Blog ရေးသားရာမှာ အသုံးပြုရတာ အများဆုံးကတော့ Template ထဲသို့ ၀င်ရောက်ပြီး HTML Code တွေထည့်သွင်းပေးရတဲ့ အလုပ်ပါ ....။ ကိုယ့် Blog ရဲ့ Style ကိုပြောင်းလဲချင်တဲ့အခါ၊ Gadget တွေထပ်ထည့်ချင်တဲ့အခါ၊ Blog နဲ့ပတ်သက်ပြီး မလိုအပ်တာတွေ ဖျက်ထုတ်လိုတဲ့ အခါ စသည်ဖြင့် အသေးစိတ် လုပ်ချင်ရင်တော့ Template သို့ ၀င်ရောက်ပြုပြင်ကြရမှာ ဖြစ်ပါတယ်...။ ဒီလို Template သို့ ၀င်ရောက်နည်းလေးကို Blog စတင်ရေးသားမဲ့ မိတ်ဆွေတွေအတွက် အခြေခံလေး အဖြစ် ရေးပေးပါ့မယ်...။
(၁) www.blogger.com သို့ ၀င်ရောက်ပြီး မိမိ Blog တည်ဆောက်ထားတဲ့ Gmail အကောင့်ဖြင့် Login ၀င်ရောက်လိုက်ပါ။
(၂) မိမိ Blog အမည်ပေါ်တွင် Click နှိပ်ပြီး ကိုယ့် Blog ရဲ့ Dashboard သို့ ၀င်ရောက်လိုက်ပါ။
(၃) Blog Dashboard ရဲ့ ဘယ်ဘက်ခြမ်းမှ Template ဆိုတာကို နှိပ်လိုက်ပါ။
(၄) ညာဘက်ခြမ်းတွင် ပေါ်လာသည့် မြင်ကွင်းမှ Edit HTML ဆိုတာလေးကို နှိပ်လိုက်ပါ။
(၅) ထပ်မံမေးလာသည့် Box လေးမှ Proceed ဆိုတာလေးကို နှိပ်လိုက်ပါ။
(၆) တစ်ချို့ Code ထည့်သွင်းရာတွင် အပေါ်ဆုံးမှ Expand Widget Templates ဆိုတဲ့ စာကြောင်းလေး ရှေ့က Box အဖြူလေးကို Click နှိပ်ပြီး အမှန်ခြစ်ပေးရပါတယ်။
ဒါဆိုရင်တော့ ကျွန်တော်တို့ ၀င်ရောက်လိုတဲ့ Template ထဲသို့ရောက်ရှိသွားပြီဖြစ်ပြီး လိုအပ်တဲ့ Code တွေကို ပြင်ဆင်နိုင်ပြီ ဖြစ်ပါတယ်။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea