Wednesday, November 28, 2012

Pin It

Widgets

၂ဝ၁၂ ဒီဇင်ဘာလတွင် ကမ္ဘာကြီး ပျက်သုဉ်းမည် ဆိုသော မာယာပြက္ခဒိန်၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိ

ကမ္ဘာကြီးအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် တွင် ပျက်သုဉ်းမည်ဟု မာယာပြက္ခဒိန် တွင် ရေး သား ဖော်ပြထားခြင်း မရှိသည့် အချက်ကို ကျွမ်းကျင်သူများက ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။
ကမ္ဘာပျက်မည့်နေ့ကို ကြိုတင် ဟောကိန်းထုတ်မှုမှာ စာရေးဆရာများနှင့် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ် သူများ၏ စိတ်ကူးစိတ်သန်း သာဖြစ်ပြီး မက္ကဆီကို အရှေ့တောင်ပိုင်းရှိ မာယာတို (T)ပုံစံ ကျောက်တုံးတွင် ထွင်းထု ထားသည့် မာယာပြက္ခဒိန်တွင် ကမ္ဘာပျက်မည့် အကြောင်းအရာ လုံးဝမပါရှိကြောင်း သိရသည်။
အကြောင်း ရင်းအမှန်မှာ ၄င်း ကျောက်တုံးပေါ်တွင် မာယာ အုပ်ချုပ်သူတို့ တိုက်ခိုက်ခဲ့သည့် စစ်ပွဲများနှင့် ၄င်းတို့၏ ဘဝအကြောင်းကို ရေးမှတ်
ထားခြင်းသာ ဖြစ်သည်။ ထို့အပြင် မာယာပြက္ခဒိန်၏ နောက်ဆုံးနေ့ ရက် အမှန်မှာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် ဖြစ်ပြီး ၄င်းနေ့ ရက်မှာ မာယာပြက္ခဒိန်ရာသီ စက်ဝန်း တစ်ပတ် ကုန်ဆုံးသည့် နေ့ဖြစ်ကြောင်း သိရသည်။


လူကြိုက်များ ထင်ရှားသည့် ''၂ဝ၁၂'' ကမ္ဘာပျက်သည့် ရုပ်ရှင် ဇာတ်ကား ကဲ့သို့ ရေကြီးမှု၊ ငလျင်လှုပ်မှုများနှင့် မီးတောင် ပေါက်ကွဲမှုတို့ကြောင့် ကမ္ဘာကြီး ပျက်စီး ရမည့်အခြေအနေမျိုး မာယာ လူမျိုးတို့ ကြိုတင်ဟောကိန်း ထုတ်ထားခြင်း မရှိပေ။

မာယာတို့တွင် အချိန် ထပ်ခါ ထပ်ခါဖြစ်နေသော အတွေးအခေါ် မှန်းဆချက် တစ်ရပ်ရှိနေပြီး ကမ္ဘာကြီး ပျက်စီးသွားမည်ဟု ယူဆထားမှု မရှိကြောင်း မက္ကဆီကို ရှေးဟောင်း သုတေသန ပညာရှင် ဂျို့စ်ရိုမီယို ကပြောကြားသည်။ EI Tortuguero ရှိ Monument 6 ဟုခေါ်သော မာယာ ရှေးဟောင်းကျောက် တုံးသည် အပိုင်းအစ ၆ ခု ကွဲနေပြီး ၄င်းကျောက်တုံးကို ၁၉၁၅ ခုနှစ် တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ ၄င်းကျောက်တုံး အစိတ်အပိုင်းများကို အမေရိကန်နှင့် မက္ကဆီကိုရှိ ပြတိုက်များတွင် ပြသထားသည်။


၄င်းမာယာတို့၏ ကျောက်တုံးကို ၁၉၇၈ ခုနှစ် တွင် ဂျာမန်သုတေသီ တစ်ဦးက ပထမဦးဆုံးလေ့လာပြီး တွေ့ရှိချက်များ ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် ရှေးဟောင်း သုတေသန ပညာရှင်များက ထပ်မံစူးစမ်းလေ့လာရာမှ မာယာ တို့၏ ပြက္ခဒိန်ရာသီ ကုန်ဆုံးရက်သည် ဒီဇင်ဘာ ၂၃ ရက်ဖြစ်ကြောင်း သိရသည်။ ကျောက်တုံးတွင် ထွင်းထုထားသည့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့သည် ကမ္ဘာကြီး ပျက်သုဉ်းမည့် ကြိုတင်ဟောကိန်း တစ်ခုမဟုတ်ဘဲ ဆိုလိုရင်း အဓိပ္ပာယ်မှာ မာယာတို့၏ အုပ်ချုပ်သူ Bahlam Ajaw ၏ သမိုင်းကြောင်း သာဖြစ်သည်ဟု ရိုမီယိုက ပြောကြားသည်။ နောက် ဆုံး နေ့ရက်မှာ ခရစ် မပေါ်မီ ဘီစီ ၃၁၁၄ က စတင်ခဲ့သည့် ကာလရှည်ကြာသော မာယာပြက္ခဒိန် ကုန်ဆုံးရက်ကို ရည်ညွှန်းပြီး စုစုပေါင်း ရက်ပေါင်း ၁၄၄ဝဝဝ နှင့် ညီမျှသော အချိန်ယူနစ်တစ်ခုသာ ဖြစ် သည်။

ထို့အပြင် ကာလရှည်ကြာစွာ အသုံးပြုရသော မာယာ ပြက္ခဒိန်မှာလည်းအဆုံးမရှိသည်ကို တွေ့ရပြီးပြက္ခဒိန် ရာသီ ကုန်ဆုံးပါက နောက်ထပ် ပြက္ခဒိန်ရာသီ အသစ်ပြန်စ နိုင်ကြောင်းဖြင့် မက္ကဆီကို သမိုင်းပညာရှင် ဗဲလ်လက်စ်ကွဇ် က ပြောကြားသည်။

မာယာတို့သည် စိတ်ကူးဖြင့် ကြိုတင်ဟောကိန်း ထုတ်ကြပြီး ၄င်းတို့သည် နေ့အလိုက် မိုးရွာမှု၊ မိုးခေါင်မှု၊ ဆန်စပါး ရိတ်သိမ်းမှု အခြေအနေတို့နှင့် ဆက်စပ်ပြီး အနာဂတ်တွင် ဖြစ်ပျက်လာနိုင်မည့် အကြောင်းအရာ တို့ကို ခန့်မှန်း ဟောကိန်း ထုတ်ကြကြောင်း သိရသည်။

မာယာ ပြက္ခဒိန်တွင် ကမ္ဘာပျက်မည့် နေ့ကို ကြိုတင် ဟောကိန်း ထုတ်ထားသည် ဆိုသည်မှာ ဂျူဒီယိုခရစ်ယာန် ၏ ဘာသာပြန်ဆိုချက် သာဖြစ်သည်ဟု ယုံကြည်ရကြောင်းကျွမ်းကျင်သူများ က ပြောကြား ကြသည်။


မူရင်းလင့်

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top