Tuesday, September 4, 2012

Pin It

Widgets

Copy ကူးတာကိုမြန်စေမဲ့ TeraCopy သုံးကြည့်ရအောင်

File အများကြီးကို ခဏခဏ Copy လုပ်နေရတဲ့ သူတွေအတွက်တော့ အသုံးတည့်မယ်ထင်ပါတယ်။ လက်ရှိသုံးနေတဲ့ သူတွေအတွက် မရည်ရွယ်ပေမဲ့ အသုံးလိုတဲ့၊ စမ်းသုံးကြည့်ချင်တဲ့ မိတ်ဆွေများအတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ Install လုပ်နည်း၊ အသုံးပြုနည်း လေးကိုပါ အခက်အခဲမရှိအောင် ပုံလေးတွေနဲ့ ရေးပေးလိုက်ပါတယ်။
Software က Free Version မို့ အသုံးပြုရတာ အဆင်ပြေပါတယ်။
Software Size က ( 2.80 MB ) ဘဲရှိတာမို့ Download လုပ်လို့လဲ အဆင်ပြေပါတယ်။
ဒီနေရာမှာ Software ကိုအရင် Download လုပ်လိုက်ပါ ခင်ဗျာ ....။

Install လုပ်နည်း
(၁) ဒေါင်းလုတ်လုပ်လို့ရလာတဲ့ teracopy227.exe ဆိုတဲ့ Installer file ပေါ်မှာ


 Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲမှ Run as administrator ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။


(၂) Install စတင်လုပ်ဆောင်တဲ့ Box တစ်ခုပွင့်လာပါမယ်။ Next ကိုနှိပ်လိုက်ပါ။


(၃) License Agreement အတွက်မေးလာပါမယ်။ I accept the agreement ရဲ့ရှေ့က အဖြူဝိုင်းလေး ကိုနှိပ်ပြီး အောက်မှာပါတဲ့ Next ကိုနှိပ်လိုက်ပါ။


(၄) ကျန်တဲ့ အဆင့်လေးဆင့်ကတော့ Information , Select Destination Location, Select Additional Tasks နှင့် နောက်ဆုံး Information ပိုင်းတွေပါ။ အဆင့်အကုန်လုံးကို Next နဲ့ဆက်သွားလို့ရပါတယ်။

(၅) နောက်ဆုံးအနေနဲ့ ပြီးဆုံးကြောင်းပြောလာပါမယ်။ Launch TeraCopy ရှေ့က အမှန်ခြစ်လေးကို ဖြုတ်ပြီး အောက်မှာပါတဲ့ Finish ကိုနှိပ်ပေးလိုက်ရင် ရပါပြီ ....။


အသုံးပြုနည်း(၁)
ကိုယ် Copy ကူးချင်တဲ့ Folder/ File ပေါ်မှာ Right Click နှိပ်လိုက်ပါက Menu ထဲတွင် TeraCopy.... ဆိုပြီးတွေ့ရပါမယ်။ အဲဒါလေးကို နှိပ်လိုက်ပါ။


Copy ကူးရန် Box တစ်ခုပွင့်လာပါမယ်။ အဲဒီ Box ရဲ့ ညာဘက်ခြမ်းက Browse ဆိုတာလေးကိုနှိပ်လိုက်ပါ။

ဘယ်နေရာသို့ Copy ကူးမလဲဆိုတဲ့ နေရာရွေးပေးရမဲ့ Box လေးပွင့်လာပါမယ်။ ဥပမာ Removable Disk သို့ Copy ကူးထည့်ချင်တယ်ဆိုရင် သူ့ထဲမှာ ရွေးပေးလိုက်ရုံပါဘဲ။ ပြီးရင်အောက်မှာပါတဲ့ OK ကိုနှိပ်ပေးလိုက်ပါ။


အသုံးပြုနည်း(၂)
Start > All Programs > TeraCopy သို့သွားပြီး TeraCopy ကိုဖွင့်လိုက်ပါ။


Programs ပွင့်လာရင် ကိုယ် Copy ကူးချင်တဲ့ File / Folder တွေကို Select လုပ်ပြီး Mouse ဖြင့်ဖိဆွဲယူကာ အပေါ်ကအကွက် (Drop files here) ထဲသို့ ထည့်ပေးလိုက်ပါ။


အောက်မှာပါတဲ့ Copy To ဆိုတဲ့ အပေါ်မှာနှိပ်လိုက်ပြီး ပေါ်လာတဲ့ Menu ထဲက Browse ကိုနှိပ်လိုက်ပါ။


ကိုယ်Copy ကူးချင်တဲ့နေရာ(ဥပမာ အနေနဲ့ Desktop ကိုပြထားပေးပါတယ်) ကို ရွေးပေးလိုက်ပြီး အောက်မှာပါတဲ့ Select Folder ကိုနှိပ်လိုက်ရင် ရပါပြီ။


အဆင်ပြေနိုင်ကြပါစေ .....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top