Monday, September 10, 2012

Pin It

Widgets

Save As PDF for Microsoft Office 2007

ဒီနေ့တော့ အရမ်းအသုံးဝင်တဲ့ Microsoft Office 2007 ရဲ့ Plug in လေးတစ်ခု ဖြစ်တဲ့ Save As PDF အကြောင်းလေးကို ဆွေးနွေးချင်ပါတယ် ....။
အခုခေတ်က Online ကနေပြီး ဖိုင်တွေကို ပို့နေကြတဲ့ ခေတ်ဆိုတော့ ဒီလိုပို့တဲ့နေရာမှာ PDF ဆိုတဲ့ file အမျိုးအစားက အသုံးများတဲ့ file ဖြစ်လာပါတယ်။ ဒီနေရာမှာ လေနဲနဲရှည်ပြီး :) PDF file အကြောင်း ပြောချင်ပါသေးတယ် ....။ အပြည့်အစုံသိလို့တော့ မဟုတ်ပါဘူး .... လေ့လာမိသလောက်လေး ကို ပြန်လည်မျှဝေတဲ့ သဘောပါ....။
PDF file ဆိုတာ ဘာလဲ ?
PDF ရဲ့ အပြည့်အစုံကတော့ Portable Document Format ဖြစ်ပါတယ်။ ဒီ file အမျိုးအစားကို ၁၉၉၃ ခုနှစ်လောက်မှာကတည်းက Share Document အနေနဲ့ စတင်သုံးစွဲလာခဲ့တာပါ။ (၁၉၉၀ အစောပိုင်း ကာလလောက်ကတည်းက စမ်းသပ်သုံးခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်မှာ Adobe System အဖွဲ့အစည်းရဲ့ John Warnock ဆိုသူက တွေ့ရှိခဲ့ပြီး Camelot ဆိုပြီးခေါ်ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ Camelot ဟာ PDF အဖြစ်ပြောင်းလဲ ခဲ့တာပါ....။)
Adobe အနေနဲ့ သူ့ရဲ့ စနစ်တစ်ခုဖြစ်တဲ့ Acrobat နဲ့အတူတွဲပြီး PDF ကိုအသက်သွင်းယူခဲ့ပါတယ်။ ထွက်ရှိလာခဲ့တဲ့ Version တွေအနေနဲ့ကတော့-


  • 1993 – PDF 1.0 / Acrobat 1.0
  • 1994 – PDF 1.1 / Acrobat 2.0
  • 1996 – PDF 1.2 / Acrobat 3.0
  • 2000 – PDF 1.3 / Acrobat 4.0
  • 2001 – PDF 1.4 / Acrobat 5.0
  • 2003 – PDF 1.5 / Acrobat 6.0
  • 2005 – PDF 1.6 / Acrobat 7.0
  • 2006 – PDF 1.7 / Acrobat 8.0
  • 2006 – PDF 1.7 / Acrobat 8.2
  • 2008 – PDF 1.7, Adobe Extension Level 3 / Acrobat 9.0
  • 2009 – PDF 1.7, Adobe Extension Level 5 / Acrobat 9.1
တို့ဖြစ်ကြပါတယ်။
တကယ်တော့ PDF အနေနဲ့ International Organization for Standardization (ISO) ရဲ့ အသိအမှတ်ပြု ခံရတာဟာ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ(၁) ရက်နေ့မှပါ။ ISO 3200-1:2008 နဲ့အသိအမှတ်ပြု ခဲ့ပါတယ်။ PDF Version 1.7 ဖြစ်ပြီး Adobe Extension Level 3 / Acrobat 9.0 ထွက်တဲ့အချိန်မှာ အသိအမှတ်ပြု ခံခဲ့ရတာပါ။
ဒီနေ့ခေတ်မှာတော့ File တွေကို လွှဲပြောင်းပေးပို့ကြတဲ့နေရာမှာ အမှန်တကယ် အသုံးတည့်တဲ့ Program တစ်ခု ဖြစ်လာပါပြီ .....။ ကဲ .... ပြောတာတွေများပြီး Post ခေါင်းစဉ်နဲ့ ဘာမှမဆိုင်ဘူး ဖြစ်နေအုံးမယ် ....။
ကျွန်တော်ဒီ Post မှာပြောချင်တာက ကျွန်တော်တို့ နေ့စဉ်သုံးနေကြတဲ့ Microsoft Office ရဲ့ File တွေကို တစ်ခါတည်းတဲ့ PDF file အဖြစ် Save လုပ်ပေးမဲ့ Office ရဲ့ Plug in တစ်ခုအကြောင်းပါ။ File တွေ၊ ဓါတ်ပုံတွေ ကို PDF file ပြောင်းပေးတဲ့ Converter တွေအများကြီးရှိပေးမဲ့ ဒီ Plug in လေးကတော့ တော်တော်ပြီးပြည့်စုံပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ နောက်အားသာချက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ Myanmar Unicode တွေနဲ့ ရိုက်ထားတဲ့ file တွေကို Converter သုံးပြီး PDF file ပြောင်းရင် တစ်ချို့ Converter တွေက မြန်မာဖေါင့် ကိုမသိတဲ့ ပြဿနာရှိပါတယ်။ ဒီ Plug in လေးကတော့ အဆင်ပြေပါတယ်။
သာမန်အနေနဲ့ Microsoft Office ကို Install လုပ်ရင် ဒီ Plug in က ပါမလာပါဘူး။ ဒီတော့ Office ရဲ့ Save As menu မှာကြည့်လိုက်ရင် အောက်ကပုံလေးလိုဘဲ တွေ့ရပါမယ်။

ဒီ Plug in လေးတင်ဖို့အတွက် ဒီနေရာလေးသို့သွားပြီး ဒေါင်းလုတ်လုပ်လိုက်ပါ။ file size က 933.93 KB ဘဲရှိပါတယ်။ ( အဆင်မပြေသူများအတွက် Mediafire ကနေ ဒီနေရာမှာ တင်ပေးထားပါတယ်။)
Download ပြီးသွားရင်တော့ SaveAsPDFandXPS.exe ဆိုတဲ့ Installer file လေးတစ်ခု ရပါမယ်။
အဲဒီ file လေးကို Double Click နှိပ်ပြီး Install လုပ်ပါမယ်။ ( Office 2007 တော့ ကွန်ပျူတာမှာ တင်ထားပြီးသား ဖြစ်ရမှာနော် :) )
Double Click နှိပ်လိုက်တာနဲ့ အောက်ကပုံလေးလို သဘောတူညီချက် တောင်းခံလာပါမယ်။ Click here to accept The Microsoft Software License Terms ဆိုတာလေးရဲ့ ရှေ့က အဖြူလေးထောင့်ကွက်လေးမှာ အမှန်ခြစ်ပေါ်အောင် Select ပေးပြီး Continue ကိုနှိပ်လိုက်ပါ။


ခဏလောက်စောင့်ပြီးရင် Installation ပြီးဆုံးကြောင်းပြောလာပါမယ်။ OK ကိုနှိပ်လိုက်ရင် ရပါပြီ ...။


Install လုပ်ပြီးသွားပြီဆိုရင်တော့ Office ရဲ့ Save As menu မှာ အောက်ကပုံလေးလို တွေ့ရပါမယ်။


ကိုယ် PDF ပြောင်းချင်တဲ့ Office file ကို ဖွင့်လိုက်ပါ။ (ချက်ချင်းရိုက်ပြီး တစ်ခါတည်းပြောင်းရင်လည်း ရပါတယ်။) ပြီးရင် အပေါ်မှာပြထားသလို Office Logo > Save As > PDF or XPS သို့ နှိပ်လိုက်ပါ။
Save လုပ်ဖို့ Box တစ်ခုပွင့်လာပါမယ်။ ဘယ်ဘက်ခြမ်းမှာ ကိုယ် Save လုပ်လိုတဲ့ နေရာကို ရွေးပေးပါ။ (ကျွန်တော် နမူနာအနေနဲ့ Desktop မှာလုပ်ပြထားပါတယ်။) အောက်က File name အကွက်မှာ ကိုယ်ပေးချင်တဲ့ နာမည်တစ်ခုခုပေးလိုက်ပါ။ ပြီးရင်တော့ အောက်ဆုံးမှာပါတဲ့ Publish ကိုနှိပ်လိုက်ရင် ရပါပြီ။ ( File ကို PDF file အနေနဲ့ တိုက်ရိုက်ဖွင့်ပြပါလိမ့်မယ်။)


အသုံးပြုကြည့်လိုက်ပါ။
အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ .....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top