Control Panel ဆိုတာကိုတော့ ကွန်ပျူတာသုံးတဲ့သူ တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ Start Menu ကနေ Control Panel သို့ဝင်ရောက်နိုင်သလို Run box တွင် control လို့ရိုက်ပြီး Enter နှိပ်လိုက် ရင်လည်း ရပါတယ်။ Control Panel ရဲ့ အထဲမှာ ကွန်ပျူတာအတွက် အရေးကြီးတဲ့ Settings ပိုင်းတွေ၊ ပြင်ဆင်ဆောင်ရွက်နိုင်တဲ့ အပိုင်းတွေ အများကြီး ပါ၀င်ပါတယ်။
အခုကျွန်တော် ဆွေးနွေးချင်တာလေးကတော့ ဒီ Control Panel ထက်ပြည့်စုံတဲ့ Master Control Panel အကြောင်းလေးပါ။ ကွန်ပျူတာမှာ ပါ၀င်မှုမရှိတဲ့ အတွက် ကိုယ်တိုင် ဖန်တီးထားကြရမှာ ဖြစ်ပါတယ်။ သူ့ကိုဖန်တီးထားပြီးရင် အဲဒီထဲမှာဘဲ ကိုယ့်ကွန်ပျူတာနဲ့ပတ်သက်တဲ့ Setting ပိုင်းဆိုင်ရာတွေ အမျိုးအစား (၃၀၀) နီးပါးလောက် ကို ပြုပြင်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ပြောင်းချင်တဲ့ Setting အမျိုးအစားကို သူ့ထဲမှာရှာပြီး ပြောင်းလိုက်ရုံပါဘဲ။ ကွန်ပျူတာရဲ့ Setting အားလုံးကို စုပေါင်းထည့်ထားပေးတဲ့အတွက် တစ်နေရာထဲမှာ အလွယ်တကူ၊ မြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
လုပ်နည်းလေးကလည်း အရမ်းလွယ်ပါတယ်။ အခက်အခဲ၊ အမှားအယွင်း မရှိအောင် အသေးစိတ်လေး ရှင်းပြပေးချင်ပါသေးတယ် .....။ ပြောနေကျအတိုင်းပြောရရင်တော့ မသိသေးသူများအတွက်သာ ရည်ရွယ်တာပါ ခင်ဗျာ ....။ ကဲ .... လုပ်ကြည့်ရအောင်ဗျာ ....။
Master Control Panel တစ်ခုဖန်တီးခြင်း
အဆင့်(၁)
Master control Panel Icon ထားချင်တဲ့နေရာ (Desktop ပေါ်မှာဖြစ်ဖြစ်၊ D: , E: စသည်ဖြင့် နေရာတွေမျာဖြစ် ဖြစ်) မှာ New folder တစ်ခုတည်ဆောက်လိုက်ပါ။ (Right Click > New > Folder)
အဆင့်(၂)
အဲဒီ Folder ကို Rename ပေးပါမယ်။ ဒီနေရာမှာ နည်းနည်း အရေးကြီးပါတယ်။
Rename ပေးဖို့အတွက် အဲဒီ Folder ပေါ်မှာ Right Click > Rename သို့ဝင်ရောက်၍လည်းကောင်း (သို့မဟုတ်) အဲဒီ Folder ကို Select လုပ်ပြီး ကီးဘုတ်က F2 ကီးကို နှိပ်လိုက်ရင်လည်းကောင်း ရပါတယ်။ Rename ပေးလို့ရအောင် နာမည်က High Light ဖြစ်သွားပါမယ်။ ဒီအချိန်မှာ ကိုယ်ပေးချင်တဲ့ နာမည်ကို ကီးဘုတ်ကနေ ရိုက်ထည့်ပေးရပါမယ်။ ပြီးရင် Enter မခေါက်ပါနဲ့အုံး ပေးလိုက်တဲ့ နာမည်နောက်မှာ
.{ED7BA470-8E54-465E-825C-99712043E01C}
ဆိုတာလေးကို ရိုက်ထည့်ပေးလိုက်ပါ။ ( ဒီကနေ Copy ကူးပြီး Paste သာလုပ်လိုက်ပါဗျာ :) )
တကယ်လို့ရိုက်ထည့်မယ်ဆိုရင်လည်း မှားလို့/လွဲလို့ မရပါ။ ရှေ့မှာ အစက်ကလေးတစ်စက်(ဒေါ့) ပါပြီး နောက်ကတော့အပြည့်အစုံရိုက်ထည့်ရပါမယ်။ ဒီလိုလေးပေါ့ဗျာ ...
folder name.{ED7BA470-8E54-465E-825C-99712043E01C}
ပြီးသွားပြီဆိုရင်တော့ Enter ခေါက်လိုက်ပါ။
Folder အနေနဲ့ Control Panel Icon ပုံလေးပြောင်းသွားတာ တွေ့ရမှာဖြစ်ပါတယ်။
အဆင့်(၃)
သူ့ကို ဖွင့်ကြည့်လိုက်ပါ။ Action Center ကနေစပြီး အောက်မှာ Setting ပိုင်းတွေအများကြီး ပါနေတာကို တွေ့ရပါမယ်။ ခေါင်းစဉ်ကြီး တစ်ခုမှာ ပြောင်းလဲပြုပြင်နိုင်တဲ့ ခေါင်းစဉ်လေးတွေ ဘယ်နှစ်ခု ပါတယ် ဆိုတာကိုလည်း နံပါတ်တွေနဲ့ ဖေါ်ပြပေးထားပါတယ်။ ကိုယ်ပြောင်းချင်တဲ့ Setting ပေါ်မှာ Double Click နှိပ်ပြီး ပြောင်းရုံပါဘဲ ....။
အဆင်ပြေနိုင်ကြပါစေ ......
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea