ဒါပေမဲ့ ဖြန်ဝေပေးနိုင်လေကောင်လေမို့ မြန်မာနိုင်ငံသားတိုင်း ၀င်ရောက်ဖတ်ရှုလေ့လာသင့်တဲ့ Website တစ်ခုကို ညွှန်းချင်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်သမ္မတရုံး အင်တာနက် စာမျက်နှာပါ။
http://www.president-office.gov.mm/
ဒီWebsite ပေါ်မှာ
သတင်းများ
အခန်းကဏ္ဍ
အုပ်ချုပ်ရေး
အစိုးရအဖွဲ့
လွှတ်တော်ကဏ္ဍ နှင့်
မီဒီယာကဏ္ဍ
တွေကို လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ် ။ ဒီကဏ္ဍကြီးတွေ အပြင်
- တိုက်ရိုက်ထုတ်လွှင့်မှု
- ဓါတ်ပုံများ
- ဗီဒီယို
- အသံဖိုင်များ
- စာအုပ်များ
နောက် ကဏ္ဍတစ်ခုအနေနဲ့ ပြည်သူ့အသံ ဆိုတဲ့ ကဏ္ဍကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒီကဏ္ဍလေးကတော့ သမ္မတကြီးကိုယ်တိုင် ပြည်သူတွေရဲ့ ခံစားချက်တွေကို သိရှိဖြေရှင်းပေးနိုင်စေဖို့ စီစဉ်ထားခြင်းဖြစ်ပြီး ပေးပို့လိုသူတွေအနေနဲ့ ပြည်သူ့အသံ ဆိုတဲ့ စာအိတ်ပုံလေးကို Click နှိပ်ပြီး ၀င်ရောက်ရမှာ ဖြစ်ပါတယ်။
ဒီလိုဝင်ရောက်လိုက်တာနဲ့ ပေးပို့ရမည် ပုံစံတစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီပုံစံမှာပါတဲ့ အချက်အလက်များကို ရေးသွင်းဖြည့်စွက်တဲ့အပြင် ကိုယ့်ရဲ့ စာဖိုင်တွေကိုလည်း ပူးတွဲပေးပို့ နိုင်ပါသေးတယ်။ ဒီလို ပူးတွဲပေးပို့တဲ့ နေရာမှာ ဖိုင်အမျိုးအစား အနေနဲ့ Microsoft Word file သို့မဟုတ် PDF ဖိုင် ဖြစ်ရမှာပါ။ ဖိုင်ရဲ့ အရွယ်ပမာဏကတော့ 100 KB ထက်သေးငယ်ရမှာ ဖြစ်ပါတယ်။ အားလုံးဖြည့်စွက် ပြင်ဆင်ပြီးသွားရင်တော့ အောက်ဆုံးမှာပါတဲ့ Send Message ဆိုတာလေးကို နှိပ်ရမှာဖြစ်ပါတယ် ...။
နိုင်ငံသားတစ်ယောက်အနေနဲ့ ၀င်ရောက်လေ့လာသင့်တဲ့ Website တစ်ခုဖြစ်ပါတယ် ...။
အဆင်ပြေနိုင်ကြပါစေ ....
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea