Tuesday, October 2, 2012

Pin It

Widgets

တစ်မိနစ် (၂) ကျပ် ကောင်းကောင်း အသုံးချမယ် ( Aire Talk )

မနေ့က အလကားရတဲ့ Viber အကြောင်း ဆွေးနွေးခဲ့ပါတယ် ....။ ဒီနေ့တော့ အပြိုင်အဆိုင်တြွေကားထဲက ထပ်မံထွက်ပေါ်လာတဲ့ Aire Talk အကြောင်းလေး ကျွန်တော် သိသလောက် ဆွေးနွေးချင်ပါ သေးတယ်...

Aire Talk

Free All in One Communication App

တကယ်လည်း All in One ဆိုတဲ့ ဂုဏ်ဒြပ် နဲ့ ညီတယ်လို့ ပြောလို့ရပါတယ် ...။ ဘာတွေ လုပ်လို့ရမလဲ ဆိုရင်တော့
  • FREE Video and Voip call,
  • location sharing and tracking each other (via GPS)
  • SMS,
  • MMS,
  • Voice, 
  • Walkie-Talkie, and 
  • Transfers GIF animation, Files, video and Music
ကဲ .... ဘာလုပ်ချင်သေးလို့လဲ ..... :)
Aire Talk ကိုု smartphone တွေအတွက် အဓိကထား ထုတ်လုပ်ခဲ့ပြီး Android phone နှင့် Android Pad, iOS( iPhone/iPad/Touch4) တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသံကြည်လင်ပြတ်သားမှု ကတော့ သာမန်ဖုန်းပြောတာထက်တောင်ကောင်းတယ်လို့ ရေးထားပါသေးတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက Internet Connection သိပ်ပြီးမကောင်းရင်တောင် ဆက်သွယ် အသုံးပြု လို့ရမယ် ဆိုတဲ့ အချက်ပါဘဲ ...။ Android ဖုန်းတွေမှာ အသုံးပြုမယ်ဆိုရင်တော့ Android Version 2.1 နှင့်အထက် လိုအပ်မှာ ဖြစ်ပါတယ်။

Application ကိုရရှိနိုင်တဲ့ နေရာတွေကတော့

Android အတွက် Direct Download Link
http://www.airetalk.com/downloads/aire-android.apk

Google Play Store Link
https://play.google.com/store/apps/details?id=com.pingshow.amper

iOS အတွက် iTunes Link
http://itunes.apple.com/cn/app/isingfafa/id495640197?l=en&mt=8%22

Phone မှာ Install လုပ်ကြည့်ရအောင်

Application ကို ဒေါင်းလုတ်ဆွဲပြီးပြီဆိုရင်တော့ ဖုန်းမှာ Install လုပ်ဖို့ ပြောလာပါမယ်။ Install ကိုနှိပ်ပြီး လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ Aire Talk ကို အသုံးပြုဖို့ Configuration လုပ်ပေးရပါမယ်။ ကျွန်တော့်အနေနဲ့ အခုလက်ရှိ လူတော်တော်များများ အသုံးပြုနေကြတဲ့ Facebook အကောင့်ကို အသုံးပြု ပြီး လုပ်တာကို ဆွေးနွေးပါမယ်။
Configuration လုပ်ဖို့အတွက် Aire Talk ကိုဖွင့်လိုက်တာနဲ့ Log-in ၀င်ရောက်ဖို့ အချက်အလက် တောင်းလာပါမယ်။ အောက်နားလေးက Log in with Facebook ဆိုတာကိုနှိပ်ပြီး ကိုယ့်ရဲ့ Facebook အကောင့်နဲ့ Login ၀င်ရောက်လိုက်ပါ။


ညာဘက်အပေါ်ထောင့်လေးမှာ Install ဆိုတာလေး ပါပါတယ်။ နှိပ်လိုက်ပါ။ Facebook မှ ခွင့်ပြုချက် တောင်းခံလာပါမယ်။ Allow ကိုနှိပ်ပေးရမှာ ဖြစ်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ Aire Talk မှ License ပိုင်းဆိုင်ရာ Agreement တောင်းခံပါမယ်။
I've read and agree to the terms and conditions ဆိုတဲ့ စာကြောင်းလေးရှေ့က အဖြူကွက်လေးကို နှိပ်ပြီး အမှန်ခြစ်လေးပေါ်အောင် လုပ်ပေးရပါမယ်။ ပြီးရင် အောက်မှာပါတဲ့ Next ကိုနှိပ် လိုက်ပါ။
Aire Talk အနေဖြင့် Facebook profile ကို အတည်ပြုချက် ရယူပါလိမ့်မယ်။ အောက်မှာပါတဲ့ Done ကို နှိပ်ပေးရပါမယ်။
ဒီအချိန်မှာတော့ ကိုယ့်ရဲ့ Facebook Friends တွေထဲမှာ ဘယ်သူတွေ Aire Talk ကို အသုံးပြုသလဲ ဆိုတာကို စစ်ဆေးပါလိမ့်မယ်။ ခဏလောက်စောင့်ပေးရပါမယ်။ ပြီးသွားရင်တော့
Support
Welcome to AIRE! Call me if you have any question about this App!
ဆိုတဲ့ box လေးတက်လာပါမယ်။ Close ကိုနှိပ်ပြီး ပိတ်လိုက်ပါ။
Configuration ပိုင်း ပြီးဆုံးပြီ ဖြစ်ပါတယ်။ Aire Talk ထဲမှာ ကိုယ့်ရဲ့ Facebook Friend တွေထဲက Aire Talk အသုံးပြုတဲ့ သူတွေကို ပြပေးနေမှာ ဖြစ်ပါတယ်။
Aire Talk Application မှာ Function တွေအနေနဲ့ (၈) မျိုးပါ၀င်တာကို တွေ့ရမှာ ဖြစ်ပါတယ်...။


ဘာဘဲဖြစ်ဖြစ် Free ဆိုတဲ့ စကားလုံးအောက်မှာ ကိုယ်ကုန်ကျထားတဲ့ ငွေကြေးတွေအတွက် အကျိုးရှိရှိ အသုံးချနိုင်စေရန် သိသလောက်လေး ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါတယ် ....။
အဆင်ပြေနိုင်ကြပါစေ .....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top