ဒေသခြားပြီးဆက်ဆံလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ ရုံးချုပ်နဲ့ လုပ်ငန်းခွဲလေးတွေ၊ ဌာနတွင်း ဆက်သွယ်လုပ်ကိုင်ရတဲ့ နေရာတွေအတွက် Printer တွေအများကြီး ၀ယ်စရာမလိုတော့သလို ယခင်ရှိနေတဲ့ FAX တွေကိုတောင် ဘီရိုထဲ့ထည့်ပြီး သိမ်းထားလိုက်ရမလို ဖြစ်နေပါပြီ ......
Google Cloud Print (GCP) တဲ့ ......
ဒီ GCP ကို Google Chrome ရဲ့ Print solution အနေနဲ့ ၂၀၁၀ ခုနှစ်၊ ဧပြီလမှာ စတင်မိတ်ဆက်ပေးခဲ့တာပါ။ ဆက်လက်ပြီး သေချာတဲ့ Version တစ်ခုအနေနဲ့ ပေါ်ထွက်လာဖို့ ကြိုးစားခဲ့ကြတာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ Beta Version အနေနဲ့ စတင်ထွက် ပေါ်လာခဲ့ပါတော့တယ်။ ဒီ Application အနေနဲ့ ကိုယ့်ရဲ့ Printer ကို Share လုပ်ပြီး Internet Connection ရှိတဲ့ ဘယ်နေရာကမဆို Print ထုတ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Printer ကို Google ရဲ့ GCP Service မှာ မှတ်ပုံတင်ထားလိုက်ရင် အသုံးပြုလို့ရပါပြီ။
အသုံးပြုတဲ့ Printer အမျိုးအစားပေါ်မူတည်ပြီး Cloud Ready Printers နှင့် Non-Cloud Ready Printers (Classic Printers) ဆိုပြီး (၂) မျိုးရှိပါတယ်။ Cloud Ready Printers တွေအနေနဲ့ကတော့ Network Port မှာ Connect လုပ်ပြီး ကိုယ့် Account နဲ့ Share လုပ်ရုံ / Print ထုတ်ရုံပါဘဲ။ သူ့အတွက် Computer သီးခြားမလိုအပ်ပါဘူး။ Cloud Ready Printers တွေကို ဒီနေရာလေးမှာ ဖေါ်ပြပေးထားပါတယ်။ Non-Cloud Ready Printer ဆိုတာကတော့ ကျွန်တော်တို့တွေ အသုံးများကြတဲ့ Local Printer တွေပါ။ ဒီPost မှာ Google Cloud Print စတင်ဆောင်ရွက်ပုံမှ Share ပေးပြီး Print ထုတ်ပုံအထိကို Classic Printer အနေနဲ့ဘဲ ကျွန်တော်သိသလောက် ဆွေးနွေးပေးပါမယ် .....။ ကဲ စပြီးလုပ်ကြည့်ကြမယ်ဗျာ ....
Google Cloud Print ကိုအသုံးပြုဖို့ Google Chrome Browser တော့ လိုအပ်ပါတယ်။ (မရှိသေးရင် ဒီနေရာမှာ ရယူနိုင်ပါတယ်။) ရှိပြီးသားဆိုရင်တော့
အဆင့်(၁)
Chrome Browser ကို ဖွင့်လိုက်ပါ။ ပြီးရင် ညာဘက်အပေါ်ထောင့်က ဂွပုံလေး ( Customize and control Google Chrome) ခလုပ်လေး ကို နှိပ်လိုက်ပါ။ Menu တစ်ခုကျလာပါမယ်။ အဲဒီ Menu ထဲက Settings ကိုနှိပ်လိုက်ပါ။
အဆင့်(၂)
Google Chrome Settings ရဲ့ အောက်ဆုံးနားမှပါတဲ့ Show Advance settings... ဆိုတာလေးကို ထပ်မံနှိပ်လိုက်ပါ။
ဒီAdvanced Settings ရဲ့ အောက်ဆုံးနားမှာ Google Cloud Print ဆိုတာလေးပါပါတယ်။ သူ့ရဲ့ အောက်မှာပါတဲ့ Add Printers ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။
အဆင့်(၃)
Google Cloud Print မှာ မှတ်ပုံတင်ဖို့အတွက် Google Account နှင့် Log-in ၀င်ခိုင်းပါလိမ့်မယ်။ ကိုယ့်ရဲ့ Gmail Account တစ်ခုကိုသုံးပြီး ၀င်ရောက်လိုက်ပါ။
အဆင့်(၄)
ဒီအဆင့်မှာတော့ သေချာအောင် ထပ်မံမေးခြင်းဖြစ်ပြီး မိမိအသုံးပြုမဲ့ Local Printer ကို ကွန်ပျူတာနဲ့ချိတ်ဆက်၊ Power On ထားဖို့လိုအပ်ပါတယ်။ တပ်ဆင်ပြီးပြီ ဆိုရင်တော့ အောက်နားလေးမှာပါတဲ့ Add printer(s) ဆိုတာလေးကို နှိပ်လိုက်ပါ။
အဆင့်(၅)
ဒီအဆင့်မှာတော့ Printer Register ပိုင်းပြီးဆုံးပြီး Printer Manage ပိုင်းနဲ့ Share လုပ်မဲ့ အပိုင်းတွေကို ပြောပါလိမ့်မယ်။ Manage your printers ဆိုတာလေးကို နှိပ်လိုက်ပါ။
အဆင့်(၆)
ဒီအဆင့်မှာတော့ ကိုယ့်ရဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်တပ်ဆင်ထားတဲ့ Printer အမျိုးအစားတွေကို ဖေါ်ပြပေးနေပါလိမ့်မယ်။ ဒီ Printer အမျိုးအစားတွေထဲကမှ ကိုယ် Share ပေးချင်တဲ့ Printer ကို Click နှိပ်ပြီးရွေးပေးပါ။ ပြီးရင် အပေါ်မှာပါတဲ့ Share ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။
အဆင့်(၇)
ဒီအဆင့်မှာတော့ ကိုယ် Share ပေးချင်တဲ့ သူတွေ၊ အုပ်စုတွေရဲ့ Email ကို အောက်က အကွက်ထဲမှာ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော် နမူနာအနေနဲ့ အောက်မှာပြပေးထားပါတယ်။ ရိုက်ထည့်ပေး ပြီးသွားရင်တော့ အောက်ဆုံးမှာပါတဲ့ Share ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။ အခု Share လုပ်လိုက်တဲ့ Printer ရဲ့ Owner ကဘယ်သူ၊ Print ထုတ်နိုင်တာက ဘယ်သူ ဆိုပြီး အပေါ်မှာ ပြပေးနေပါလိမ့်မယ်။ ပြီးရင်တော့ Close ကိုနှိပ်ပြီး ပိတ်လိုက်ပါ။
ဒီနေရာမှာ Sharing လုပ်တဲ့သူဘက်က လုပ်ဆောင်ရတဲ့ အဆင့်တွေ ပြီးဆုံးပါပြီ .....။
ဆက်လက်ပြီး Share အပေးခံရတဲ့သူဘက်က လုပ်ဆောင်ရမဲ့ အချက်တွေကို ဆွေးနွေးပေးပါမယ်။
အဆင့်(၁)
Share လုပ်ပေးလိုက်တဲ့သူဆီက Email တစ်စောင်ရောက်လာပါမယ်။
အဲဒီ email ကိုဖွင့်ဖတ်လိုက်ပါက Printer ကို Add လုပ်ပေးဖို့ပြောပါလိမ့်မယ်။ အောက်မှာပါတဲ့ Add Printer ကိုနှိပ်ပေးလိုက်ပါ။
Share Printer ကို အမှန်တကယ်သဘောတူကြောင်း ထပ်မံမေးပါလိမ့်မယ်။ Accept ကိုနှိပ်ပေးလိုက်ပါ။
အဆင့်(၂)
သဘောတူကြောင်းပြောပြီးပါက Google Cloud Print အနေဖြင့် Share Printer များကို ပြပေးပါလိမ့်မယ်။ အဲဒီထဲက ကိုယ် Print ထုတ်ချင်တဲ့ Printer အမျိုးအစားကို Click နှိပ်ရွေးချယ်ပေးပြီး ဘယ်ဘက်ထောင့်မှာပါတဲ့ Print ခလုပ်လေးကို နှိပ်လိုက်ပါ။ Menu လေးတစ်ခု ကျလာပါမယ်။ အဲဒီထဲက Upload file to print ကိုရွေးပေးလိုက်ပါ။
အဆင့်(၃)
ဒီအဆင့်မှာတော့ Print ထုတ်ချင်တဲ့ File ကိုရွေးပေးရပါမယ်။ အလယ်မှာပါတဲ့ Select a file from my computer ကိုနှိပ်ပေးလိုက်ပါ။ ကွန်ပျူတာထဲမှ မိမိ Print ထုတ်ချင်တဲ့ ဖိုင်ကို ရွေးပြီး Open လုပ်ပါ။
အဆင့်(၄)
ကိုယ် Print ထုတ်ချင်တဲ့ Printer အမျိုးအစားကို ရွေးပေးပြီး အောက်မှာပါတဲ့ Print ကိုနှိပ်ပေးလိုက်ပါ။
ကိုယ်Print ထုတ်တဲ့ file size ပေါ်မူတည်ပြီး အချိန်အနည်းငယ်တော့ စောင့်ရပါမယ်။ ဒီလို Print ထုတ်တဲ့ အချိန်မှာ တစ်ဘက်မှ Share ပေးထားတဲ့သူအနေနဲ့လည်း Printer ကို ကွန်ပျူတာနှင့် ချိတ်ဆက်ပြီး Power On ထားရန် လိုအပ်ပါတယ်။ Print ထုတ်ခြင်း ပြီးဆုံးမှု ရှိ/မရှိ ကိုတော့ ဘယ်ဘက်ခြမ်း မှာပါတဲ့ Print Jobs ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Print ထုတ်ပြီးပါက ကိုယ်ထုတ်လိုက်တဲ့ file name ရဲ့ ညာဘက်တွင် Print ဟုဖေါ်ပြနေမှာ ဖြစ်ပါတယ်။
(Google Cloud Print Service အနေဖြင့် ကိုယ်Print ထုတ်ဖို့ Upload တင်လိုက်တဲ့ file ကို PDF ဖိုင်အဖြစ်ပြောင်းလဲမှာဖြစ်ပါတယ်။ ဒီနေရာမှာ Myanmar font ပြဿနာတော့ရှိနေပါတယ်။ ဖိုင်တွေကို ဒီအတိုင်း Upload နဲ့ Print ထုတ်ပါက မြန်မာဖေါင့်တွေ မပါဘဲ ထွက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Office နဲ့ရိုက်ထားတဲ့ မြန်မာစာသားတွေကို မိမိကိုယ်တိုင် PDF file ပြောင်းပြီး Print ထုတ်ပါမှ အဆင်ပြေနိုင်ပါမယ်။)
ဘာဘဲဖြစ်ဖြစ် သုံးကြည့်လိုက်ပါ ....။ အဆင်ပြေပြီး ငွေကုန်ကြေးကျ သက်သာတဲ့ အတွက် စီးပွားရေးလုပ်ငန်းအတွက် သင့်တော်တဲ့ နည်းပညာတစ်ခုဆိုရင် မမှားပါဘူး ခင်ဗျာ .....။
အဆင်ပြေနိုင်ကြပါစေ ....
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea