Facebook TimeLine ဆိုတာကတော့ ကိုယ့်ရဲ့ Facebook စာမျက်နှာမှာ အပေါ်မှာ Cover photo နဲ့ ထားပြီး နှစ်၊ လ၊ ရက် အစဉ်လိုက်ဖေါ်ပြပေးနေတဲ့ မြင်ကွင်းတစ်ခုပါ။ ဒီမြင်ကွင်းက တစ်ချို့သူတွေ အကြိုက် တွေ့ပေမဲ့ တစ်ချို့ကျတော့ ပြောင်းလိုက်ပြီးမှ မကြိုက်တော့တာတွေလည်းရှိမယ် ထင်ပါတယ်။ TimeLine မြင်ကွင်းသို့ ပြောင်းပြီး မှ မကြိုက်တော့တဲ့ မိတ်ဆွေများအနေနဲ့ ဒီ TimeLine ကို ဘယ်လို Remove လုပ်မယ် ဆိုတာလေး ဆွေးနွေးချင်ပါတယ် ....။
TimeLine ကို Remove လုပ်ဖို့အတွက် နည်းလမ်းတွေ တော်တော်များများရှိပေမဲ့ အလွယ်ဆုံးနဲ့ အကြိုက်ဆုံး နည်းလေးကို မျှဝေလိုက်ပါတယ်။
တကယ်တော့ Remove လုပ်တယ် ဆိုပေမဲ့ ကိုယ်သုံးနေတဲ့ Computer မှာသာ မြင်ကွင်းအနေနဲ့ ပြောင်းလဲသွားမှာ ဖြစ်ပြီး တစ်ဘက်က တစ်ခြားသူတွေအနေနဲ့တော့ TimeLine အတိုင်းဘဲ မြင်တွေ့နေကြရမှာပါ။ ဘာဘဲဖြစ်ဖြစ် TimeLine မြင်ကွင်းကြောင့် စိတ်ညစ်နေသူတွေအတွက် တော့ အဆင်ပြေပါတယ်။
လုပ်နည်းလေးကလည်း လွယ်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ Browser အမျိုးအစားအပေါ်မှာ မူတည်ပြီး လုပ်ပေးရမှာပါ ....။ လုပ်လို့ရတဲ့ Browser အမျိုးအစားတွေကတော့ Mozilla Firefox, Internet Explorer, Google Chrome, Safari တို့ဖြစ်ပါတယ်။ အောက်မှာ ကျွန်တော် လူသုံးများတဲ့ Firefox နဲ့ Google Chrome နှစ်မျိုးကို ရှင်းပြပေးပါမယ်။
Mozilla Firefox အသုံးပြုသူများအတွက်
၁။ Mozilla Firefox ကို ဖွင့်လိုက်ပါ။
၂။ ဒီနေရာလေးသို့ ၀င်ရောက်လိုက်ပါ။
၃။ Webpage ပွင့်လာရင် ညာဘက် အလယ်နားလေးမှာ How to Install Extensions ဆိုပြီး အနီရောင်လေးနဲ့ ရေးပေးထားတာကို တွေ့ရပါမယ်။ အဲဒီအောက်က CLICK HERE!!! ဆိုတဲ့ အစိမ်းရောင် ခလုတ်လေးကို နှိပ်လိုက်ပါ။
၄။ Browser ရဲ့ အပေါ်ထောင့်မှာ Add On ကို Install လုပ်ဖို့ ခွင့်တောင်းပါလိမ့်မယ်။ Allow ကိုနှိပ်ပေးလိုက်ပါ။
၅။ 315 KB ရှိတဲ့ Add On ကို Download လုပ်ပါလိမ့်မယ်။ ပြီးရင်တော့ Install လုပ်ဖို့ပြောလာပါမယ်။ Install ကို နှိပ်ပေးလိုက်ပါ။
၆။ Install လုပ်ပြီးသွားရင် Browser Windows အပေါ်ဘယ်ဘက်ထောင့်က Pop up တစ်ခုပွင့်လာပါမယ်။ ဒါကိုပိတ်ပြီး FaceBook သို့ ကိုယ့်အကောင့်နဲ့ ၀င်ရောက်ကြည့်လိုက်ပါ။ ပြီးရင် Home page သို့ဝင်ရောက်လိုက်တာနဲ့ TimeLine မြင်ကွင်းနဲ့ မဟုတ်ဘဲ အရင်မြင်ကွင်းအတိုင်း ပြန်မြင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီ Add On ကို မသုံးချင်ဘဲ TimeLine မြင်ကွင်းကို ပြန်လိုချင်တယ် ဆိုရင် Firefox ရဲ့ Menu Bar မှ Tools ကိုနှိပ်ပါ။ Add-ons ကိုဆက်နှိပ်ပါ။ Add On Windows ပွင့်လာရင် Extensions ထဲမှာ TimeLineRemove.Com 1.0.4 ဆိုတာကို တွေ့ရမှာဖြစ်ပြီး အဲဒီရဲ့ ညာဘက်အစွန်မှာ Disable နဲ့ Remove ဆိုတာကို တွေ့ရပါမယ်။ ခဏဖြုတ်ချင်တယ်ဆိုရင် Disable ကိုနှိပ်နိုင်ပြီး လုံးဝ ဖြုတ်မယ်ဆိုရင် တော့ Remove ကိုနှိပ်လိုက်ရင် ရပါတယ်။
Google Chrome အသုံးပြုသူများအတွက်
၁။ Google Chrome Browser ကိုဖွင့်လိုက်ပါ။
၂။ ဒီနေရာလေးသို့ ၀င်ရောက်လိုက်ပါ။
၃။ Webpage ပွင့်လာရင် ညာဘက် အလယ်နားလေးမှာ How to Install Extensions ဆိုပြီး အနီရောင်လေးနဲ့ ရေးပေးထားတာကို တွေ့ရပါမယ်။ အဲဒီအောက်က CLICK HERE!!! ဆိုတဲ့ အစိမ်းရောင် ခလုတ်လေးကို နှိပ်လိုက်ပါ။
၄။ Add to Chrome box လေးပွင့်လာပါမယ်။ Add ကို နှိပ်ပေးလိုက်ပါ။
၅။ Chrome browser ရဲ့ ဘယ်ဘက်အောက်ထောင့်မှာ Download လုပ်နေတာကို တွေ့ရပါမယ်။
၆။ Download ပြီးသွားရင် Warning Message နဲ့ Tab တစ်ခုပွင့်လာပြီး ဒီ Add On ကိုသုံးမယ်ဆိုရင် Chrome ကို Restart လုပ်ဖို့ပြောလာပါမယ်။ Chrome Browser ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။
၇။ Facebook သို့ မိမိအကောင့်ဖြင့် ၀င်ရောက်ကြည့်လိုက်ပါ။ ပြီးရင် Home page သို့ဝင်ရောက်လိုက်တာနဲ့ TimeLine မြင်ကွင်းနဲ့ မဟုတ်ဘဲ အရင်မြင်ကွင်းအတိုင်း ပြန်မြင်ရမှာ ဖြစ်ပါတယ်။
၈။ မသုံးချင်လို့ ပြန်ဖြုတ်ချင်တယ်ဆိုရင် Chrome Browser ရဲ့ ညာဘက် အပေါ်ထောင့်မှာပါတဲ့ Facebook TimeLine Remove Icon လေးပေါ်မှာ Click နှိပ်လိုက်ပါ။ ကျလာတဲ့ Box လေးရဲ့ ဘယ်ဘက် အပေါ်ထောင့်မှရှိတဲ့ အစိမ်းရောင် အမှန်ခြစ်လေးကို Click နှိပ်လိုက်ပါ။
၉။ ပြန်သုံးချင်တယ်ဆိုရင်Chrome Browser ရဲ့ ညာဘက် အပေါ်ထောင့်မှာပါတဲ့ Facebook TimeLine Remove Icon လေးပေါ်မှာ Click နှိပ်လိုက်ပါ။ ကျလာတဲ့ Box လေးရဲ့ ဘယ်ဘက် အပေါ်ထောင့်မှရှိတဲ့ အနီရောင်ကြက်ခြေခတ်လေးကို Click နှိပ်လိုက်ပါ။
အဆင်ပြေနိုင်ကြပါစေ ....














No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea