ဒီ Gmail အနေနဲ့ လုံခြုံမှုရှိအောင် ဆောင်ရွက်ထားတယ် ဆိုပေမဲ့ တစ်ခါတစ်ရံမှာ အကြောင်းအမျိုး မျိုးကြောင့် အကောင့်ဝင်မရတာ၊ အဆင်မပြေတာတွေ ရှိနေတတ်ပါတယ် ....။ Gmail ကို အပျော်သဘော Chatting အတွက် အသုံးပြုကြတဲ့သူတွေ ရှိသလို တကယ်အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပေး ပို့ခြင်း၊ ရုံးလုပ်ငန်း တွေအတွက် အသုံးပြုခြင်း၊ ကုမ္ပဏီ၊ ဆိုင် လုပ်ငန်းတွေအတွက် အသုံးပြုခြင်းတွေကို လည်း ဆောင်ရွက်နေကြပါတယ် ....။ ဒီတော့ ကိုယ်အသုံးပြုနေတဲ့ Gmail ကို Back Up လုပ်ထားခြင်း အားဖြင့် အကြောင်းတစ်စုံတစ်ရာကြောင့် ပျောက်ရှ၊ ပျက်စီးခဲ့မယ်ဆိုရင်တောင် နောက်ထပ် Gmail အသစ်တစ်ခု ရယူပြီး ယခင်အကောင့်ထဲက အချက်အလက် mail တွေကို Restore ပြန်လုပ်နိုင်မှာ ဖြစ် ပါတယ် ....။
တကယ်တော့ Gmail Backup and Restore ပိုင်းနဲ့ပတ်သက်ပြီး Internet ပေါ်မှာရေးသားထားတာတွေ အများကြီးရှိပါတယ် ....။ အဲဒီထဲကမှ အသုံးပြုလုပ်ဆောင်ရ လွယ်ကူတဲ့ နည်းလမ်းလေးကို ဆွေးနွေးချင်ပါတယ်။ (ကျွန်တော့်သူငယ်ချင်းရဲ့ Creation for life! blog မှာရေးသားထားတာကို ကိုးကားပြီးဆွေးနွေးခြင်း ဖြစ်ပါတယ်။)
ပထမဆုံး အောက်မှာပေးထားတဲ့ Installer ကို Download ရယူလိုက်ပါ။
gmail-backup-0.107 (for Windows OS)(ဖိုင် Size အနေနဲ့ 4.370 MB ရှိပါတယ် ...။)
Download ပြီးသွားရင် ရလာတဲ့ gmail-backup-0.107.exe ဖိုင်ကို Double Click နှိပ်ပြီး Run လိုက်ရ ပါမယ်။ Install လုပ်တဲ့ အပိုင်းကတော့ သာမန်လုပ်နည်းတွေလိုပါဘဲ ....။ Post ရှည်မှာစိုးတဲ့ အတွက် အသေးစိတ် မရေးတော့ပါဘူး ခင်ဗျာ ...။ အောက်မှာ ကျွန်တော် Screenshot လုပ်ထားတဲ့ ပုံလေးတွေ ရဲ့ Link တွေပေးထားပါတယ်။ Link ပေါ်မှာ click နှိပ်ပြီးကြည့်နိုင်ပါတယ်။ (ပုံတွေထည့်ရင် Post တွေဖတ်ရတာ အဆင်မပြေမှာ စိုးလို့ပါ။)
ပုံ(၁) ၊ ပုံ(၂) ၊ ပုံ(၃) ၊ ပုံ(၄) ၊ ပုံ(၅) ၊ ပုံ(၆)
Install လုပ်ပြီးရင်တော့ GMail Backup ဆိုတဲ့ Icon shortcut တစ်ခု Desktop ပေါ်မှာရောက်နေပါမယ်။
(ဒီအချိန်မှာ Browser မှာ Gmail ဖွင့်ထားတယ် ဆိုရင် ခေတ္တပိတ်ထားလိုက်ပါ။ မလိုအပ်ဘဲ ရှုပ်ထွေးမှာ စိုးလို့ပါ။)
Desktop ပေါ်က GMail Backup Icon ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။ အောက်က ပုံလေးလို ပွင့်လာပါမယ်...။
အဲဒီထဲမှာပါတဲ့ အချက်အလက်တွေကို ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်....
Gmail login: ဒီနေရာမှာ ကိုယ် Backup လုပ်ချင်တဲ့ Gmail လိပ်စာအပြည့်အစုံကို မှန်ကန်အောင် ရိုက်ထည့်ပေးရပါမယ်။
Gmail password: ဒီနေရာမှာ အပေါ်ကထည့်သွင်းထားတဲ့ Gmail ရဲ့ password အမှန်ကို ရိုက်ထည့် ပေးရပါမယ်။
Backup folder: ဒီနေရာမှာ ကိုယ်Backup လုပ်ပြီးသိမ်းထားချင်တဲ့နေရာကို ရွေးပေးရပါမယ်။ ကိုယ့်စိတ်ကြိုက်နေရာ ရွေးဖို့အတွက် ညာဘက်မှာပါတဲ့ Directory ကိုနှိပ်ပြီး ရွေးချယ်သတ်မှတ်ပေး လို့ရပါတယ်။
Since date:/ Before date: ဆိုတာကတော့ ကိုယ် Backup လုပ်ချင်တဲ့ ရက်ကာလကို သတ်မှတ်ပေး လို့ရပါတယ်။ သူ့ရဲ့ မူရင်းအနေနဲ့ကတော့ Newest emails only ဆိုတဲ့ box လေးကို အမှန်ခြစ်ပေးထား ပြီး email အသစ်တွေကို backup လုပ်ဖို့လို့ဘဲ ပြောထားပါတယ်။ တကယ်လို့ ကိုယ့်အနေနဲ့ အရင် email အဟောင်းတွေကိုပါ backup လုပ်ချင်တယ်ဆိုရင်တော့ အဲဒီအမှန်ခြစ်လေးကို ဖြုတ်လိုက်ပြီး ဒီဘက်က ရက်စွဲတွေကို ကိုယ်ကြိုက်သလို သတ်မှတ်ပေးလို့ ရပါတယ်။
တစ်ခုသတိထားရမှာက email အများကြီးကို Backup လုပ်မယ်ဆိုရင် အချိန်တော်တော်ကြာပေးရမှာ ဖြစ်ပါတယ် ...။ ဒါ့ကြောင့် ကိုယ့်ရဲ့ Mail Inbox ထဲက မလိုအပ်တဲ့၊ အရေးမကြီးတဲ့ Mail တွေကိုအရင် သွားရောက် ဖျက်ထားပြီးမှ Backup လုပ်ရင် ပိုကောင်းပါတယ်။အားလုံးထည့်သွင်းပြီးသွားရင်တော့ အောက်ဆုံးဘယ်ဘက်က Backup ဆိုတဲ့ ခလုတ်လေးကို နှိပ်ရမှာ ဖြစ်ပါတယ် ...။ ဒီနေရာမှာ Program အနေနဲ့ မိမိရဲ့ Gmail အကောင့်သို့ ချိတ်ဆက်ပြီး Backup process ကို စတင်လုပ်ကိုင်မှာဖြစ်ပါတယ် ...။ email အရေအတွက် အနည်းအများပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ် ....။
ပြီးသွားပြီဆိုရင်တော့
Ending backup of account (သင့် email လိပ်စာ)
ဆိုပြီး စာကြောင်းလေးပေါ်လာ ပါမယ်။ ဒါဆိုရင်တော့ Gmail ကို Backup လုပ်တဲ့ အပိုင်းပြီးပါပြီ။ အောက်ဆုံးညာဘက်အစွန်မှာပါတဲ့ Quit ကိုနှိပ်ပြီး ပိတ်လိုက်လို့ ရပါတယ် ....။ ပြီးရင် ကိုယ် Backup လုပ်ဖို့ရွေးချယ်ပေးခဲ့တဲ့ folder သို့သွားရောက် ပြီး စစ်ဆေးကြည့်နိုင်ပါတယ် .....။
ဟုတ်ပြီ .... အခုကျွန်တော်တို့ Backup လုပ်ထားတဲ့ Gmail ဟာအကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားတယ် ဆိုကြပါစို့ .....။ စိတ်ပူစရာ မလိုပါ ....။
နောက်ထပ် Gmail တစ်ခုရှိသေးရင် ခုနေ Backup လုပ်ထားတဲ့ email တွေကို အဲဒီ နောက်ထပ် Gmail သို့ Restore ပြုလုပ်ပြီးထည့်သွင်းနိုင်ပါတယ် ....။ (မရှိရင် Gmail အသစ်တစ်ခုရယူပြီး လုပ်နိုင်ပါတယ်။)
ဥပမာ- ကျွန်တော်တို့ ခုနက Backup လုပ်လိုက်တာက Gmail-1 ဆိုပါစို့၊ နောက်ထပ်အသစ်က Gmail-2 ဆိုပါစို့ ....။
Gmail-1 ကို Backup လုပ်လို့ရထားတဲ့ file တွေကိုသုံးပြီး Gmail-2 ထဲသို့ Restore လုပ်ကြည့်ကြပါမယ်။
ပထမဆုံး GMail Backup program ကိုဖွင့်လိုက်ပါ။ သူမေးတဲ့ အချက်အလက်တွေကို Gmail-2 နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ထည့်ပေးလိုက်ပါ။ Backup folder နေရာမှာ ကျွန်တော်တို့ Gmail-1 ကို Backup လုပ်တုန်းက ထားခဲ့တဲ့ folder ကိုဘဲ ရွေးပေးရပါမယ်။ ရက်တွေကိုလည်း Gmail-1 ကိုလုပ်ခဲ့တုန်းကလိုဘဲ ပေးလိုက်ပါ။ ပြီးရင်တော့ အောက်ဆုံးမှာပါတဲ့ Restore ဆိုတာလေးကို နှိပ်ပေးလိုက် ပါ။ Computer မှ Gmail-2 သို့ ချိတ်ဆက်ပြီး ကွန်ပျူတာထဲမှ Backup file တွေကို Gmail-2 သို့ Restore ပြန်လုပ်ပေးနေပါလိမ့်မယ်။ Backup file ပမာဏအပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ် ....။ အားလုံးပြီးသွားရင်တော့
End of restoring of account Gmail-2
ဆိုပြီးပေါ်လာပါမယ်။ Quit နဲ့ပိတ်လိုက်လို့ ရပါပြီ။ ဒီနေရာမှာ ကိုယ့်ရဲ့ အကောင့်အသစ်ထဲသို့ အကောင့် အဟောင်းမှ email တွေကို Restore လုပ်တဲ့ အပိုင်းပြီးပါပြီ ....။
ပိုပြီးသေချာအောင် စစ်ကြည့်ဖို့အတွက် Gmail ကိုဖွင့်ပြီး Gmail-2 အကောင့်နဲ့ ၀င်ရောက်လိုက်ပါ။ Inbox ထဲမှာ ကိုယ် Backup လုပ်ထားတဲ့ Email တွေရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ် .....။
ကိုယ့် Gmail ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ပြန်လည်ဆယ်တင်နိုင်ကြပါစေ ခင်ဗျာ .....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea