Friday, June 22, 2012

Pin It

Widgets

CPE TL-WA5210G အသုံးပြုခြင်း - (၆)

Computer တွင် ping စမ်းခြင်း
မီးလုံးလေးတွေအနေနဲ့ ကျွန်တော်ပြောခဲ့တဲ့ နည်းလမ်း(၂) ခုထဲက တစ်မျိုးမျိုးလင်းနေခဲ့ ရင်တော့ ကျွန်တော်တို့ရဲ့ တပ်ဆင်မှု မှန်ကန်ပါပြီ။ ဒီလို တပ်ဆင်ပြီးသွားရင် ကွန်ပျူတာ အနေနဲ့ အခုတပ်ဆင်လိုက်တဲ့ Device (CPE) ကို ချိတ်ဆက်မိမှု ရှိ/မရှိ စစ်ဆေးပါမယ်။ ဒီလို စစ်ဆေးနိုင်ဖို့ အတွက် RUN box ကိုခေါ်ရပါမယ်။( ကျွန်တော် အထက်မှ RUN box ခေါ်နည်း ပြောခဲ့ပါတယ်။) RUN box ပွင့်လာရင် cmd လို့ရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။


ဒီအချိန်မှာတော့ Command box ပွင့်လာပါပြီ ။ ဒီ Command box ထဲမှာ Network ချိတ်ဆက်မှုစစ်ဆေးတဲ့ ping ဆိုတဲ့ command ကိုသုံးပါမယ်။ Command Box ထဲက စာကြောင်း အဆုံးမှာ (မှိတ်တုတ်)၂ လင်းနေတဲ့ ကာဆာလေးရှိပါမယ်။ အဲဒီနေရာမှာဘဲ ……..
ping 192.168.1.254
ဆိုပြီးရိုက်လိုက်ပါ။


(ဒီနေရာမှာ ping နဲ့ CPE ရဲ့ IP (192.168.1.254) တို့ကြားမှာ Space တစ်ချက် ခံရပါမယ်။) ရိုက်ပြီးရင်တော့ ကီးဘုတ်က Enter နှိပ်လိုက်ပါ။ အောက်မှာ ဖေါ်ပြထားသလို CPE ရဲ့ IP (192.168.1.254) က Reply ပြန်လာကြောင်း ပြန်ပြောပါလိမ့်မယ် …။ ဒီလိုဆိုရင်တော့ ကွန်ပျူ တာ နှင့် CPE တို့ကြားမှာ နားလည်မှု ရှိနေပြီလို့ သတ်မှတ်ပါတယ်။


 ဒီအချိန်မှာ တစ်ခါတစ်ခါ ကိုယ်လုပ်တာ နည်းနည်းလိုသွားလို့ Error တစ်ချို့ ဖြစ်တတ်ပါ တယ်။ ဖြစ်နိုင်ခြေ (၂) ခုရှိပါတယ်

တစ်ခုက ကျွန်တော်တို့ရဲ့ ကွန်ပျူတာကို IP နံပါတ်ပေးတဲ့ နေရာမှာ မှားယွင်းခဲ့မှုကြောင့် ဖြစ်တဲ့ Error Message ဖြစ်ပါတယ်။ အဲဒီ Error Message နမူနာကို အောက်မှာ ကျွန်တော်ပြပေး ထားပါတယ်။

 
 နောက်တစ်ခုကတော့ ဆက်စပ်ပစ္စည်းတြွေဖစ်တဲ့ TP-Link Adaptor ဘူးလေးရဲ့ POE Pot နဲ့ CPE ချိတ်ဆက်မှု၊ ကွန်ပျူတာ နဲ့ Adaptor ဘူးလေးရဲ့ LAN Pot တို့ချိတ်ဆက်မှု မှားယွင်းတာကြောင့် ဖြစ်တဲ့ Error Message ဖြစ်ပါတယ်။ ဒီလို မှားယွင်းတပ်ဆင်ခဲ့ရင် CPE ရဲ့နောက်က Signal မီးတွေ မလင်းပါဘူး။ အဲဒီ Error Message နမူနာကို အောက်မှာ ကျွန်တော်ပြပေး ထားပါ တယ်။


No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top