email subscribe လုပ်ထားလိုက်ရုံနဲ့ တစ်နေ့ကို Software တစ်ခု အလကား ပို့ပေးနေမှာ ဖြစ်ပါတယ်။ သူပို့ပေးတဲ့ အချိန်ကနေ (၂၄) နာရီအတွင်းမှာ Download လုပ်ရမှာ ဖြစ်ပြီး တကယ်လို့ မလုပ်လိုက်ဘူး ဆိုရင်တော့ Time Limit နဲ့ ဖြစ်သွားပါလိမ့်မယ် ...။
email Subscribe လုပ်နည်းလေးကို တော်တော်များများ သိကြ၊ တတ်ကြပေမဲ့ မသိသေးတဲ့ သူတွေအတွက် အောက်မှာ ရေးပေးလိုက်ပါတယ် ....
အဆင့်(၁)
http://www.giveawayoftheday.com/ သို့ဝင်ရောက်လိုက်ပါ။ ဒီ Website ရဲ့ ညာဘက်ခြမ်း Stay informed: never miss a cool giveaway! ဆိုတာလေးရဲ့အောက်မှာ Subscribe by Email ဆိုလေး ပါပါတယ်။ Click နှိပ်ပြီး ၀င်ရောက်လိုက်ပါ။
အဆင့်(၂)
Email Subscription Request box တစ်ခု ပွင့်လာပါမယ်။ အဲဒီထဲက Your email address ဘေးမှာ ကိုယ် Subscribe လုပ်ချင်တဲ့ email လိပ်စာ အပြည့်အစုံ ကိုရိုက်ထည့်ပေးလိုက်ပါ။ အောက်မှာ Prevent spam human verification လေးရိုက်ထည့်ပေးရပါအုံးမယ်။ သူပေးထားတဲ့ စကားလုံးနဲ့ တူအောင် အောက်က ကွက်လပ်အဖြူလေးမှာ ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ညာဘက်က complete subscription request ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။
အဆင့်(၃)
Giveaway of the Day မှ လက်ခံကြောင်းနှင့် verify လုပ်နိုင်ရန် email ပို့ပေးမယ်ဆိုတဲ့ အကြောင်းရေးပြ ထားတဲ့ Box တစ်ခုပွင့်လာပါမယ် ...။ အောက်မှာပါတဲ့ Close Window ကိုနှိပ်၍ ပိတ်လိုက်ပါ။
အဆင့်(၄)
မိမိအသုံးပြုခဲ့တဲ့ email သို့ Log in ၀င်ရောက်လိုက်ပါ။ Inbox ထဲတွင် FeedBurner Email Subs ဆိုပြီး email တစ်စောင်ရောက်နေတာကို တွေ့ရပါမယ်။ ၄င်း email ကို ဖွင့်လိုက်ပါ။
အဆင့်(၅)
email ရဲ့ အပေါ်နားလေးမှာ http://feedburner.google.com/xxxxxxxxxxxxxxxx စသည်ဖြင့် Link တစ်ခုပါလာပါမယ်။ ကိုယ့်ရဲ့ Feed Burner လုပ်ရပ်ကို အတည်ပြုနိုင်ရန်အတွက် အဲဒီစာကြောင့် (Link) ပေါ်တွင် Click နှိပ်၍ ၀င်ရောက်လိုက်ပါ ။
အဆင့်(၆)
Email Subscription Confirmed! ဆိုတဲ့ စာကြောင်းလေး ပါတဲ့ box လေးပေါ်လာရင်တော့ Subscription လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။
နေ့စဉ် ကိုယ့် email သို့ Software တစ်ခုစီ ပို့ပေးနေပါလိမ့်မယ်။ ပို့ပေးလိုက်တဲ့ Software နှင့်ပတ်သက်တဲ့ အချက်အလက်လေးတွေကိုလည်း ရေးပေးထားပါတယ်။ ကိုယ်သဘောကျတဲ့/အသုံးပြုချင်တဲ့ Software ဆိုရင်တော့ ရောက်လာတဲ့ email ကိုဖွင့်လိုက်ပါ။ ပြီးရင် email ရဲ့ အပေါ်ဆုံးက Software အမည်ပေါ်မှာ Click နှိပ်လိုက်ပါ။
Giveaway of the day website သို့ရောက်ရှိသွားပြီး ၄င်း Software နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဖေါ်ပြပေးထားပြီး ညာဘက်ခြမ်းမှာ Download (Software Name) now ဆိုတာလေး ပါပါတယ်။ အဲဒီပေါ်မှာ Click နှိပ်ပြီး Download လုပ်လိုက်ရင် ရပါတယ် ...။
(တစ်ခြား Website/Blog များကို Email Subscribe လုပ်နည်းကလည်း ဒီနည်းအတိုင်းဘဲ ဖြစ်ပါတယ်။)
အဆင်ပြေနိုင်ကြပါစေ ....
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea