ဒါတွေကို မသိနိုင်ပါဘူး ...။
ဒီနေ့ Facebook မှာ မွှေနှောက်ယင်း ကိုယ့် Profile စာမျက်နှာကို ၀င်ရောက်တဲ့ သူငယ်ချင်းတွေကို စစ်ဆေးလို့ရတဲ့ နည်းလေး တွေ့ခဲ့တာနဲ့ Post ရေးလိုက်တာပါ ...။ ကဲ ... စစ်ကြည့်ရအောင် ...။
အဆင့်(၁)
ကိုယ့်ရဲ့ Facebook အကောင့်ကိုသုံးပြီး www.facebook.com သို့ LogIn ၀င်ရောက်လိုက်ပါ။ပြီးရင် Facebook စာမျက်နှာရဲ့ စာသားတွေ၊ ပုံတွေ နဲ့ လွတ်တဲ့ တစ်နေရာရာမှာ Mouse ကို Right Click နှိပ်လိုက်ပါ။ အောက်က ပုံလေးလို Menu လေးတစ်ခု ကျလာပါမယ် ...။ အဲဒီထဲက View Page Source ဆိုတာလေးကို နှိပ်လိုက်ပါ။
နောက်ထပ် Windows တစ်ခုပွင့်လာပြီး Code တွေအများကြီး ရေးထားတာကို တွေ့ရပါမယ် ...။ စိတ်မရှုတ်သွားပါနဲ့အုံး .... :) ။
အဆင့်(၂)
အဲဒီ Code တွေပါတဲ့ Windows ကိုဖွင့်ထားရင်း Keyboard က Ctrl+F ကိုနှိပ်လိုက်ပါ။ (သို့မဟုတ်) အဲဒီ windows ရဲ့ Edit > Find ကို နှိပ်လိုက်ပါ။windows ရဲ့ အောက်နားလေးမှာ Find bar လေးတစ်ခုပေါ်လာပါမယ်။ အဲဒီထဲက Find ဆိုတဲ့ အကွက်ထဲ မှာ OrderedFriends ဆိုတာလေး ရိုက်ထည့်လိုက်ပြီး
Enter နှိပ်လိုက်ပါ။ Code တွေထဲမှာ အဲဒီစကားလုံး ရှိတဲ့နေရာကို ပြပေးပါလိမ့်မယ်။
ဒီစကားလုံးရဲ့ နောက်နာမှာ {"list":[ ဆိုတာလေး ပါပါမယ် ....။ အဲဒီနောက်မှာမှ ဂဏန်းတွေ အများကြီးနဲ့ ရေးထားတဲ့ Code တွေကို တွေ့ပါမယ် ....။ ဂဏန်းအုပ်စု တစ်ခုစီကို " " နဲ့ ခွဲခြားပြီး ရေးပေး ထားပါတယ် ...။ ပထမဆုံးတွေ့တဲ့ ဂဏန်းတွေကို Select လုပ်ပြီး Copy ကူးယူလိုက်ပါ။ (Copy ကူးတဲ့ အခါ " " တွေကို ကူးစရာမလိုပါဘူး ။ ဂဏန်းတွေကိုဘဲ ကူးရပါမယ်။)
အဆင့်(၃)
Browser မှာ New Tab တစ်ခုဖွင့်လိုက်ပါ။ ပြီးရင် Address Bar မှာ www.facebook.com/ လို့ရိုက်ပြီး ကီးဘုတ်က Ctrl+V ကိုနှိပ်၍ ခုနက Copy ယူလာတဲ့ ဂဏန်းတွေကို Paste လုပ်လိုက်ပါ။ ဥပမာ -www.facebook.com/100000000000000 ဆိုပြီး ဖြစ်သွားပါမယ်။ ကီးဘုတ်က Enter ကိုနှိပ်လိုက်ပါ။
ကိုယ့်သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ Profile Page တစ်ခု ပွင့်လာပါမယ် ...။
အဲဒီသူငယ်ချင်းဟာ ကိုယ့်ရဲ့ Profile ကို အများဆုံး ၀င်ရောက်ကြည့်ရှုသူဘဲ ဖြစ်ပါတယ် ...။
ဒီလိုဘဲ နောက်ကျန်တေသေးတဲ့ ဂဏန်းတွေကို စစ်ကြည့်လို့ရပါတယ် ...။
Code တွေရဲ့ အသေးစိတ်ကိုတော့ ကျွန်တော်သေချာနားမလည်ပါ ...။
အမှားပါရင် ခွင့်လွှတ်နားလည်ပေးကြစေချင်ပါတယ် ....။
ခင်မင်လေးစားစွာဖြင့် ....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea