Monday, June 18, 2012

Pin It

Widgets

CPE TL-WA5210G အသုံးပြုခြင်း - (၃)

ကွန်ပျူတာပိုင်း ကြိုတင်ပြင်ဆင်ခြင်း
CPE ကို Configuration မဝင်ရောက်မီမှာ ကိုယ်အသုံးပြုမဲ့ Computer ထဲက Network Setting တစ်ချို့ကို အနည်းငယ် ပြင်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ တပ်ဆင်မယ့် CPE မှာပါလာတဲ့ မူလ IP Address (192.168.1.254) ကို ကွန်ပျူတာက လက်ခံမှ Configuration ကို ရှေ့ဆက်ပြီးလုပ်နိုင်မှာ မို့လို့ပါ။ Computer မှာ ပြုပြင်ပေးရမဲ့ Network Setting ပိုင်းကို ကျွန်တော်အောက်မှာ အဆင့်လိုက် ပြပေးထားပါတယ်….။

အဆင့် (၁)
ကွန်ပျူတာ ရဲ့ Keyboard မှ Windows Key + R ကိုနှိပ်၍ Run Box ကို ဖွင့်လိုက်ပါ။


အဆင့် (၂)
Run Box ထဲမှာ ncpa.cpa လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။(Network Connections Windows ကိုဖွင့်ခြင်း ဖြစ်ပါတယ်။)
အဆင့် (၃)
ပွင့်လာတဲ့ Network Connections Windows ထဲက Local Area Connection ပုံလေးပေါ်တွင် Right Click နှိပ်၍ ပေါ်လာတဲ့ Menu လေးထဲက Properties ကို နှိပ်လိုက်ပါ။ ( Local Area Connection Properties Box ကို ဖွင့်ခြင်း ဖြစ်ပါတယ်။)
အဆင့် (၄)
ပွင့်လာတဲ့ Local Area Conne-ction Properties Box ထဲက Internet Protocol Version 4(TCP/IPv4) ကို Select လုပ်ပြီး အောက်နားမှာပါတဲ့ Properties ကို နှိပ်လိုက်ပါ။ (Internet Protocol Version 4 (TCP/IPv4) Properties Box ကို ဖွင့်ခြင်း ဖြစ်ပါတယ်။)

အဆင့် (၅)
ပွင့်လာတဲ့ Internet Protocol Version 4 (TCP/IPv4) Properties Box ထဲမှာ Use the following IPaddress ရှေ့နားက အဖြူဝိုင်းလေးကိုနှိပ်ပြီး Select လုပ်လိုက်ပါ။ ပြီးရင် အောက်ပါ အတိုင်း ထည့်ပေး လိုက်ပါ-
IP address: 192.168.1.100
Subnet mask: 255.255.255.0
ပြီးရင်တော့ အောက်ဆုံးနားမှာပါတဲ့ OK ကိုနှိပ်လိုက်ပါ။ နောက် ကျန်နေတဲ့ Local Area Connection Properties Box ကိုလည်း OK နဲ့ ပိတ်လိုက်ပါ။ Network Connections Windows ကိုလည်း ပိတ်လိုက်ပါ။

ဒီလောက်ဆိုရင် CPE Comfiguration လုပ်မဲ့ Computer တစ်လုံးအတွက် Network Setting ပြောင်းလဲပေးတဲ့ အပိုင်း ပြီးဆုံးပါ ပြီ။ (ကျွန်တော်တို့ အနေနဲ့ အဆင့်ဆင့် အသေးစိတ်လေး လုပ်ဆောင်ရမှာမို့ ဒီအချိန်မှာ Internet Connection ကိစ္စကို ခဏလောက် မေ့ထားလိုက်ရမှာ ဖြစ်ပါ တယ်…။ ကိုယ့် ကွန်ပျူတာမှာ Network Card (2) ခုရှိလို့ဆိုပြီး Port တစ်ခုကို Internet ချိတ်ဆက် ထားပြီး နောက် Port တစ်ခုကနေ CPE ကို Configuration ၀င်ဖို့ မကြိုးစားပါနဲ့အုံး….။ မကျွမ်းကျင်ရင် Configuration လုပ်တဲ့နေရာမှာ အဆင်မ ပြေဖြစ်မှာမို့ပါ။)

ကျွန်တော်တို့အနေနဲ့ ပစ္စည်းတွေလည်း စုံနေပြီ၊ ကွန်ပျူတာမှာလည်း Setting ပြောင်းပြီးပြီ ဆိုရင်တော့ စတင်ပြီး Configuration လုပ်လို့ရပါပြီ။ အဓိက ကတော့ လွှင့်မဲ့ CPE နဲ့ ဖမ်းမဲ့ CPE မှာ လွှင့်မဲ့ CPE ကို အရင်ဆုံး Configuration လုပ်ရမှာ ဖြစ်ပါတယ်။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top