

ကျွန်တော်တို့ နိုင်ငံအနေနဲ့ တိုးတက်ပြုပြင်ပြောင်းလဲနေတဲ့ ကာလမို့လည်း Internet Connection ပိုင်းမှာ အားနည်းနေသေးတယ်လို့ ယူဆမိပါတယ် ....။ နောက်တော့ ကောင်းလာမှာပေါ့ ....

။အခုလောလောဆယ်တော့ Webpage (site, blog, forum) တစ်ခုခုကိုဝင်လိုက်ရင် ဆက်ဖတ်ချင်စိတ်မရှိ တော့လောက်အောင် စောင့်ဆိုင်းရတဲ့ အခြေအနေလေး လူတိုင်းကြုံဖူးကြမယ် ထင်ပါတယ် ...


။ ဒီကြားထဲ Blog မှာ ပုံတွေ၊ Gadget တွေ၊ Link တွေ၊ ..... စတာတွေများများသုံးထားရင် ပိုပြီး ကြာတော့တာပါဘဲ ....။ ဒါပေမဲ့ ဒီ Blog ရဲ့အပြင်အဆင်လေးတွေဆိုတာကလည်း မထည့်လို့ မကောင်းဘူးလေ ....။ အလှအပ ကလည်း အရေးကြီးတာဆိုတော့ ထည့်ကြရမှာပါ ....။ကျွန်တော်နိဒါန်းတွေပြောနေတာနဲ့ တော်တော်ကြာနေပါပြီ ....။ တကယ်တော့ ဆိုလိုရင်းက နည်းနည်းလေးပါ။ ဘာနည်းပညာမှလည်း မပါပါဘူး ...။
ကိုယ့်Blog ကစာတွေကို Visitor တွေအနေနဲ့ အလွယ်တကူ မြန်မြန်ဆန်ဆန်ဖတ်နိုင်အောင် ညွှန်းပေးတဲ့ Link လေးတစ်ခုကို Blog မှာထည့်ရုံပါဘဲ ...။
ကျွန်တော် စမ်းကြည့်တာတော့ အခုနောက်ပိုင်း Blogger ကပေးတဲ့ Dynamic View တွေထဲက Sidebar View လေးကို သဘောကျမပါတယ် ....။ ဒီ Sidebar View နဲ့ ဖွင့်လိုက်ရင် စဖွင့်တဲ့ အချိန်မှာသာ နည်းနည်းစောင့်ရပေမဲ့ Blog ထဲသို့ရောက်သွားရင် ဘေးနားမှာရှိတဲ့ Sidebar ပေါ်က ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်(Post) ကိုရွေးဖတ်ရုံပါဘဲ ...။ တော်တော်မြန်ပါတယ် ....။ဒီတော့လာရောက်ဖတ်ရှုသူတွေ ဒီ Sidebar View ကို အလွယ်တကူ ၀င်ဖတ်လို့ရအောင် Link လေးညွှန်ထားလိုက်ရင် ပိုပြီး အဆင်ပြေမယ် ထင်ပါတယ်....။ ( တကယ်တော့ Link ညွှန်းစရာတောင် မလိုပါဘူး ...။ Blog ဖတ်သူတွေအနေနဲ့ ဘယ်Blog ဘဲဖြစ်ဖြစ် Blog လိပ်စာ (www.blogname.blogspot.com) ရဲ့နောက်မှာ /view/sidebar လို့ရိုက်ထည့်ပြီး ၀င်လိုက်ရင် ရပါတယ် ...။) လာရောက်လည်ပတ်ကြတဲ့ သူတွေကို အလုပ်ပိုမခိုင်းချင်ဘူးဆိုရင်တော့ အဲဒါလေးကို အဆင်သင့် Link လေးညွှန်းထားလိုက်တော့ ပိုပြီး အဆင်ပြေသွားတာပေါ့။
ဒီနေရာမှာ ကိုယ်ညွှန်းထားတဲ့ Link ကို ဖတ်ရှုသူ သတိထားမိဖို့လည်း လိုပါအုံးမယ် ...။ နောက်ပြီး Blog ရဲ့ စဝင်ဝင်ချင်း မြင်သာတဲ့နေရာမှာ ထားပေးဖို့လည်း လိုပါမယ် ...။ အမှတ်တရအနေနဲ့ ကိုယ့်Blog ရဲ့ Logo လေးကိုပါ ပါစေချင်သေးတယ် ဆိုရင်တော့ အောက်မှာ ကျွန်တော်သုံးထားတဲ့ Code လေးကို နမူနာ ပေးထားပါတယ် ....။
<center><a target='_blank' title='Free For Friend' href='http://imageshack.us/photo/my-images/811/freeidealogo.png/'><img src='http://img811.imageshack.us/img811/4734/freeidealogo.png' border='0'/></a><br />Post အားလုံးကို အလွယ်တကူ ဖတ်ရန်<a target='_blank' href='http://freeidea2012.blogspot.com/view/sidebar'><br /><blink>ဒီနေရာကိုနှိပ်၍ဖတ်နိုင်ပါတယ်...</blink></a></center>ဒီ Code တွေမှာ အပြာရောင် နဲ့ရေးပေးထားတဲ့ နေရာမှာ ကိုယ်စိတ်ကြိုက်စာသားပြောင်းလို့ရပါတယ်။
အနီရောင်နဲ့ ရေးပေးထားတာတွေကတော့ ကိုယ်ထည့်ချင်တဲ့ Logo နဲ့ပတ်သက်တဲ့ Link တွေပါ။
အစိမ်းရောင် နေရာမှာတော့ ကိုယ့်Blog ရဲ့ Address ကိုထည့်ပေးရပါမယ် ...။
အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ...။






No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea