Firefox ရဲ့
Add-On လေးတစ်ခုအကြောင်း ကိုပြောချင်ပါတယ်။ သိပြီးသား မိတ်ဆွေတွေအတွက် မရည်ရွယ်ပါဘူး။
ကျွန်တော်ပြောမဲ့ Fire Fox Add-On လေးကတော့
Colorfultabs လို့ခေါ်တဲ့
Fire Fox Browser ရဲ့ Tabs လေးတွေကို အရောင်လေးတွေ သတ်မှတ်ပေးတဲ့ Add On လေးတစ်ခုပါ။ဒီ Add-On လေးကို ကိုယ့်စက်မှာ Install လုပ်ဖို့ .... (တကယ်တော့ ဘယ် Add-On ကိုဘဲ Install လုပ်လုပ် များသောအားဖြင့် ဒီနည်းအတိုင်းပါဘဲ...။ ကိုယ်သုံးချင်တဲ့ Add-On လေးရဲ့ အမည်ကိုသိရင် Browser မှာရှာလို့ရပါတယ်။)
ဒီနေရာလေး သို့ သွားလိုက်ပါ။ တစ်ခုထည့်ပြောချင်ပါတယ်။ Add-On တိုင်းက ကိုယ်တင်ထားတဲ့ Fire Fox Version နဲ့ ကိုက်ညီမှု မရှိပါဘူး။ ဆိုလိုချင်တာက တစ်ချို့ Add-On တွေက Fire Fox Version မြင့်မှ သုံးလို့ရတာတွေ ရှိပါတယ်။ အခု ကျွန်တော်ပြောတဲ့ Add-On လေးကို ကျွန်တော် Version 12 နဲ့ 13 တွေမှာ စမ်းကြည့်တာအဆင်ပြေပါတယ်။ နောက်ပြီး Add-On တစ်ခုကို Install လုပ်ပြီး တိုင်း
Fire Fox Browser ကို Restart ချတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အနေနဲ့ တစ်ချို့ Webpage တွေမှာ LogIn ၀င်ထားတာ တွေ ရှိတယ်ဆိုရင် ထွက်ထားစေချင်ပါတယ်။
ကျွန်တော်ပြောခဲ့တဲ့ Link ထဲသို့ရောက်ရင်
Add to Firefox ဆိုတာလေးတွေ့ပါလိမ့်မယ်။
Click လိုက်ပါ။
Browser က ခွင့်ပြုချက်တောင်းပါလိမ့်မယ်။
Allow ကို နှိပ်ပေးလိုက်ပါ။
Browser အနေနဲ့ အဲဒီ Add-On လေးကို
Download ချပါလိမ့်မယ်။ ပြီးသွားရင်တော့ အောက်ကပုံလေးလို
Install လုပ်ခိုင်းပါလိမ့်မယ်။
Install Now ကို
Click လိုက်ပါ။
ဒီလို
Install လုပ်တဲ့နေရာမှာ ကျွန်တော်ခုနကပြောခဲ့သလို ကိုယ့်FireFox Version နဲ့ ကိုက်ညီမှုမရှိတဲ့ Add On မျိုးဆိုရင် မကိုက်ညီကြောင်း ပြောပါလိမ့်မယ်။ တကယ်လို့ ကိုက်ညီမှုရှိတယ်ဆိုရင်တော့ အောက်မှာပြထားသလို FireFox ကို
Restart ချခိုင်းပါလိမ့်မယ်။
Restart Now ကို
Click လိုက်ပါ။
Fire Fox ပြန်တက်လာတဲ့အခါ
ကိုယ့်ရဲ့ Tab လေးတွေက အရောင်လေးတွေနဲ့ လှလှပပလေး ဖြစ်နေပါပြီ။
သူ့ Default ပေးထားတဲ့
အရောင်တွေကို မကြိုက်ရင် ပြောင်းလို့ရပါသေးတယ်။ ဒီလိုပြောင်းဖို့အတွက် ကိုယ်ပြောင်းချင်တဲ့
Tab ပေါ်မှာ
Right Click နှိပ်လိုက်ပါ။ ပေါ်လာတဲ့
Menu ထဲက
ColorfulTabs >
Change Tab Color သို့သွားလိုက်ပါ။
Choose Tab Color Box လေးပွင့်လာပါမယ်။ အဲဒီထဲမှာ အပေါ်က
Select a Color ကိုနှိပ်လိုက်ရင်
Color Box လေးကျလာပါမယ်။ ကိုယ်ကြိုက်တဲ့
Color ကိုနှိပ်ပြီးရွေးပေးလိုက်ပါ။
ပြီးရင်တော့ အောက်မှာပါတဲ့
OK ကိုနှိပ်ပေးလိုက်ပါ။
ဒီအချိန်မှာတော့
ကျွန်တော်တို့ ပြောင်းချင်တဲ့ Tab Color လေးနဲ့ Fire Fox Browser ပေါ်မှာမြင်တွေ့ရပါပြီ။
ဒီ Add-On ကို မသုံးချင်တော့ရင် ... FireFox ရဲ့
Menu မှ
Tools >
Add-ons သို့ဝင်လိုက်ပါ။
Add On Manager Tab တစ်ခုပွင့်လာပါမယ်။ အဲဒီ
Tab ရဲ့ ဘယ်ဘက်ခြမ်းက
Extensions ထဲသို့ဝင် လိုက်ပါ။ ညာဘက်မှာ ကိုယ် Install လုပ်ထားတဲ့ Add-On တွေကို တွေ့ရပါမယ်။ အဲဒီထဲက
ColorfulTab ဆိုတာလေးရဲ့ ညာဘက်အစွန်မှာ
Disable,
Remove ဆိုတာတွေပါပါတယ်။ ကိုယ်လုပ်ချင်တာက
ခဏဖြုတ်ထားချင်ရင် Disable ကိုသုံးပါ။ လုံးဝ ဖြုတ်လိုက်ချင်တယ်ဆိုရင် Remove ကိုသုံးပါ။ FireFox ကို
Restart ချပေးလိုက်ပါ။
(ကိုယ်မသုံးချင်တဲ့ Add-On တစ်ခုကိုဖြုတ်တာ ဒီနည်းအတိုင်းပါဘဲ)မြေခွေး ကို အလှဆင်ရင်း ပျော်ရွှင်နိုင်ကြပါစေ ....မြန်မာမိသားစု ဖိုရမ် တွင် ဖေါ်ပြခဲ့ဖူးပါသည်။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea