Friday, June 8, 2012

Pin It

Widgets

Task Bar ရဲ့ အချိန် ဘေးနားမှာ ကိုယ့်နာမည် ထည့်ကြမယ် ....

ဒါလေးကတော့ Task Bar ညာဘက်စွန်က နာရီရဲ့ ဘေးနားမှာ ကိုယ့်နာမည်၊ ချစ်သူနာမည်၊ ကုမ္မဏီနာမည်၊ .... စသည်ဖြင့်ပေါ့ဗျာ ... ထည့်ကြည့်ကြမယ်လေ ....
လွယ်လွယ်လေးပါ .....။

Windows 7 အတွက် ...
ပထမဆုံး Start > Control Panel သို့သွားပြီး Region and Language သို့ဝင်လိုက်ပါ။
Region and Language windows ပွင့်လာရင် ကျွန်တော် အောက်မှာပြထားသလို Formats Tab ရဲ့အောက်ဆုံး မှာပါတဲ့ Additional Settings ထဲသို့ ၀င်လိုက်ပါ။




နောက်ထပ်ပွင့်လာတဲ့ Customize Format windows ထဲမှာပါတဲ့ Time Tab ရဲ့ AM symbol အကွက်နဲ့ PM symbol အကွက်တွေမှာ ကိုယ်ရေးချင်တဲ့ စာသားကို (အင်္ဂလိပ်လို) ရိုက်ထည့်ပေးလိုက်ပါ။


ဒီနေရာမှာ တစ်ခုပြောလိုပါတယ် ....။ ကိုယ့်အနေနဲ့ အမြဲတမ်း ပေါ်စေလိုတဲ့ နာမည်လိုမျိုး ဆိုရင် နှစ်ကွက်လုံးကို အတူတူဖြည့် ပေးလိုက်ပါ ....။ ဒါမှမဟုတ် မနက်ပိုင်း(0-12 နာရီ) မှာတစ်မျိုး၊ ညနေပိုင်း (12-24 နာရီ) မှာတစ်မျိုး ပေါ်စေချင်ရင် တော့ အပေါ်အကွက်မှာ တစ်မျိုး၊ အောက်ကွက်မှာ တစ်မျိုး ပေးလို့ရပါတယ်။ ကျွန်တော် ဥပမာအနေနဲ့ AM symbol အကွက်မှာ Good Morning လို့ပြောင်းပြီး PM symbol အကွက်မှာ Good Evening လို့ ပြောင်းပြထားပါတယ်။


ပြီးသွားရင်တော့ Apply > OK နဲ့ windows နှစ်ခုလုံးကို ထွက်လိုက်ပါ။
Computer ရဲ့ Task Bar ထောင့်လေးမှာ ကိုယ်ပေးထားတဲ့ နာမည်လေး ပေါ်နေပါပြီ ....


ပျော်ရွှင်နိုင်ကြပါစေ .....။

မြန်မာမိသားစုဖိုရမ် တွင် ဖေါ်ပြခဲ့ဖူးပါသည်။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top