၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ကတည်းက ထွက်တဲ့ Browser တစ်ခုအကြောင်းကို အခုကျမှ ဘာလို့လာပြောနေသေးတာလဲ?
ဟုတ်ပါတယ် ..... FreeIdea ရဲ့ လေ့လာမှုအားနည်းတဲ့အတွက် အခုမှ သုံးဖူးလို့ အခုမှရေးတင်လိုက်ရတာပါ။ ပြောနေကျစကားလေးလိုပါဘဲ ... ကျွန်တော့်လို အခုမှသုံးမဲ့ မိတ်ဆွေတွေ ရှိခဲ့ရင် အဆင်ပြေနိုင်အောင်ပါ .....။ သုံးဖူးပြီးသား၊ သိပြီးသားမိတ်ဆွေများ နားလည်ခွင့်လွှတ်ပေးပါ ခင်ဗျာ ....။ အဆင်ပြေနိုင်အောင် Software ရော၊ Installation လုပ်နည်း၊ အသုံးပြုနည်း လေးတွေပါ ပုံလေးတွေနဲ့ ရေးပေးလိုက်ပါတယ် .....။
Wyzo 3.6.4 ကို ဒီနေရာမှာ Download လုပ်လိုက်ပါ။
Install လုပ်နည်း
(၁) ရလာတဲ့ WyzoSetup-3.6.4.exe file ကို Double Click နှိပ်လိုက်ပါ။
(၂) စတင် Install လုပ်တဲ့ windows တစ်ခုပွင့်လာပါမယ်။ အောက်မှာ
ပါတဲ့ Next ကိုနှိပ်လိုက်ပါ။
(၃) License Agreement အတွက် မေးလာပါမယ်။ အောက်မှာပါတဲ့ I Agree ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။
(၄) စတင် Install လုပ်ဖို့အတွက် ရွေးချယ်ခိုင်းပါမယ်။ အလွယ်ကူဆုံးလုပ်ဖို့အတွက် သူ့နဂိုအတိုင်း Quick Installation ကိုဘဲရွေးချယ်ပေးပြီး အောက်မှာပါတဲ့ Install ကိုနှိပ်ပါ။
(၅) Install လုပ်ငန်းစဉ်ပြီးဆုံးကြောင်း ပြောလာပါမယ်။ အောက်မှာပါတဲ့ Finish ကိုနှိပ်ပေးလိုက်ပါ။ (ဒီနေရာမှာ Wyzo Browser ကို တစ်ခါတည်း ဖွင့်ချင်တယ်ဆိုရင် Run Wyzo 3.6.4 ဆိုတဲ့စာကြောင်းလေးရဲ့ ရှေ့က အဖြူကွက်လေးမှာ အမှန်ခြစ်လေး ပေးခဲ့နိုင်ပြီး၊ နောက်မှ ကိုယ့်ကိုယ်ကို ဖွင့်ချင်တယ် ဆိုရင်တော့ အမှန်ခြစ်လေး ဖြုတ်ထားနိုင်ပါတယ်။)
(၆) အမှန်ခြစ်ပေးပြီး Finish ကိုနှိပ်လိုက်တာနဲ့ Browser ရဲ့ Settings ပိုင်း၊ Data ပိုင်းတွေ လွှဲပြောင်းယူနိုင် တဲ့ Import Settings and Data ဆိုတာ ပွင့်လာပါမယ်။ ဒီအဆင့်ကတော့ ကိုယ့်ရဲ့ကွန်ပျူတာမှာ အရင်တုန်းက သုံးခဲ့တဲ့ IE (သို့) Firefox တစ်ခုခုရဲ့ Network Setting ပိုင်းတွေကို တစ်ခါတည်း ထည့်ပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ Firefox သုံးခဲ့လို့ Mozilla Firefox ဆိုတဲ့ရှေ့က အဖြူဝိုင်းလေးကို Select လုပ်ပြီး အောက်မှာပါတဲ့ Next ကိုနှိပ်လိုက်ပါတယ်။
(၇) ဒီအချိန်မှာတော့ ကျွန်တော်တို့ Install လုပ်လိုက်တဲ့ Wyzo Browser ကို စ တင်သုံးလို့ ရပါပြီ...။
ဒီ Browser အနေနဲ့ကတော့ Mozilla Firefox ကို အခြေခံထားပြီး Google Chrome ရဲ့ Feature တစ်ချို့တို့ကို ပေါင်းစပ်ထားတဲ့ သွင်ပြင်လေးပါ။ Browser windows အနေနဲ့ကတော့ သိပ်ထူးထူးခြားခြား မရှိပါဘူး။ ကျွန်တော်တို့သုံးနေကျ Browser တွေလိုပါဘဲ။
ထူးခြားတာကတော့ သူ့ရဲ့ မြန်နှုန်းမြင့်မားမှု ပါ။ Google လိုမျိုး ပေါ့ပါးတဲ့ Site ဆိုရင် စက္ကန့်ပိုင်းနဲ့ ပွင့်လာမှာပါ။ တစ်ခြား Script ပိုင်းဆိုင်ရာတွေ၊ Flash ပိုင်းဆိုင်ရာတွေ၊ Image, Video ပိုင်းဆိုင်ရာတွေ လည်း မြန်မြန် Loading လုပ်ပေးနိုင်ပါတယ်။ သဘောအကျဆုံးကတော့ PDF file(Online) တွေကိုဖတ်တဲ့ နေရာမှာ အထူး အဆင်ပြေပါတယ်။ ဒါတွေကြောင့် သူ့ကို Media Browser လို့တောင် တင်စားခေါ်ဝေါ်ထားပါတယ်။ ဒီ Browser ကို Radical Software Ltd က ထုတ်ဝေခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက် နေ့မှာ ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ကို Windows (သို့) Mac OS တွေမှာအသုံးပြုနိုင်ပြီး Linus OS မှာတော့ အသုံးမပြုနိုင်သေးဘူးလို့ သိရပါတယ်။
အော်......ပြောတာတွေများနေလို့ မေ့တော့မလို့ ကျွန်တော်တို့ရဲ့ Zawgyi font ကိစ္စလေးပါ။ တကယ်လို့ မြန်မာလို မမြင်ရဘူးဆိုရင် Menu Bar ရဲ့ Tools ကိုနှိပ်လိုက်ပါ။ ကျလာတဲ့ Menu လေးထဲက Options... ကိုနှိပ်လိုက်ပါ။
အပေါ်မှာပါတဲ့ Tab တွေထဲက Content ကိုနှိပ်ပြီးဝင်လိုက်ပါ။ အလယ်လောက်မှာ Fonts & Colors ဆိုတာလေး တွေ့ရပါမယ်။ Default font: အကွက်မှာ Zawgyi-One ကိုရွေးပေးလိုက်ပြီး အောက်မှာပါတဲ့ OK ကိုနှိပ်လိုက်ရင် ရပါပြီ ......။
နောက်ဆုံးအနေနဲ့ Wyzo Browser ရဲ့ အကြောင်းလေးပါ။ သူ့ရဲ့ အချက်အလက်လေးတွေကို အောက်က ပုံမှာ ရေးပေးထားပါတယ် .....
အဆင်ပြေနိုင်ကြပါစေ ....














No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea