Tuesday, November 6, 2012
ကျွန်တော် ၏ အတွေးလေးတွေ
ပြင်ဆင်ခွင့်....
တစ်ခါတစ်ခါ နှလုံးသားဆိုတဲ့ ဟာကြီးကို ထုတ်ပစ်လိုက်ချင်တယ်....
ချစ်တော့လည်းသူ...... မုန်းတော့လည်း သူ....
အရာရာကို မင်းမူ နေတာလည်း သူ ဘဲလေ...
နူးညံ့လိုက်.... မာကြောလိုက်နဲ့
စိတ်ကိုစေခိုင်းနေတာလည်း သူ ဘဲ...
ဖြူလိုက်...မည်းလိုက်နဲ့ ကြိုက်သလို အရောင်ဆိုး
နှလုံးသားရေ.....
မင်းမနိုးခင် ငါ့ကိုပြင်ဆင်ခွင့်လေးတော့ ပေးပါကွာ....။
မျှော်လင့်ချက်.....
ရယ်ပြီးရင် ငိုရတတ်တယ်တဲ့....
ကဲ....ငိုပြီးရင်ကော ပြန်ရယ်ရအုံးမှာလား....
သံသရာ ဆိုတာဒါဘဲလို့ပြောရင်
မုန်းချင်လို့ မုန်းသွားတဲ့မင်း
တစ်နေ့တော့ ငါ့ကိုပြန်ချစ်လာကောင်းပါရဲ့.....။
မေ့ကျန်ခဲ့တဲ့ စာမျက်နှာလေးတစ်ခု....
"ဘဝ" ဆိုတာကို "စာအုပ်တစ်အုပ်" နဲ့နှိုင်းခဲ့ရင်
လောကဓံ လှိုင်းတွေကိုကျော်ဖြတ်
ရုန်းကန်ခဲ့ရတဲ့ ငါ့ဘဝအတွက်
"အချစ်" ဆိုတဲ့ စာမျက်နှာများ မေ့ကျန်ခဲ့လေသလား.....။
ဖယောင်းတိုင်
မင်းဘဝတွက်
သာယာတဲ့ အနာဂါတ်လေးတွေ...
တောက်ပတဲ့ မျှော်လင့်ချက်လေးတွေနဲ့
ပျော်ရွှင်နေတဲ့ မင်းရဲ့ အပြုံးမျက်နှာလေးတွေကို
လူတွေတွေ့မြင်ရအောင်
အပူလောင်ခံပြီး ငါ အလင်းပေးနေမှာပါ.....။
Unit
အရာရာကိုတိုင်းတာဖို့
Unit တွေသတ်မှတ်ခဲ့ကြပေမဲ့
အချစ် ကိုတိုင်းတာဖို့
ဘာလို့ Unit မရှိရတာလဲ......။
ပန်းချီဆရာ
အဖြူရောင်ပေါ်မှာ အရောင်တွေချယ်သလို့
စွန်းထင်းခဲ့စေပေမဲ့
အဲဒီ ချယ်သလိုက်တဲ့ အရောင်တွေနဲ့
လှပတဲ့ ပန်းချီကားလေးတစ်ချပ် ဖြစ်လာခဲ့မယ် ဆိုရင်....
အစွန်းထင်းခံလိုက်ရတဲ့ အဖြူရောင်လေး
ကျေနပ်နိုင်မှာပါ......။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea