ကြိုတင်ပြင်ဆင်ခြင်း
CPE ကို အသုံးပြုနိုင်ဖို့အတွက် Configuration ၀င်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းလင်းလွယ်ကူနိုင် ဖို့အတွက် တစ်ဆင့်ချင်း လုပ်ကြည့်ရ အောင်ဗျာ….။ ပထမဆုံး ကိုယ့်အနေနဲ့ ဘယ်လိုအနေအထား (ဥပမာ- ကိုယ်က လွှင့်ပေးမှာလား? ကိုယ်က လက်ခံဖမ်းယူ မှာလား? ဒါမှမဟုတ် ကိုယ်က လွှင့်လည်း လွှင့်ပေးရမယ်၊ ဖမ်းလည်းဖမ်းပေးရမယ် ဆိုတဲ့ အနေအထားလား?) ဆိုတာကို ဆုံးဖြတ်ထားရ မှာဖြစ်ပါတယ်။ အခု ကျွန်တော်တို့ အနေနဲ့ ပိုပြီးပြည့်စုံသွားအောင် လွှင့်လည်းလွှင့်မယ်၊ ဖမ်းလည်းဖမ်းမယ် ဆိုတဲ့ အနေအထား လုပ်ကြည့်ကြပါမယ်…။ ဒီလိုလုပ်ဖို့အတွက် လိုအပ်ချက် တွေကိုအရင်စုဆောင်း ကြရအောင်ပါ…..။ပစ္စည်းကြိုတင်ပြင်ဆင်ခြင်း
CPE TL-WA5210G (၂)လုံး - ဒါကတော့ လွှင့်မဲ့ဘက်မှာ တစ်လုံးသုံးပြီး ၊ ဖမ်းမဲ့ဘက် မှာ တစ်လုံး သုံးပါမယ်။CPE ၀ယ်ယူစဉ်က ပါလာသည့်ပစ္စည်းများ -
Power Adapter
RJ-45 Ethernet Cable
Power Injector
ကွန်ပျူတာ တစ်စုံ - Configuration ၀င်ရာတွင် ဆက်စပ်အသုံးပြုရန် Desktop (သို့) Laptop Computer တစ်စုံ လိုအပ်ပါတယ်။
သီးခြား CAT-6 Network ကြိုးရှည် တစ်ချောင်း - Configuration ၀င်ပြီး လွှင့်မည့် CPE အားတိုင် အမြင့်ဖြင့် လွှင့်တင်ရာတွင် ချိတ်ဆက်ရန် ဖြစ်ပါတယ်။ (ကြိုးအရှည် အတိုင်းအတာ ကတော့ ကိုယ်လွှင့်တင်မည့် အမြင့်အပေါ် တွင် မူတည်ပါသည်။)
Internet Connection - CPE တွေကို Configuration ၀င်ရောက်တဲ့နေရာမှာရော၊ ၀င်ရောက်ပြီးသွားရင် စမ်းသပ်ဖို့ အတွက်ရော Internet Connection ရှိဖို့ လိုအပ်ပါတယ်။
အထွေထွေလိုအပ်ချက် - CPE တွေကို Configuration ၀င်ရောက်ပြီးသွားရင် လိုင်း (Wifi) မိနိုင်တဲ့နေရာတွေကို သိရှိအောင် စမ်းသပ်ဖို့ Laptop (သို့) Wifi Device (eg; iphone, ipad, … ) တစ်ခုခု လိုအပ် ပါတယ်။ Configuration ၀င်ရောက်ပြီး စမ်းသပ်နိုင်ဖို့ အတွက် တစ်ယောက်တည်း မလုပ်ဘဲ လူနှစ်ယောက်သုံးယောက် လောက်စုပေါင်းလုပ်ရင် ပိုပြီး အဆင်ပြေပါတယ်။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea