Web Browser ဆိုတာ ဘာလဲ?
Web Browser (Browser) ဆိုတာ www လို့လူသိများတဲ့ (World Wide Web) ပေါ်က အချက်အလက် တွေကို ကူးပြောင်းရယူနိုင်အောင် ရေးသားထားတဲ့ Program (သို့မဟုတ်) Software Application တစ်ခုပါဘဲ။
ဒီလိုရယူတဲ့ နေရာမှာလည်း ကျွန်တော်တို့အနေနဲ့ Web Address လို့ပြောကြတဲ့ URL (Uniform Resource Locatro) ကိုအသုံးပြုပြီး ၀င်ရောက်ကြရတာပါ။ ဥပမာ- www.google.com ဆိုရင် ဒါဟာ Google Website သို့ ၀င်ရောက်တဲ့ URL ပါဘဲ...။ (ဒီနေရာမှာ URI (Uniform Resource Identifier), URL နဲ့ URN (Uniform Resource Name) ဆိုပြီးရှိပါသေးတယ်။ နောက်မှ ကျွန်တော်သိ သလောက် ဆွေးနွေးပေးပါမယ်။)
Web Browser ကိုအသုံးပြုပြီး Website တွေကိုဝင်ရောက်ကြည့်ရှုတဲ့နေရာမှာလည်း အဲဒီ website ရဲ့ webpage တစ်ခုကနေတစ်ခုသို့ (ဒါမှမဟုတ်) နောက် website တစ်ခုရဲ့ webpage တစ်ခုခုသို့ ကူးပြောင်း ၀င်ရောက်နိုင်ဖို့အတွက် Hyperlink ဆိုတာကို အသုံးပြုထားပါသေးတယ်။ တကယ်တော့ ကျွန်တော် တို့အနေနဲ့ Webpage တွေကို ဖတ်တဲ့အခါ တစ်ချို့ စာ၊ ပုံ တွေနေရာမှာ ကျွန်တော်တို့ရဲ့ Mouse Pointer လေး လက်ပုံသဏ္ဍာန်( ) ပြောင်းလဲသွား ခဲ့ရင် အဲဒီနေရာကို Hyperlink ရှိတဲ့နေရာ (တစ်ခြားတစ်နေရာသို့ ဆက်ပြီးသွားလို့ရသေးတဲ့ နေရာ) လို့ပြောလို့ရပါတယ်။
Web Browser ဘယ်ကစ, ခဲ့သလဲ?
ပထမဦးဆုံး Web Browser ကို Sir Tim Berners-Lee က ၁၉၉၀ ပြည့်နှစ်မှာ စတင်ရေးသား အသုံးပြုခဲ့ပါတယ်။ အဲဒီ Browser ကို WorldWideWeb လို့စတင်ခေါ်ခဲ့ပြီး နောက်ပိုင်းမှာမှ Nexus လို့အမည်ပြောင်းခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး webpage ကတော့ http://info.cern.ch/ ပါဘဲ။
Tim_Berners-Lee(8.6.1955)
Marc_Andreessen(9.7.1971)
၁၉၉၆ ခုနှစ်မှာ Opera Software ASA ကုမ္ပဏီ အနေနဲ့ Opera browser ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဆက်လက်ပြီး Mobile Phone တွေမှာသုံးလို့ရတဲ့ စနစ်နဲ့ စျေးကွက် ချဲ့ထွင်ခဲ့ပါတယ်။
၁၉၉၈ ခုနှစ်မှာတော့ Netscape ကုမ္ပဏီအနေနဲ့ Mozilla Foundation ကိုထူထောင်ပြီး Open source software ပုံစံအနေနဲ့ Mozilla Firefox(Firefox) browser ကိုရေးသားထုတ်ဝေခဲ့ပြန်ပါတယ်။ စတင်ချိန်မှာ တော့ Beta အခြေအနေနဲ့ စမ်းသပ်ခဲ့ပြီး ၂၀၀၄ ခုနှစ် နှောင်းပိုင်းမှာတော့ Firefox 1.0 version ကိုထုတ်ဝေခဲ့ပါတယ်။
၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ မှာ Apple ကုမ္ပဏီအနေနဲ့ Safari browser ကိုစမ်းသပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလ မှာဖြန့်ဝေခဲ့ပါတယ်။
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ မှာ Google ကုမ္ပဏီရဲ့ Chrome browser ကိုထုတ်ဝေခဲ့ပြီး လူကြိုက်များတဲ့ Browser တစ်ခု ဖြစ်လာခဲ့ပါတယ်။
တကယ်တော့ Website တစ်ခု(webpage တစ်ခု) Web Browser ပေါ်မှာ အလုပ်လုပ်ပုံဟာ ရှုတ်ထွေးလွန်းပါတယ် ....။ ကျွန်တော်သေချာမသိပါဘူး။ သာမန် Internet အသုံးပြုသူတစ်ယောက်အနေနဲ့လည်း အရေးတစ်ကြီး သိထားဖို့ လိုအပ်မယ် မထင်လို့ပါ ...။
ကျွန်တော်တို့တစ်တွေ Internet အသုံးပြုတဲ့ နေရာမှာ ပိုပြီးတော့ မြန်ဆန်စွာအသုံးပြုနိုင်အောင် သိထားသင့်တယ်လို့ ထင်တာလေးတွေ ဆွေးနွေး ချင်ပါသေးတယ်။ အရင်ဆုံး Browser တစ်ခုရဲ့ ဖွဲ့စည်းပုံ လေးကိုပြောချင်ပါတယ် ...။
ပုံမှာ ပြထားသလိုပါဘဲ web browser တစ်ခုမှာ
Title Bar = ခေါင်းစဉ်တွေကို ဖေါ်ပြပေးတဲ့နေရာ
Menu Bar = Browser နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိတဲ့နေရာ
Address Bar = website လိပ်စာကို ရိုက်ထည့်ပေးရမဲ့ နေရာ
Tools Bar = အလွယ်တကူ နှိပ်ပြီးအသုံးပြုလို့ရတဲ့ Icon လေးတွေထည့်ပေးထားတဲ့ နေရာ
Vertical Scroll Bar = အပေါ်အောက် တက်/ဆင်း လုပ်လို့ရတဲ့နေရာ
Status Bar = Webpage Loading အခြေအနေပြပေးတဲ့ နေရာ
Display Webpage = Webpage ကို ပြပေးတဲ့ နေရာ
စသည်ဖြင့် ပြည့်စုံအောင် ထည့်ပေးထားပါတယ်။
ဒီနေရာမှာ အလွယ်ဆုံးနဲ့ အမြန်ဆုံး (အသုံးတည့်တဲ့) Icon လေးတွေရှိပါသေးတယ် .....
Home ဆိုတဲ့ ခလုတ်လေးဟာ ကွန်ပျူတာ browser ရဲ့ Home page ကို တိုက်ရိုက်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ Browser မှာ Home Page ကို အသုံးပြုသူ စိတ်ကြိုက် ထားပေးလို့ရပါတယ်။ ထားနည်းလေးကတော့(Internet Explorer) Menu Bar မှ Tools menu သို့ဝင်ရောက်လိုက်ပြီး ကျလာတဲ့ Menu ထဲမှ Internet Options ကိုနှိပ်လိုက်ပါ။ Options box ပွင့်လာရင် ပထမဆုံး Tab ဖြစ်တဲ့ General သို့ဝင်ရောက်လိုက်ပြီး Home Page နေရာမှာ ကိုယ်ထားပေးချင်တဲ့ website လိပ်စာကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် အောက်မှာပါတဲ့ OK ကိုနှိပ်လိုက်ရင် ရပါတယ်။
ခလုတ်လေးကတော့ နောက်ထပ် Tab အသစ်ခေါ်ချင်တဲ့အခါ သုံးလို့ရပါတယ်။ Browser ကို အသစ်ထပ်ဖွင့်နေစရာ မလိုဘဲ Tab အသစ်လေးတွေဖွင့်ပြီးသုံးတော့ အချိန်ပိုပြီး သက်သာစေမှာပါ။
BookMark ခလုတ်လေးကတော့ ကိုယ်သဘောကျတဲ့ Website တွေတွေ့ရင် အဲဒီထဲမှာ မှတ်သားထားလို့ ရပါတယ်။ နောင်တစ်ချိန် အဲဒီ Website ကို ဖွင့်လိုရင် လိပ်စာရိုက်ထည့် စရာမလိုတော့ဘဲ Book Mark ထဲမှတစ်ခါတည်း ၀င်ရောက်လိုက်လို့ရပါတယ်။
Refresh ခလုတ်လေးကတော့ Website တစ်ခုကိုဖွင့်လို့ ကြာနေရင်/ ပုံတွေ အပြည့်မပေါ်ရင် သူ့ကို တစ်ချက်နှိပ်ပြီး Webpage ကို Loading လုပ်စေခြင်းအတွက် ကူညီပေးပါလိမ့်မယ်။
ဒါလေးတွေအပြင် ကျွန်တော်တို့ အသုံးများနေတဲ့ Gmail နဲ့ ပတ်သက်ပြီး နည်းနည်း ဆွေးနွေးချင်ပါသေး တယ်။
Gmail ကို အသုံးပြုပြီး ၀င်ရောက်တဲ့ နေရာတွေ တော်တော်များများရှိကြမှာပါ။ အဲဒီလို ၀င်ရောက်တဲ့ နေရာမှာ မေးထားတဲ့ အပေါ်မူတည်ပြီး ထည့်ပေးရပါမယ်။ ဆိုလိုချင်တာက အောက်ကပုံ လေးလို Email လို့ပြောလာရင် ကိုယ့်ရဲ့ Email လိပ်စာအပြည့်အစုံ (username@gmail.com) ဆိုပြီးရိုက်ပေးရပါမယ်။
(Internet Cafe တွေမှာသုံးတဲ့သူတွေအနေနဲ့ အောက်မှာပါတဲ့ Stay signed in ဆိုတာလေးရဲ့ ရှေ့က အဖြူကွက်လေးမှာ အမှန်ခြစ်လေး မပေးမိအောင် ဂရုစိုက်ရပါမယ်။ ပေးပြီးသားဖြစ်နေရင်လည်း click နှိပ် ပြီးဖြုတ်ပြီးမှ Login ၀င်ရောက်သင့်ပါတယ်။ မဟုတ်ရင် ကိုယ့်အကောင့်ရဲ့ Password က အဲဒီကွန်ပျူတာ မှာ ကျန်ခဲ့မှာ ဖြစ်ပါတယ်။)
Gmail သို့ဝင်ရောက်တဲ့ အခါမှာလည်း Connection အခြေအနေကျနေခဲ့မယ်ဆိုရင် Gmail Loading ကို မစောင့်တော့ဘဲ အောက်နားလေးမှာပါတဲ့ Load basic HTML ဆိုတာလေးကို နှိပ်ပြီး ၀င်ရောက်လိုက် ရင် ပိုပြီးမြန်ဆန်စေပါတယ် ...။
အားလုံးကို လေးစားစွာဖြင့် ....



















No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea