နောက်ဆုံး စိတ်တိုင်းမကျတာနဲ့ ကိုယ်နောက်ဆုံးသုံးခဲ့တဲ့ (BackUp လုပ်ထားတဲ့ ) Template ကိုပြန်ပြီး Upload တင်လိုက်တယ် ....။ Template တော့ပြန်ရပါရဲ့ .... Home page မှာ Post တွေက နှစ်ခါထပ် နေပြီဗျာ ...။ Layout ထဲသို့ ၀င်ကြည့်လိုက်တော့လည်း Blog Posts ဆိုတာက နှစ်ခုဖြစ်နေတယ် ....။ အောက်ကပုံလေးလိုပါ ...။
ဒါနဲ့ ပြန်ပြီးတော့ Upload တင်ကြည့်တယ် ....။ မရပါဘူး .....။ Template ရဲ့ Edit HTML ပိုင်းကို ၀င်ပြင်ဖို့ ဆိုတာကလည်း မတတ်တော့ တော်တော်ဒုက္ခရောက်ခဲ့ပါတယ် ....။ နောက်ဆုံး ဟိုဒီလျှောက်ကလိလိုက် တော့ အဆင်ပြေသွားတဲ့ နည်းလေးက ဒီလိုဗျ .....
အဆင့်(၁)
ပထမဆုံး ကျွန်တော်တို့ရဲ့ Blog Setting ကို Old Blogger Interface သို့ပြောင်းလိုက်ပါ ...။ဒီ Setting Logo လေးကိုနှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက Old Blogger interface ကိုရွေးပေးလိုက်ပါ။
အဆင့်(၂)
Blogger Dashboard သို့ရောက်ရင် Design ကို နှိပ်လိုက်ပါ။အဆင့်(၃)
နောက်တစ်ဆင့်အနေနဲ့ EditHTML ထဲသို့ ဆက်ပြီး ၀င်လိုက်ပါ ...။အဆင့်(၄)
ဒီအဆင့်မှာ Backup/Restore Template ရဲ့အောက်မှာရှိတဲ့ Brows ဆိုတာလေးကိုနှိပ်ပြီး ကိုယ်နောက်ဆုံး Backup လုပ်ထားခဲ့တဲ့ Template file လေးကို ယူလိုက်ပါ။ ပြီးရင် Upload ဆိုတာလေးကို နှိပ်လိုက်ပါ။အဆင့်(၅)
Upload လုပ်နေတဲ့ အချိန်မှာ Warning Box တစ်ခုပေါ်လာပါမယ် ....။ အောက်မှာပါတဲ့ DELETE WIDGETS ဆိုတာကိုနှိပ်လိုက်ပါ ...။အဆင့်(၆)
Upload လုပ်ပြီးသွားကြောင်းပြောလာရင် အပေါ်နားလေးမှာပါတဲ့ View Blog ဆိုလေးကိုနှိပ်ပြီး ကိုယ့် Blog ကိုပြန်ကြည့်လိုက်ပါ ...။Blog ရဲ့ New Interface ကိုပြန်ပြောင်းချင်ရင်တော့ အပေါ်ထိပ်နားမှာပါတဲ့ Try the updated Blogger Interface ဆိုတာလေးကို နှိပ်ပြီး ပြောင်းနိုင်ပါတယ် ....။
အဆင်ပြေနိုင်ကြပါစေ .....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea