Tuesday, October 2, 2012

Pin It

Widgets

တစ်မိနစ် (၂) ကျပ် ကောင်းကောင်း အသုံးချမယ် ( Viber )

တကယ်တော့ ကျွန်တော်တို့ နိုင်ငံမှာ ဖုန်းကနေ Internet သုံးလို့ရတာ သိပ်မကြာသေးပါဘူး ....။ အခုအချိန်မှာ သုံးလို့ရနေပြီ ဆိုပေမဲ့ အခက်အခဲတွေ အများကြီး ရှိနေအုံးမှာပါ ....။ Service Provider ပိုင်းမှာ ပြုပြင်မှုတွေ လုပ်နေရသေးသလို User ပိုင်း အနေနဲ့ကလည်း သိပ်ရင်းနှီးကျွမ်းဝင်မှု မရှိကြသေးပါ ဘူး။ ဒီကြားထဲ အသုံးပြုမဲ့ ပစ္စည်းတွေကလည်း ကိုယ့်နိုင်ငံလုပ် မဟုတ်တော့ အမျိုးအစားမြောက်များစွာ ကြားထဲမှာ တော်တော်ဗျာများရတဲ့ ကိစ္စပါ ....။
Internet သုံးရင် GSM  တစ်မိနစ်ကို ၂ ကျပ်၊ CDMA တစ်မိနစ်ကို ၄ ကျပ် လို့တော့ ကြားပါတယ်။ ဘာကြောင့်ကွာရတယ်၊ ဘယ်လိုကွာတယ် ဆိုတာ ကျွန်တော် မသိပါဘူး ....။ သိလည်းမသိချင်ပါဘူး။ ကျွန်တော် သိချင်တာက တစ်မိနစ်ကို ၂ ကျပ်၊ ၄ ကျပ် ဆိုတဲ့ ကုန်ကျတဲ့ ငွေတွေကို ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲ ဆိုတဲ့ အကြောင်းလေးတွေကိုပါ။
အကြမ်းဖျဉ်း စဉ်းစားကြည့်မယ်ဆိုရင် ဖုန်းတစ်လုံးကို အသုံးပြုတယ် ဆိုတာ တစ်နေရာကနေ တစ်နေရာသို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ် စကားပြောမယ်၊ Text Message, Multimedia Message တွေပို့ ကြမယ်၊ Voice Mail လို့ခေါ်တဲ့ အသံဖိုင်တွေ ပို့ကြမယ်၊ Video Call လို့ခေါ်တဲ့ ရုပ်ပါမြင်ရတဲ့ ဆက်သွယ်မှုတွေ လုပ်ကြမယ် .... ဒါတွေကို လုပ်ဆောင်ချင်ကြတာပါ ....။ အခုနောက်ပိုင်းမှာတော့ ဖုန်းကို ကွန်ပျူတာတစ်လုံးထက်မက အသုံးချနိုင်လာအောင် ကြိုးစားနေကြတော့ လိုက်မမီနိုင်လောက် အောင်ပါပဲ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ကတော့ Text message(free မရပါ။) လောက်တော့ အဆင်ပြေနေပေမဲ့ Multimedia Message အနေနဲ့ကျတော့ သိပ်အဆင်မပြေသေးပါဘူး ...။ Video Call, Voice Mail, .... ဆိုတာတွေ ခဏမေ့ထားရအုံးမှာပါ။ ကိုယ့်နိုင်ငံကို မကောင်းပြောတဲ့ သဘောမျိုးမဟုတ်ပါဘူး ။ ဖွံ့ဖြိုးဖို့ အတွက် ကြိုးစားနေတဲ့ အချိန်မှာ ဒီလောက်အဆင့် ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တာကိုဘဲ ကျေးဇူးတင်လှ ပါပြီ။
အခုနေ Internet သုံးလို့ကုန်ကျတဲ့ ငွေကြေးအတွက် တန်ဖိုးရှိအောင် အသုံးချမယ် ဆိုပြန်တော့ Android ဆိုတဲ့ စကားလုံးနဲ့ အနည်းဆုံးကြုံကြရမှာပါ....(iOS ဆိုတာကြီးကို လှမ်းမမီလို့ ထည့်မပြောတော့ပါဘူး)
ဒီတော့ ချွေတာချင်တယ် ဆိုရင်တောင် Android ဖုန်းလေးတစ်လုံးလောက်တော့ ၀ယ်ကိုင်ရမယ်ဆိုတဲ့ သဘောပေါ့ ....။ အကြမ်းဖျဉ်း တစ်သိန်းအထက်တော့ ကုန်ကျနိုင်မယ် ထင်ပါတယ်....။
ရှိစေတော့လေ ..... ဖုန်းကဒ် က နှစ်သိန်း၊ ဟမ်းဆက် က တစ်သိန်းခွဲဘဲ ထားပါအုံး သုံးသိန်းခွဲ လောက် မြောက်သွားတာနဲ့ လက်ထဲသို့ Android ဖုန်းတစ်လုံးရောက်လာပြီ .... ။ မပြီးသေးပြန်ပါဘူး .....။ Internet သုံးဖို့အတွက် တစ်သောင်း(ပွဲစားခ မပါ။) ကလည်း ထွက်သွားအုံးမှာပါ ။ ဒါနဲ့လည်း မပြီးသေးပါဘူး .... လောလောဆယ် ပြောလို့ရအောင် ငါးထောင်တန်ကဒ်လေး တစ်ခုလောက် တော့ထည့်ထားရပါအုံးမယ် .... (နောက်မှ ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့ :) )
ကဲ .... ပြည့်စုံတဲ့ Android ဖုန်းတစ်လုံး လို့မပြောနိုင်သေးပေမဲ့ လောလောဆယ်တော့ အတော်လေး ပြည့်စုံသွားပါပြီ .... ဒီတော့ Internet သုံးရင်း အမြတ်ရအောင် ပြန်ရှာနိုင်မှ တော်ကာကျ တော့မယ်လေ .....။
ကျေးဇူးတင်စရာကောင်းတဲ့ သတင်းလေးပါဘဲ .....

Viber  

Free calls, text and picture sharing with anyone, anywhere!

တဲ့ .....
100% FREE: Viber and all our basic features are completely free. With Viber you can control the costs of your mobile phone and avoid any “bill shock”
ဆိုတဲ့ စာကြောင်းလေးကတော့ တကယ် အားရစရာပါ ....။ သူ့ Website ထဲမှာတော့ တော်တော်လေး ဖွဲ့နွဲ့ရေးထားတာကို ဖတ်ဖူးပါတယ် ....။
  • Free Download လုပ်ရတာ လွယ်တယ်။
  • Install လုပ်ရတာလွယ်တယ်။
  • Register လုပ်စရာ မလိုဘူး။
  • ကိုယ့်ဖုန်းရဲ့ Contact တွေမှာ ဘယ်သူတွေ Viber သုံးသလဲ တစ်ခါတည်း ပြောပေးတယ်။
  • Free Call, Free Message,Free Photo send စသည်ဖြင့် Free ပေါင်းများစွာပါတယ်။
  • အသံကြည်လင်ပြတ်သားမှုရှိတယ် ။
  • ဖုန်းရဲ့ Battery, Memory ကို မဆုံးရှုံးစေဘူး။
စတာတွေကို ရေးပေးထားတာပါ ....။ တကယ်သုံးကြည့်တော့လည်း အဆင်ပြေပါတယ် ...။ ခက်တာက တစ်ခြား Skype လို Application တွေကို ဒုက္ခပေးတတ်တာပါ ....။ ဘာဘဲဖြစ်ဖြစ် Free ဆိုတဲ့ စကား တစ်လုံးနဲ့တင် လုံလောက်နေတာမို့ သုံးကြည့်မယ် ဆိုရင် Android Market သို့မဟုတ် App Store တစ်ခုခု ကနေ Download လုပ်လို့ရပါတယ်။
http://viber-mobile.en.softonic.com/android
http://www.viber.com/products/android/
https://play.google.com/store/apps/details?id=com.viber.voip&hl=en
ဒီနေရာတွေမှာလည်း ရယူလေ့လာနိုင်ပါတယ်။

Install လုပ်ပြီးရင်တော့ ဆက်လက်လုပ်ဆောင်ဖို့အတွက် မေးလာပါမယ်။ Continue ကိုနှိပ်ပေးလိုက်ပါ။


ဒီနေရာမှာ Activate လုပ်ဖို့အတွက် ဖုန်းနံပါတ် တောင်းပါမယ်။ ကိုယ့်ဖုန်းနံပါတ်ကို ထည့်ပေး ရပါမယ်။ ကိုယ့်ရဲ့ ဖုန်းနံပါတ်ဟာ Viber ID ပါဘဲ ...။ ဖုန်းနံပါတ် ထည့်ပြီးရင် Continue ကိုနှိပ်လိုက်ပါ။


ပြီးရင်တော့ Activate Code ကို Message ပို့ပေးမယ်ပြောပြီး အဲဒီ Code ထည့်ပေးဖို့Box လေးတစ် ခု ပေးလာပါမယ်။
မြန်မာနိုင်ငံ အနေနဲ့ Message ရဖို့ မလွယ်ကူနိုင်ပါ။ ကြာနေမယ်ဆိုရင်တော့ Activate Code ကို Message နဲ့ မပို့ခိုင်းဘဲ ဖုန်းဆက်ပြီး ပြောခိုင်း လို့ရပါတယ်...။ အောက်နားလေးမှာ ပါတဲ့ Click here ဆိုတာလေးကို နှိပ်လိုက်ပါ။

နောက်တစ်မျက်နှာမှာ English ကိုရွေးပေးပြီး Get Code ဆိုတာလေးကို နှိပ်လိုက်ပါ။ ခဏလောက်စောင့်လိုက်ရင် Viber မှာဖုန်းခေါ်ပါလိမ့်မယ်။ သူပြောတဲ့ စကားကို သေချာနားထောင်ပါ။ ပြောတဲ့ Code ကို သေချာလိုက်မှတ်ထားပါ။ များသောအားဖြင့် ဂဏန်း လေးလုံးဖြစ်ပါတယ်။ 
Code ကိုရပြီဆိုရင် Viber သို့ ပြန်သွားပြီး Activate Code ထည့်ရမဲ့နေရာမှာ ထည့်ပေးလိုက်ပါ။ Activate လုပ်လိုက်ရင် ရပါပြီ ....။
ကိုယ့်ဖုန်းရဲ့ Contact ထဲမှာ ဘယ်သူတွေ Viber သုံးလည်းဆိုတာကို တစ်ခါတည်း ပြပေးပါတယ်။ ဖုန်းခေါ်ဆိုရင်ဘဲ ဖြစ်ဖြစ်၊ Message ပို့ရင်ဘဲဖြစ်ဖြစ် ဖုန်းကရွေးခိုင်းပါလိမ့်မယ်။ Viber နဲ့ခေါ်ချင်ရင် Viber ကိုရွေးပေးပြီး ခေါ်လို့ရပါပြီ ....။

သတိထားစရာလေးတွေ ...
  • ဖုန်းကမေးလာလို့ မှားပြီး Dial... ကိုရွေးမိပြီး အလကားရတာဘဲလို့ အကြာကြီးပြောမိရင်တော့ ...ကုန်ပြီ။
  • သာမန်ဖုန်းပြောသလိုမဟုတ်ဘဲ Internet မှာတစ်ဆင့်ပြောရတဲ့အတွက် တစ်ဘက်နဲ့ တစ်ဘက် အနည်းငယ် စောင့်ပြီး ပြောဖို့ လိုအပ်ပါမယ်။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top