တကယ်တော့ ကျွန်တော်တို့ တော်တော်များများသုံးနေကြတဲ့ Windows 7 မှာ Feature တွေတော်တော်စုံအောင် ထည့်ပေးထားပါတယ်။ အဲဒီ အထဲကမှ တစ်ခုဖြစ်တဲ့ Clear Type ဆိုတဲ့ Feature ဟာ ကိုယ့်ကွန်ပျူတာမှာ မြင်နေရတဲ့ စာသားတွေ၊ Menu တွေ၊ Title တွေကို ကြည်ကြည်လင်လင် မြင်တွေ့နိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်လို့ရတဲ့ Software တွေရှိပေမဲ့ Software ကျတော့ Install လုပ်နေရတာ အချိန်ပေးရတာပေါ့ဗျာ....။ Windows မှာပါတဲ့ Feature က အပြည့်အဝ, စွမ်းဆောင်ရည်ပေးပြီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ စပြီးတော့ လုပ်ကြည့်ရအောင်ဗျာ .....။
(၁) Start Menu ဖွင့်လိုက်ပါ။ (လွယ်ပါတယ် .... ကီးဘုတ် မှ Windows key လေးကို တစ်ချက်နှိပ်လိုက်ရုံပါဘဲ :) )
(၂) Start Menu ရဲ့ Search box မှာ cttune.exe ကိုရိုက်ပြီး Enter ကိုနှိပ်လိုက်ပါ။
(၃) ClearType Text Tuner box ပွင့်လာရင် အပေါ်မှာပါတဲ့ Turn on clear type ရှေ့က အဖြူကွက်လေးကို အမှန်ခြစ်ပေးပြီး အောက်မှာပါတဲ့ Next ကိုနှိပ်လိုက်ပါ။
(၄) ဒီအဆင့်မှာတော့ Windows အနေနဲ့ Monitor ကိုစစ်ဆေးပြီး Monitor နဲ့ သင့်တော်မဲ့ Resolution ကိုချိန်ညှိပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ အောက်မှာပါတဲ့ Next ကိုနှိပ်လိုက်ပါ။
(၅) ဒီအဆင့်မှာတော့ နမူနာ Text box လေးတွေနဲ့ ပြပေးပြီး User ကိုရွေးချယ်ခိုင်းပါမယ်။ ကိုယ့်စိတ်ကြိုက် တစ်ခုကို ရွေးချယ်ပြီး အောက်မှာပါတဲ့ Next ကိုနှိပ်လိုက်ပါ။
(၆) နောက်တစ်ဆင့်ထပ်ပြီး ပိုသေချာအောင် ရွေးခိုင်းပါအုံးမယ် .... အကြိုက်ဆုံးတစ်ခုကို ရွေးပြီး Next ကိုနှိပ်လိုက်ပါ။(ထပ်ခါတစ်လဲလဲ Text box တွေဘဲ ရွေးခိုင်းနေရင် သူ့အလိုလို Select ပေးထားတဲ့ Text box နှင့် မတူတဲ့ Text box တစ်ခုကို ရွေးပေးလိုက်ပါ။ ကွန်ပျူတာမှာ အရင်တုန်းက ဒီ Feature ကို သုံးဖူးတယ် ဆိုရင် အဲဒီလို ထပ်ပြီး မေးနေတတ်ပါတယ်။)
(၇) ဒီအဆင့်မှာတော့ Monitor နဲ့ ကိုက်ညီကြောင်း အစိမ်းရောင် အမှန်ခြစ်လေးနဲ့ ပြပေးနေပါမယ်။ အောက်မှာပါတဲ့ Finish ကိုနှိပ်ပေးလိုက်ပါ။
မိမိကွန်ပျူတာရဲ့ စာလုံးလေးတွေဟာ ကြည်လင်ပြတ်သားပြီး စာဖတ်ရတာ ကောင်းသွားပြီ ဖြစ်ပါတယ်။
အဆင်ပြေနိုင်ကြပါစေ ......












No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea