မနေ ့က ကားအောက်ပိုင်းလေးစစ်ဘို ့ဝပ်ရှော ့သွားပြတယ်။ နဲနဲကြာတော့ ဖုန်းအင်တာနက်လေးဖွင့်၊ ဟိုကြည့်ဒီကြည့်လုပ်ရင်းထိုင်စောင့်နေမိတယ်။
ရုံးဆင်းကာစ ရုံးကနေတန်းလာတော့ ယူနီဖောင်းကမလဲရသေးဘူးဗျ။ အဲလိုနဲ ့ထိုင်စောင့်နေရင်းမှာပဲ လူတစ်ယောက် ချိုင်းထောက်နဲ ့ကျတော့်ဆီတစ်ဖြေးဖြေးလှမ်းလာနေတာကိုသတိပြုမိတယ်။
ကျတော့်နားကိုရောက်တော့ ကျတော့်ကိုအလေးပြုတယ်။ ကျတော်လဲကြောင်ပြီး အလေးပြန်ပြုမိပါတယ်။ နောက်ပြီးကျတော့်ကို မဝံ့မရဲနဲ ့စကားပြောတယ်။
"ဗိုလ်ကြီး ကျတော် သူတောင်းစားမဟုတ်ပါဘူး "
ကျတော်မျက်မှောင်ကျုံ ့ပြီးပြန်ကြည့်မိတယ်။ ပြီးတော့သူ ့ကိုပြန်ပြောတယ်။
"အင်း...ဘာဖြစ်လိ်ု ့လဲ ပြောလေ"
"ဟုတ်ကဲ့ကျတော် တပ်ထွက်ပါဗိုလ်ကြီး ။ နောင်ချိုတပ်ကပါ။ ဒါကျတော့်တပ်ထွက်လက်မှတ်ပါ"
"သြော်...ဒုတပ်ကြပ်ပဲ။ အခုကဘာဖြစ်လို ့လဲဆရာ"
"ကျတော် ကုတင် ရ၀၀ မှာခြေတုလာလဲတာပါ။ ဧရာဝတီတိုင်း လပ္ပတာ ကနေလာတာပါဗိုလ်ကြီး။ ခြေထောက်ပြတ်တော့ မိန်းမကလဲ ပြေးသွားပြီ။
ရွာမှာတော့ လယ်စောင့်တဲ့အလုပ်လုပ်ပါတယ်။ အခုခြေတုလာလဲတာပါ။
ကျတော်အခု ထမင်းမစားရတာ နှစ်ရက်လောက်ရှိနေလို ့ပါဗိုလ်ကြီး။
အခုဒီလိုလာပြောတာလဲ ဗိုလ်ကြီး ယူနီဖောင်းနဲ ့မို ့လို ့လာပြောတာပါ။
တခြားအရပ်သားတွေကိုလဲမပြောရဲဘူး။ စစ်သားချင်းမို ့လို ့ကျတော်ပြောပြတာပါ။
တခြားသူတွေကိုပြောရင် ကျတော့်ကိုသူတောင်းစားလို ့ထင်မှာစိုးလို ့ပါ။
ကျတော် ပိုက်ဆံတောင်းတာမဟုတ်ပါဘူး။ ဗို်လ်ကြီး ကျတော့်ကို ထမင်းလေးကျွေးရင် ကျေနပ်ပါတယ် ဗိုလ်ကြီးရယ်"
ကျတော်အမှန်တိုင်းဝန်ခံရရင် ရင်ထဲစို ့တက်လာပြီး မျက်ရည်ဝိုင်းသွားတယ်။
"ဖြစ်ရလေဗျာ"
"ခင်ဗျားခြေထောက်ကဘယ်မှာပြတ်တာလဲ"
"ထီးမူခီး အဝင်မှာပါဗိုလ်ကြီး"
"သြော်...အခုဘယ်သူနဲ ့နေလဲ"
"ကျတော်တစ်ယောက်ထဲပဲနေပါတယ်။ ဆွေမျိုးလဲမရှိဘူးလေ"
ကျတော်သိချင်တာလေးတွေသူ ့ကိုမေးနေမိတယ်။
ကျတော်တို ့စကားပြောနေတာကို ဘေးကဝပ်ရှော ့ကကောင်လေးတွေနဲ ့ကားပြင်ဆ
ရာတွေကဝိုင်းကြည့်နေတယ်။ သူတို ့စိတ်ထဲမှာ အထင်သေးနေတာလား
၀မ်းနည်းနေတာလား ကျတော်မသိဘူး။ ကျတော်စိတ်ထဲမှာအဲဒီအချိန်ကျတော်သိတာတစ်ခုပဲရှိတယ်။
ကျတော်သူ ့အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတာပဲ။
ကျတော်ပြောပြောဆိုဆိုနဲ ့။ သူ ့လက်ထဲပိုက်ဆံတစ်သောင်းထဲ့ပေးလိုက်တယ်။
ကျတော့်မှာလဲသိပ်ရှိလွန်းလို ့တော့မဟုတ်ပါဘူး တတ်နိုင်သလောက်ပါပဲ။
"ကျေးဇူးတင်လိုက်တာဗိုလ်ကြီးရယ်ဗိုလ်ကြီးကျေးဇူးကျတော်မမေ့ပါဘူး"
"ရပါတယ်ဗျာ စစ်သားအချင်းချင်းပဲ"
"ခင်ဗျားမှတ်ထား စစ်သားဆိုတာ အရင်ကစစ်သားပဲဖြစ်ခဲ့ဖြစ်ခဲ့
အခုစစ်သားပဲဖြစ်နေဖြစ်နေ အားလုံးဟာ ရဲဘော်ရဲဘက်ပဲ"
ကျတော်တို ့ပြောနေတာကိုကြည့်ပြီး ဘေးကကားပြင်နေတဲ့ကားပြင်ဆရာက
သူ ့လက်ထဲကို ပိုက်ဆံတစ်သောင်းထပ်ထဲ့ပေးတယ်။
ကျတော်ကအမြင်လွဲသွားမှာစိုးလို ့
"သူ သူတောင်းစားမဟုတ်ဘူး ကားဆရာ"
"ကျတော် ဗိုလ်ကြီးတို ့ပြောနေတာတွေအကုန်ကြားပါတယ်။ ဒါလဲကျတော်တတ်နိုင်သလောက်ကူညီတာပါ"
ကျတော်အရမ်းဝမ်းသာသွားပါတယ်
သူ ့ကိုယ်စားကျေးဇူးတင်ပါတယ်လို ့လဲ ကားပြင်ဆရာကိုပြောလိုက်တယ်။
စစ်ထွက်ကြီးကတော့ ကျတော့်ကို ချိုင်းထောက်တစ်ဘက်နဲ ့အလေးပြုတယ်။
ကျတော်သတိကိုမတ်နေအောင်ဆွဲပြီး ပြန်အလေးပြုလိုက်တယ်။
ကျတော့်ပုံစုံက ကြောင်ရင်ကြောင်သွားနိုင်တယ်။ ဒါပေမယ့်ကျတော်မရှက်ပါဘူး
"ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား သံယောဇဉ်တရား သစ္စာစောင့်သိမှုတရားပင်ဖြစ်သည် "
One time Soldier everytime Soldier
ထူးဝေ
Facebook Share
ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ သံယောဇဉ်တရာ၊ သစ္စာတရားတွေက ငြိမ်းချမ်းရေးတရားတွေပါ။
ReplyDeleteလူသားတိုင်း မှာ အဲ့ဒီတရားတွေ ရှိသင့်ပါတယ်။