါတ်ပုံတွေကို ပြန်ပြီး ရယူဖူးကြမှာပါ။ အခေါ်အဝေါ် ကတော့ ဒေါင်းလုတ်(Download) ဆွဲတယ်ပေါ့ ....။
ဒီနေရာမှာ ပေးပို့တဲ့သူအနေနဲ့ ဓါတ်ပုံက အရွယ်ပမာဏ (Size) ကြီးနေတော့ Upload တင်ရင် အချိန်ကြာတတ်သလို လက်ခံတဲ့သူအနေနဲ့လည်း Download လုပ်တဲ့နေရာမှာ အချိန်တော်တော်ကြာ တတ်ပါတယ်။ ပုံကို အရွယ်အစားသေးလိုက်ပြန်တော့လည်း ပုံရဲ့အရည်အသွေးကျသွားရင် လက်ခံတဲ့ သူအနေနဲ့ အခက်အခဲတွေ့ရမှာပါ ....။ ဒီတော့ ပုံရဲ့ အရည်အသွေးလည်းမကျသွားအောင်၊ ပုံရဲ့ အရွယ် အစားပမာဏလည်း သေးသွားအောင် သီးခြား Software တစ်ခုခု သုံးစရာမလိုဘဲ လုပ်တဲ့ နည်းလေး ဆွေးနွေးချင်ပါတယ်။


ကွန်ပျူတာမှာ Default ပါလာတဲ့ Program ကိုသုံးပြီး လုပ်တဲ့ နည်းလေး နှစ်ခု ကို ပုံလေးတွေနဲ့ ဆွေးနွေး ပါမယ် ...။

ပထမနည်းလမ်းကတော့ Paint program ကိုသုံးပြီး လုပ်တာပါ ...။
ကျွန်တော် နမူနာအနေနဲ့ 1.81MB ရှိတဲ့ ဓါတ်ပုံတစ်ခုကို Paint သုံးပြီး ပုံ Size လျှော့ကြည့်ပါမယ်။ အောက်မှာ မူရင်းပုံရဲ့ Size ကိုပြပေးထားပါ တယ်။


ကိုယ်လုပ်ချင်တဲ့ပုံပေါ်မှာ Right Click > Open with.... > Paint သို့ဝင်ရောက်ပြီး ဖွင့်ရင် ရသလို
Start menu > All programs > Accessories > Paint သို့ဝင်ရောက်ပြီး Paint program ကိုဖွင့်လိုက်ပါ။ ပြီးရင် Paint program ရဲ့ File menu မှ Open ကိုနှိပ်ပြီး ကိုဖွင့်ချင်တဲ့ ပုံကို ရွေးပေးရင် လည်း ရပါတယ် ....။
ကိုယ် File Size လျှော့ချင်တဲ့ ပုံလေး Paint မှာပွင့်လာပြီ ဆိုရင်တော့ Save ကိုသာသွားနှိပ်လိုက်ပါ။ Paint ကိုပိတ်လိုက်ပြီး ပုံ Size ကိုပြန်ကြည့်လိုက်ပါ ....။


ကျွန်တော် လုပ်ကြည့်တာတော့ 1.81 Mb ရှိတဲ့ ဓါတ်ပုံဟာ 699 Kb သို့လျှော့ကျသွားတာတွေ့ရမှာ ဖြစ်ပါတယ်။ ပုံရဲ့အရည်အသွေးကိုလည်း မထိခိုက် ပါဘူး။ အောက်မှာ ပုံSize ကိုပြပေးထားပါတယ်။


နောက်တစ်နည်းကတော့ Microsoft Office Picture Manager ကိုသုံးပြီး ပုံ Size လျှော့တာပါ။
ပုံပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက Open with .... > Microsoft Office Picture Manager သို့ဝင်ရောက်ပြီး ဖွင့်လိုက်ပါ။


အပေါ်မှာပါတဲ့ Edit Pictures .. ခလုတ်လေးကို နှိပ်လိုက်ပါ။ ညာဘက်မှာ Edit Picture menu ပွင့်လာပါမယ်။


အောက်ဆုံးမှာပါတဲ့ Compress pictures ဆိုတဲ့ စာကြောင်းလေးကို နှိပ်လိုက်ပါ။


Compress for ဆိုတဲ့နေရာမှာ ရွေးချယ်ပေးလို့ရတဲ့ Option (၄) ခုပါပါတယ်။ သူတို့တစ်ခုချင်းစီအလိုက် 1.81Mb ရှိတဲ့ ပုံကို ဘယ်လောက်ထိ Size လျှော့ချပေးနိုင်တယ်ဆိုတာ ကျွန်တော် နမူနာ ပြပေးထားပါတယ်။


ကိုယ်သင့်တော်တဲ့ တစ်ခုခုကို ရွေးချယ်ပြီး အောက်မှာပါတဲ့ OK ကိုနှိပ်လိုက်ပါ။ ကျွန်တော် နမူနာ အနေနဲ့ Document ကိုရွေးပြပါမယ်။ မူရင်းပုံအရွယ်အစား 1.81Mb ကို 398Kb သို့လျှော့ချပေးမှာပါ။


ပြီးရင်တော့ Microsoft Office Picture Manager ကိုပိတ်လိုက်ပါ။ ဒီနေရာမှာ Save လုပ်မလားဆိုပြီး မေးလာပါမယ်။ Save ကိုနှိပ်ပေးလိုက်ပါ။


Microsoft Office Picture Manager နဲ့ ပုံအရွယ်အစားလျှော့ရာမှာ Document ဆိုတာ ပုံရဲ့အရည်အသွေးကို များစွာ မထိခိုက်ပါဘူး ။ Webpage ဆိုတာကတော့ Facebook တို့၊ Forum တို့၊  Blog တို့မှာတင်ဖို့အတွက်သင့်တော်ပါတယ်။ သူကတော့ မူရင်းပုံရဲ့ အရည်အသွေးကျသွားပါတယ်။ အောက်ဆုံးက E-mail message ဆိုတာကတော့ Email ပို့တာတို့၊ Gtalk ကနေပုံပို့တာတို့ မှာ သုံးလို့ရပါတယ်။ မူရင်း အရည်အသွေးကို ကျစေပါတယ်။
အဆင်ပြေသလိုသုံးနိုင်အောင် ဆွေးနွေးပေးတာပါ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် ရည်ရွယ်တာမို့ သိပြီးသားမိတ်ဆွေများ ကို လေးစားစွာဘဲ တောင်းပန်အပ်ပါတယ် ... :)
အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ ....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top