ကျွန်တော်တို့ အသုံးများတဲ့ Web Browser .... Mozilla Firefox ရဲ့ Plug in လေးတစ်ခုပါ ...။ Facebook Share Button လို့ခေါ်ပါတယ် ...။ ဒီ Plug in လေးကို ကိုယ့်ကွန်ပျူတာရဲ့ Mozilla Firefox မှာ Install လုပ်ထားခြင်းအားဖြင့် ကိုယ်သဘောကျတဲ့ Webpage တွေကို Facebook ပေါ်သို့အလွယ်တကူ Share လုပ်နိုင်မှာ ဖြစ်ပါတယ် ....။
လုပ်နည်း အနေနဲ့ကတော့ ဒီ Post မှာရေးပေးထားတဲ့ Plug in Install နည်းနဲ့ သိပ်မကွာလှပါဘူး ...။
ပိုပြီးတော့ မြင်သာနိုင်အောင် တစ်ဆင့်ချင်း လုပ်ကြည့်ကြရအောင်ဗျာ ....။
အဆင့်(၁)
(အလွယ်ဆုံးသွားချင်ရင် ဒီနေရာသို့ ၀င်ရောက်လိုက်ပါ။) ဒါမှမဟုတ်
ကိုယ့် Firefox Browser ရဲ့ Menu Bar (တကယ်လို့ Menu Bar ကိုမတွေ့ရဘူးဆိုရင် + ပုံ (New Tab) ရဲ့ညာဘက် လွတ်တဲ့ နေရာမှာ Mouse ကို Right Click နှိပ်လိုက်ပြီး ပေါ်လာတဲ့ Menu ထဲက အပေါ်ဆုံး မှာပါတဲ့ Menu Bar ဆိုတာလေးကို အမှန်ခြစ်လေးပေါ်လာအောင် Click နှိပ်လိုက်ပါ။) က Tools သို့ ၀င် ရောက်လိုက်ပါ။ အဲဒီ Menu ထဲက Add-ons ကိုနှိပ်ပြီး ၀င်ရောက်လိုက်ပါ။ Tab အသစ်တစ်ခု ပွင့်လာ ပြီး Add-on များကို ပြပေးပါလိမ့်မယ်။ အဲဒီ Windows ရဲ့ ညာဘက်ဘေးမှာ Up & Coming ဆိုတာလေး ပါပါတယ်။ အဲဒီထဲမှာပါတဲ့ Facebook Share Button ပေါ်မှာနှိပ်ပြီးဝင်ရောက်လိုက်ပါ။ (တကယ်လို့ မတွေ့ ဘူးဆိုရင်
သူ့ဘေးက See all ဆိုတာလေးကို နှိပ်လိုက်ပါ။ နောက်ထပ် Tab အသစ်တစ်ခုပွင့်လာပြီး Add-on များကို ပြပေးပါလိမ့်မယ်။ အဲဒီ ထဲကမှ Facebook Share Button ပေါ်မှာ Mouse Pointer လေး တင်လိုက်တာနဲ့ ညာဘက်ဘေးမှာ Add to Firefox ဆိုပြီး ပေါ်လာပါမယ်။ နှိပ်ပြီး ၀င်ရောက်လိုက်ပါ။)
အဆင့်(၂)
Add-on Manager Tab မှ ခွင့်ပြုချက်တောင်းခံလာပါလိမ့်မယ်။ Allow ကိုနှိပ်ပြီး ၀င်ရောက်လိုက်ပါ။
အဆင့်(၃)
10.8Mb ရှိတဲ့ Add-on ကို ဒေါင်းလုတ် လုပ်ပါလိမ့်မယ်။ ပြီးသွားရင်တော့ Install လုပ်ခိုင်းပါလိမ့်မယ်။ Install Now ကိုနှိပ်ပြီး လုပ်ပေးလိုက်ပါ။
အဆင့်(၄)
ပြီးသွားရင်တော့ Firefox ကို Restart ချခိုင်းပါလိမ့်မယ်။ Restart Now ကိုနှိပ်ပြီး လုပ်ပေးလိုက်ပါ။
အဆင့်(၅)
Browser Restart ကနေ ပြန်တက်လာရင်တော့ Firefox Browser ရဲ့ အပေါ်ညာဘက်ထောင့်လေးမှာ Facebook ပုံလေးနဲ့ Share Button လေး ၀င်ရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ Add-on Install လုပ်တာ ပြီးပါပြီ....။
အသုံးပြုနည်းလေးကတော့
မိတ်ဆွေများအနေဖြင့် Webpage တွေကို လေ့လာရင်း ကြိုက်နှစ်သက်တဲ့ Webpage တွေ့ခဲ့လို့ ကိုယ့်ရဲ့ Facebook မှာ Share လုပ်ချင်တယ်ဆိုရင် အဲဒီစာမျက်နှာ(Share လုပ်ချင် တဲ့ စာမျက်နှာ) ကိုဖွင့်ထားရင်း Browser ပေါ်က Facebook Share Button လေးကို နှိပ်လိုက်ပါ။ Windows အသစ်တစ်ခုပွင့်လာပြီး Facebook သို့ Login ၀င်ရောက်ခိုင်းပါလိမ့်မယ်။(တကယ်လို့ တစ်ခြား Tab တစ်ခုခုမှာ Facebook သို့ Login ၀င်ရောက်ထားပြီးသားဆိုရင်တော့ မမေးတော့ပါ။ တစ်ကြိမ်ဝင်ရောက် ထားပြီးရင် Logout မထွက်ခင်ထိ သုံးနေ (Share နေ) လို့ရပါတယ်။)
ကိုယ့်ရဲ့ Facebook Account နဲ့ Login ၀င်ရောက်လိုက်ပါ။
Login ၀င်ရောက်ပြီးရင်တော့ ကိုယ် Share လုပ်ချင်တဲ့ Webpage လိပ်စာနဲ့ Share လုပ်ဖို့ ပြပေးပါလိမ့်မယ်။
အောက်ဆုံးညာဘက်မှာပါတဲ့ Share Link ကိုနှိပ်ပြီး ဗဟုသုတများ မျှဝေနိုင်ကြပါပြီ.....။
အဆင်ပြေနိုင်ကြပါစေ .....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea