Friday, August 31, 2012

Pin It

Widgets

Blog Day နှင့် သူ၏အမှတ်တရ

ဒီနေ့ သြဂုတ်လ(၃၁) ရက်နေ့ဟာ Blog Day ဆိုတာကို ကျွန်တော်တကယ် မမှတ်မိပါ ...။ တတ်သလောက်လေးတွေနဲ့ Blog လေးတစ်ခုရေးနေမိပေမဲ့ Blog Day ဆိုတာကိုတော့ မှတ်မှတ်ရရ မရှိဘူးဆိုတာကို ၀န်ခံမိပါတယ် ....။ မနိုင်းနိုင်းစနေ ရဲ့ Post လေးကို ဖတ်မိတဲ့ အချိန်မှာမှ သတိရခဲ့မိသလို သူရေးထားတဲ့ ကဗျာလေးကိုလည်း စိတ်ထဲမှာ တကယ်ခံစားကြည့်ခဲ့မိပါတယ် ...။
ဒီလို ဘလော့ဂါတစ်စုရှိတယ်
ဒီလို ဘလော့ဂါတစ်စုရှိတယ်
သူ့စာကို ကိုယ်ဖတ်ချင်မှဖတ်မယ်
ကိုယ့်စာကို သူကြိုက်ချင်မြှကိုက်မယ်
ဒါပေမယ့် နောက်ကွယ်မှာ အတင်းမပြောဘူး၊ အပုပ်မချဘူး။

ဒီလို ဘလော့ဂါတစ်စုရှိတယ်
လူချင်း အမြဲတွေ့ချင်မှ တွေ့ကြမယ်
လူတွေရဲ့အကြည့်မှာ မရင်းနှီးတဲ့သူစိမ်းတြွေဖစ်ချင်ဖြစ်နေမယ်
ဒါပေမယ့် လိုအပ်တဲ့အချိန် ဝန်းရံကြတယ်၊ ကုသိုလ်ပြုကြတယ်။

ဒီလို ဘလော့ဂါတစ်စုရှိတယ်
အသက်အရွယ် မခဲြွခား၊ အသိပညာ မပိုင်းခြားဘဲ
အတွေးတွေဖလှယ် အတွေ့ကြုံတွေဝေမျှ
ကိုယ်တတ်စွမ်းတဲ့အားနဲ့ လောကကြီးကို အလြှခယ်ကြတယ်။

ဒီလို ဘလော့ဂါတစ်စုရှိတယ်
တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးခဲ့ကြလည်း
"ဘလော့ဂါ"ဆိုတဲ့ဂုဏ်ပုဒ်ကို ကျေနပ်နပ်ခံယူပြီး
ရှေ့ဆက် လက်တွေတဲွလို့
အများအကျိုးအတွက် တတ်စွမ်းသလောက်ပေးဝေကြတယ်။

(ဖေ့စဘွတ်ပေါ်က AAB(All about Bloggers)အဖဲွ့မှ ဘလော့ဂါသူငယ်ချင်းများ၊ မြန်မာပြည်က MBSအဖဲွ့မှ ဘလော့ဂါသူငယ်ချင်းများနဲ့ ကမ္ဘာ့အရပ်ရပ်က မြန်မာဘလော့ဂါသူငယ်ချင်းများသို့... သြဂုတ် ၃၁ ဘလော့ဒေး အမှတ်တရ....."ဒီလို ဘလော့ဂါတစ်စုရှိတယ်")
နိုင်းနိုင်းစနေ
တကယ်တော့ Blog တစ်ခုကို ရေးသားနေတဲ့သူတစ်ယောက်ကို Blogger လို့ခေါ်ဆိုနိုင်ပေမဲ့ မြင့်မြတ်တဲ့၊ အများအကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ကိုင်ပေးနိုင်တဲ့၊ မျှဝေပေးနိုင်တဲ့ Blogger ကောင်းတစ်ယောက် ဖြစ်လာနိုင်ဖို့က တကယ်ကို ခက်ခဲမှာပါ ....။
ဘာဘဲဖြစ်ဖြစ် ကိုယ်စွမ်းဆောင်နိုင်သလောက်၊ ကိုယ်ဝါသနာပါတဲ့ အပိုင်းကို Network ပေါ်မှာ ပြန်လည် မျှဝေပေးနေကြတဲ့ Blogger အားလုံးကိုတော့ လေးစားမိတာ အမှန်ပါ ....။
Blog Post လေးတစ်ခု Publish ဖြစ်နိုင်ဖို့ အချက်အလက်တွေ စုဆောင်းကြရတယ်၊ နည်းပညာတွေ လေ့လာကြရတယ်၊ ပုံတွေထည့်မယ်ဆိုရင် Upload အတွက် အချိန်တွေပေးကြရပါတယ်။ ကိုယ့်ရဲ့ အချိန်တစ်ခုကို ကျန်တဲ့ မိတ်ဆွေတွေရဲ့ ဗဟုသုတ၊ စိတ်ခံစားမှု၊ နည်းပညာ၊ အတတ်ပညာ တွေအတွက် ပေးဆပ်လိုက်ကြရတာပါ ....။ ကိုယ်ပိုင် Internet Connection မရှိတဲ့သူတွေအတွက် ဆိုင်မှာသုံးကြရမယ်ဆိုရင် ငွေကုန်ကြေးကျ ခံကြရအုံးမှာပါ ....။ ဖတ်တဲ့သူတစ်ယောက် အတွက် ခဏလေးအတွင်းမှာ နည်းပညာ၊ ဗဟုသုတ တစ်ခုကို ရရှိနိုင်ပေမဲ့ ရေးတဲ့သူအတွက်တော့ ပြင်ဆင်ချိန်၊ ပြန်လည်စစ်ဆေးချိန်၊ ရေးသားချိန် တွေဟာ အတိုင်းအတာတစ်ခုထိ ကြာမြင့်လှပါတယ်.....။
ဒီနှစ်ရဲ့ ဒီနေ့မှာတော့ မနိုင်းနိုင်းစနေ ရေးသားထားတဲ့ "ဒီလိုဘလေ့ဂါတစ်စုရှိတယ်" ဆိုတဲ့ကဗျာလေးနဲ့ဘဲ Blog Day ကို ဂုဏ်ပြုပါရစေ ခင်ဗျာ .....
ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ .......

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top