Saturday, June 9, 2012

Pin It

Widgets

Android ဟူသည် ....

Android ဆိုတဲ့ စကားလုံးလေး တော်တော်အသုံးများလာပါပြီ .... ဒီတော့ Android အကြောင်းလေးကို ကျွန်တော် လေ့လာမိသလောက် Post တစ်ခု အနေနဲ့ တင်လိုက်တာပါ ...။
  • Android ဆိုတာ ကြိုးမဲ့ဆက်သွယ်ရေး ကိရိယာတွေအတွက် အဓိကရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ Platform တစ်ခုပါ။ အသုံးပြုသူတွေ နားလည်လွယ်ပြီး ဘယ်သူမဆို ယူသုံးနိုင်တဲ့ Open Source Platform တစ်ခုလည်း ဖြစ်ပါတယ်။
  • သူ့ကို Google က ပြည့်စုံတဲ့ အဆင့်ရောက်အောင် မွမ်းမံပြီးတော့ OHA လို့ခေါ်တဲ့ Open Handset Alliance မဟာမိတ်အုပ်စု က ပိုင်ဆိုင်ပါတယ်။ OHA ရဲ့ အဓိကရည်ရွယ်ချက်ကတော့ " ကြိူးမဲ့ကိရိယာ တွေကို ပိုမိုဆန်းသစ်စေရန် နှင့် အသုံးပြုသူတွေအနေနဲ့ ပိုမိုစုံလင်ပြီး စျေးသက်သာတဲ့ စွမ်းဆောင်ရည်မြင့် ကြိုးမဲ့ဆက်သွယ်ရေး ပစ္စည်းတွေ အသုံးပြုနိုင်အောင် " ပါ။
  • Android အနေနဲ့ ပထမဆုံး Open Platform အဖြစ် ကြိုးမဲ့ မိုဘိုင်းဆက်သွယ်ရေး ကိရိယာလောကကို လုံးဝ ပြောင်းလဲဆန်းသစ်စေခဲ့တာတော့ အမှန်ပါ။ Android ရဲ့ မူပိုင်ခွင့်ဟာ မည်သူမဆို၊ မည်သည့် ရည်ရွယ်ချက်အတွက်မဆို လွတ်လပ်စွာ ဆင့်ပွားအသုံးပြုနိုင်တဲ့ မူပိုင်ခွင့်မျိုး ဖြစ်ပါတယ်။
  • ၂၀၀၅ ခုနှစ်မှာ Google က Android Inc., လုပ်ငန်းကိုဝယ်ယူခဲ့ပါတယ်။
  • ၂၀၀၇ ခုနှစ်မှာ OHA ကို ထူထောင်ကြောင်း ကြော်ငြာပြီး Android ကိုလည်း မည်သူမဆို ရယူသုံးစွဲနိုင် သောအရင်းအမြစ် Open Source အဖြစ် တရားဝင်ကြော်ငြာခဲ့ပါတယ်။
  • ၂၀၀၈ ခုနှစ်မှာ Android Software Development Kit (SDK) 1.0 ကို စတင်ဖြန့်ချိခဲ့ပါတယ်။ HTC ကထုတ်လုပ်ပြီး အမေရိက မှာရှိတဲ့ T-mobil ကြိုးမဲ့ဆက်သွယ်ရေး ကွန်ယက်ဝန်ဆောင်မှု ကနေရောင်းချပေးတဲ့ G1 mobile phone မှာ အသုံးပြုခဲ့ပါတယ်။
  • ၂၀၀၉ ခုနှစ်မှာ Android ကို အခြေခံတဲ့ ကိရိယာ မျိုးစုံ ထွက်ပေါ်လာခဲ့ပါတော့တယ်။ Android Operating System ရဲ့ မူကွဲသစ်( New Version ) တွေလည်း ထွက်လာခဲ့တာ အခုဆိုရင် Version 4.0 သို့ရောက်နေပါပြီ ....။
 Credit : ဆရာ ၀င်းဟိန်း (B.C.Tech (UCS.Y) , D.B.S (Y.I.Eco), Dip I.T (NCC, UK) ၏
              Android Application ရေးသားဖန်တီးခြင်းဆိုင်ရာ အခြေခံသဘောတရာများ စာအုပ်မှ...

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top