Monday, August 27, 2012

Pin It

Widgets

Chrome Browser ကို Lock လုပ်ရအောင်

Internet Browser တွေမှာ အမြန်ဆုံးလို့ လူသိများ၊ အသုံးများနေတဲ့ Google Chrome Browser ကတော့ တကယ်လည်း အထင်ကြီးလေးစားစရာကောင်းပါတယ်။ မြန်နှုန်းမြင့်ရုံသာမကဘဲ သူ့မှာပါ၀င်ထည့်ပေးထားတဲ့ Feature တွေကလည်း တကယ်အသုံးတည့်တဲ့ အတွက် User တွေအတွက် အကြိုက်တွေ့စရာတွေပါ....။ အဲဒီ Feature တွေထဲကမှ အသုံးဝင်မယ့် Browser Lock ဆိုတာလေးကို ဆွေးနွေးချင်ပါတယ် ....။
Internet သုံးနေရင်း တစ်ခြားကို ထ,သွားတဲ့အချိန်မှာ တစ်ခြားတစ်ယောက်ယောက်က ၀င်ပြီး မသုံးနိုင်အောင် ကာကွယ်ထားလို့ရပါတယ်။
Google Chrome ကို Lock ချမှာဆိုတော့ မိတ်ဆွေဆီမှာ Google Chrome Browser လေးတော့ Install လုပ်ထားရပါမယ် :) တကယ်လို့ မရှိသေးရင် ဒီနေရာမှာ ဒေါင်းလိုက်ပါ။Install လုပ်လိုက်ပါ။
Lock လုပ်တဲ့ အပိုင်းလေး စ,လိုက်ရအောင်.....

အဆင့်(၁)

Chrome Browser ကိုဖွင့်ပြီး ဒီနေရာလေးသို့ ၀င်ရောက်လိုက်ပါ။ အဲဒီထဲမှာပါတဲ့ ADD TO CHROME ဆိုတာလေးကို နှိပ်လိုက်ပါ။
အဆင့်(၂)
Add လုပ်ရန်အတွက် Confirm လုပ်တဲ့ Box လေးတစ်ခု ပွင့်လာပါလိမ့်မယ်။ Install ကိုနှိပ်ပေးလိုက်ပါ။
အဆင့်(၃)
Install လုပ်ပြီးကြောင်း ပြောလာရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ။ နောက်ထပ် Tab အသစ်တစ်ခု ပွင့်လာပြီး Browser Lock နဲ့ ပတ်သက်တဲ့ Setting ပိုင်းတွေကို ချိန်ညှိရန်ပြောလာပါမယ်။ ဒီနေရာမှာ Password ကို ကိုယ်ကြိုက်တဲ့ တစ်ခုခုပေးလိုက်ပါ။( သေချာမှတ်သားထားပါ။ )
Options အောက်မှာပါတဲ့ အထဲက Enable to show unlock popup by clicking background? ဆိုတာလေးကို အမှန်ခြစ်လေး ပေးထားလိုက်ပါ။
တစ်ခြား Setting တွေကိုလည်း မိမိကြိုက်သလို ပေးထားနိုင်ပါသေးတယ်။
ပြီးရင်တော့ အောက်ဆုံးမှာပါတဲ့ Save Options! ဆိုတာလေးကို နှိပ်လိုက်ပါ။ Chrome Browser ကို Restart ချပေးလိုက်ပါ။
အသုံးပြုနည်း
  • Lock ချရန်အတွက် Keyboard မှ Ctrl+Shift+L တို့ကို တွဲပြီး နှိပ်လိုက်ပါ။
  • Unlock လုပ်ရန်အတွက် Browser Scream ပေါ်တွင် Mouse ဖြင့် Click လုပ်လိုက်ပါ။ Password တောင်း တဲ့ Box တစ်ခုပေါ်လာပါမယ်။ ကိုယ်ပေးခဲ့တဲ့ Password ကို ထည့်ပေးလိုက်ပါ။ OK ကိုနှိပ်ပါ။

Lock လုပ်တဲ့ Key (Ctrl+Shift+L) ကို ကိုယ့်စိတ်ကြိုက် ထားချင်ရင် ၊ Password ပြောင်းချင်ရင်၊ Browser Lock ကို ဖြုတ်ချချင်ရင် ....
  • Chrome Browser ရဲ့ ညာဘက်အပေါ်ထောင့်မှာပါတဲ့ ဂွပုံ(Customize and control Google Chrome) ခလုတ်လေးကို နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲမှ Settings သို့ဝင်ရောက်လိုက်ပါ။
  • Settings Tab ပွင့်လာရင် ဘယ်ဘက်ခြမ်းမှာပါတဲ့ Extensions သို့ ၀င်ရောက်လိုက်ပါ။
  • Browser Lock ရဲ့အောက်မှာပါတဲ့ Options ထဲမှာ ကြိုက်သလိုပြုပြင်နိုင်ပြီး ဖြုတ်ချမယ်(Uninstall)ဆိုရင် တော့ ညာဘက်အစွန်ဆုံးက အမှိုက်ပုံးပုံ လေးကို နှိပ်လိုက်ရင် ရပါတယ်။

အဆင်ပြေနိုင်ကြပါစေ .....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top