Saturday, June 23, 2012

Pin It

Widgets

CPE TL-WA5210G အသုံးပြုခြင်း - (၇)

Configuration စတင်ခြင်း
ဘာError မှမတက်ဘဲ Reply ဖြစ်နေပြီဆိုရင်တော့ CPE Configuration ကို စတင်လို့ ရပါပြီ။ ဒီလို စတင်လုပ်ဖို့အတွက် Computer ရဲ့ Browser (Internet Explorer, Mozilla Firefox, Chrome) တစ်ခုခုကို ဖွင့်လိုက်ပါ။ အဲဒီ Browser ရဲ့ Address Bar နေရာမှာ CPE ရဲ့သတ်မှတ် IP နံပါတ်ဖြစ်တဲ့ 192.168.1.254  ကိုရိုက်ပြီး ကီးဘုတ်က Enter ကိုနှိပ်လိုက်ပါ။(ကျွန်တော် နမူနာ အနေနဲ့ Mozilla Firefox ကိုသုံးထားပါတယ်။)


Enter နှိပ်လိုက်တာနဲ့ CPE ထဲသို့ ၀င်ရောက်နိုင်မဲ့ User Name , Password တောင်းတဲ့ box တစ်ခု ပွင့်လာပါမယ်။ အဲဒီထဲမှာ CPE ရဲ့ မူလသတ်မှတ်ထားတဲ့-
        User Name     -    admin
        Password        -    admin
ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပြီးရင် အောက်မှာပါတဲ့ OK ကိုနှိပ်ပြီးဝင်ရောက်လိုက်ပါ။


ဒီအနေအထားမှာတော့ ကျွန်တော်တို့အနေနဲ့ CPE ရဲ့ Configuration Main Window ထဲသို့ ရောက်ရှိနေပါပြီ။


ဒီ CPE ရဲ့ Configuration Main Window ရဲ့ ဘယ်ဘက်ခြမ်း Control Pannel ထဲက Quick Setup ကို Click နှိပ်လိုက်ပါ။ ပြီးရင်ဆက်လက်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အလယ်မှာပါတဲ့ Next ကိုနှိပ်လိုက်ပါ။


ဒီ အချိန်မှာတော့ CPE ရဲ့ Operation Mode အမျိုးအစား(၃) မျိုးထဲက ဘယ်အမျိုးအစားနဲ့ Setup လုပ်မလဲ မေးပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ Internet Connection ကို ထုတ်လွှင့်ပေးမှာ ဖြစ်တဲ့အတွက် AP (Access Point) Mode ကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အောက်ဆုံးက AP ဆိုတာလေးရဲ့ရှေ့က အဖြူဝိုင်းလေးပေါ်မှာ Click နှိပ်ပြီး ရွေးချယ်ပေးလိုက်ပါ။(သူ့ရဲ့ မူလ အနေအထားကလည်း AP ကိုဘဲရွေးပေးထားပြီးသားပါ။) ပြီးရင် အောက်မှာပါတဲ့ Next ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။


ဒီ အချိန်မှာတော့ ကိုယ် Configuration ၀င်မဲ့ CPE ရဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ထည့်သွင်းပေးနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။ သာမန်အနေနဲ့တော့ SSID နေရာမှာ ကိုယ်ပေးချင်တဲ့ ကိုယ့် Network ရဲ့ အမည် ကိုရိုက်ထည့်ပေးပြီး အောက်မှာပါတဲ့ Next နဲ့ ဆက်သွားလို့ရပါတယ်။(SSID ဆိုတာက ကိုယ်လွှင့်ပေးလိုက်တဲ့ Wireless Connection ကို ဖမ်းတဲ့သူတွေက မြင်ရမဲ့ အမည် ဖြစ်ပါ တယ်။)

SSID (Service Set Identifier) ဆိုတာက သူများတြွေမင်တွေ့ရမဲ့ ကိုယ်လွှင့်ပေးလိုက်တဲ့ Wireless Network ရဲ့ အမည်ဖြစ်ပါတယ်။ အများဆုံး စာလုံးရေ (၃၂)လုံးထိ ကိုယ်ကြိုက်တဲ့နာမည် ရေးထည့်ပေး လို့ရပါတယ်။

Region
Region ဆိုတာကတော့ ကိုယ့်ရဲ့ဒေသကိုဆိုလိုတာပါ။ မူလသတ်မှတ် ချက်ကတော့ United States ဖြစ်ပါတယ်။ သူ့ရဲ့ညာဘက်က Drop Down လေးကိုနှိပ်ပြီးပြောင်းပေးနိုင်ပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ မပါ၀င်ပါဘူး။ သူ့ရဲ့ မူလအတိုင်းဘဲ ထားပေးလိုက်ပါ။
Channel
Channel ဆိုတာကတော့ ကိုယ့် Network အလုပ်လုပ်နေတဲ့ လိုင်းတွေ ဖြစ်ပါတယ်။ Drop Down ထဲကရွေးပေးလို့ရသလို သူ့ရဲ့ မူလအနေ အထား Automatic ကိုထားပေးလို့ ရပါတယ်။
Mode
Mode ဆိုတာကတော့ ကိုယ်ထုတ်လွှင့်ပေးမဲ့ လှိုင်းနှုန်းလို့ဘဲ လွယ်လွယ် ပြောကြတာပေါ့ဗျာ။ လှိုင်းနှုန်းများရင် ကောင်းပေမဲ့ သိပ်ဝေးဝေးမရောက် ဘူး။ လှိုင်းနှုန်းနည်းရင် Connection နည်းပေမဲ့ ဝေးဝေးရောက်မယ်။

ကဲအခု ကျွန်တော်တို့အနေနဲ့ SSID ကို Test Network အနေနဲ့ပေးပြီး Next နဲ့ဆက်သွား ပါမယ်။


ဒီအချိန်မှာတော့ Configuration အောင်မြင်စွာ ပြီးဆုံးကြောင်းပြောတဲ့ စာကြောင်းလေးပေါ်လာ ပါမယ်။ အောက်မှာပါတဲ့ Finish ကို နှိပ်လိုက်ပါ။


ဒီအချိန်မှာတော့ Configuration လုပ်ခဲ့တဲ့ အချက်အလက်တွေကို CPE ထဲသို့ပေးပို့ပြီး CPE ကို Restart ချပေးပါလိမ့်မယ်။ သူ့အလိုလျှောက်လုပ်မှာဖြစ်တဲ့အတွက် ခေတ္တစောင့်ပေးရပါမယ်။ ပြီးသွား ရင်တော့ CPE ရဲ့ Home Page သို့ရောက်ရှိသွားပါမယ်။ တကယ်လို့ ကြာနေမယ်ဆိုရင် Browser ကို Refresh လုပ်ပေးလိုက်လို့ ရပါတယ်။ CPE ပြန်တက်လာရင်တော့ CPE ရဲ့နောက်မှာပါတဲ့ LED မီးလုံး လေးတွေ အကုန်လုံး မီးလင်းနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Internet Connection မထွက်သေးပါဘူး။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top