Thursday, September 13, 2012

Pin It

Widgets

Android ဖုန်းမှတစ်ဆင့် Wifi ပြန်ပေးကြရအောင်

ဒီနေ့ခေတ်မှာ လူကြီးလူငယ် တော်တော်များများရဲ့ လက်ထဲ ဖုန်းတွေကတော့ ရှိနေကြပါပြီ ....။ မြန်မာ့ဆက်သွယ်ရေး အနေနဲ့လည်း ဖုန်းလိုင်းကနေ Internet သုံးလို့ရတဲ့ ၀န်ဆောင်မှုတွေ ပေးနေပြီဆိုတော့ လူတိုင်းနီးပါး Internet နဲ့ မဝေးတော့ပါဘူး ...။ တစ်ခါတစ်ခါ ဖုန်းနဲ့ အင်တာနက်သုံးရတာ အဆင်မပြေပါဘူး .... အလွယ်ပြောရရင် အားမရဘူးပေါ့ဗျာ .... :) gtk မှာ Message ရိုက်ရတာ၊ Facebook မှာ Command ရေးရတာ၊ Post တင်ရတာတွေကအစ ကွန်ပျူတာနဲ့ ဆိုရင် ပိုပြီးအဆင်ပြေတာပေါ့ ....။
ဒီတော့ ကိုယ့်ဆီမှာ Android ဖုန်းတစ်လုံးရှိပြီး Internet သုံးနေပြီဆိုရင် အနီးမှာရှိတဲ့ Wireless Device (Laptop, Desktop(with wireless adapter) တွေကို Wifi ပြန်ပေးလို့ရအောင်လုပ်ကြည့်ကြမယ်ဗျာ ....။

ပထမဆုံး ဖုန်းကို Internet Connection ရအောင်လုပ်လိုက်ပါ။


ပြီးရင်တော့ ဖုန်းရဲ့ Settings ထဲသို့ ၀င်လိုက်ပါ။ Settings ရဲ့ Wireless & Networks အောက်မှ More သို့ ၀င်ရောက်လိုက်ပါ။အဲဒီကမှ Tethering & portable hotspot သို့ ဆက်ပြီး ၀င်ရောက်လိုက်ပါ။ ပြီးရင် Configure Wi-Fi hotspot သို့ဝင်ရောက်လိုက်ပါ။

ဒီအဆင့်မှာတော့ ကိုယ်ပြုလုပ်ဖန်တီးမဲ့ Wifi Network တစ်ခုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အပေါ်ဆုံးမှာ SSID ဆိုတာကတော့ ကိုယ့်ဖန်တီးမဲ့ Network ကို နာမည် ပေးတာပါ။ ကြိုက်တဲ့ နာမည် ပေးလို့ရပါတယ်။ (တစ်ခြားကွန်ပျူတာက ဖမ်းတဲ့ အချိန်မှာ ဒီနာ မည်ကို မြင်ရမှာ ဖြစ်ပါတယ်။) လုံခြုံမှုအတွက် Security တစ်ခုခုထားပေးပြီး Password ပေးရပါမယ်။ (ကွန်ပျူတာနဲ့ ဖမ်းလို့ Password တောင်းလာရင် ဒီ Password ကိုထည့်ပေးရမှာမို့ သေချာမှတ်ထားဖို့လိုပါ တယ်။ လုံခြုံအောင် ထားရပါမယ်။ ဒီ Password ကိုသိမှ Network ထဲသို့ ၀င်ရောက်နိုင်ပါမယ်။) အားလုံးထည့်ပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ။


ဒါတွေလုပ်ပြီးသွားရင်တော့ Tethering & portable hotspot သို့ ပြန်ဝင်ရောက်ပြီး Portable Wi-Fi hotspot ကို အမှန်ခြစ်ဖြစ်အောင်နှိပ်ပြီး enable လုပ်ပေးရပါမယ်။


ဒီအဆင့်မှာတော့ ကိုယ်သုံးမဲ့ ကွန်ပျူတာကနေ Wifi ဖမ်းကြည့်ပါမယ်။ ကွန်ပျူတာရဲ့ Wifi ကို ဖွင့်လိုက်တာနဲ့ သူ့အထဲမှာ မိနေတဲ့ Network တွေကိုတွေ့ရပါမယ်။ အပေါ်မှာကိုယ်ပေးခဲ့တဲ့ SSID ကို ရွေးပြီး ၀င်ရောက်လိုက်ပါ။ Password တောင်းလာရင် ကိုယ်ပေးခဲ့တဲ့ အပေါ်က Password ကိုဘဲ ထည့်ပေးလိုက်ပါ။ Internet ကို ကွန်ပျူတာနဲ့ သုံးနိုင်ပါပြီ ......။
မှတ်ချက်။  ဖုန်းအမျိုးအစားကိုလိုက်၍ Setting အခေါ်အဝေါ်များ အနည်းငယ် လွဲနိုင်ပါတယ်။

အဆင်ပြေနိုင်ကြပါစေ .....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top