Friday, September 21, 2012

Pin It

Widgets

Mozilla Firefox အကြောင်း လေ့လာမိသမျှ ....

တကယ်တော့ Firefox လို့ပြောလိုက်ရုံနဲ့ Internet အသုံးပြုသူတြွေကားထဲမှာ မသိတဲ့သူ မရှိလောက်အောင် ရင်းနှီးပြီးသားပါ။ ဒီအခေါ်အဝေါ်နဲ့ ရင်းနှီးတယ် ဆိုပေမဲ့ သူနဲ့ပတ်သက်တဲ့ အကြောင်း အရာလေးတွေကိုတော့ မသိတဲ့သူတွေ ရှိနေအုံးမယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ လေ့လာမိသလောက် Mozilla Firefox Web Browser အကြောင်းကို ဒီ Post မှာ ဆွေးနွေးချင်ပါတယ်။
တကယ်တော့ Firefox ဆိုတာဟာ Mozilla Suite (m/b (or mozilla/browser)) ကို လက်တွေ့စမ်းသပ် ရာကနေ ရရှိလာတဲ့ အသီးအပွင့်လေး တစ်ခုပါ။ ဒီစမ်းသပ်မှုကို ပြုလုပ်ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလ မှာတော့ Phoenix ဆိုတဲ့ အမည်နဲ့ စတင်ထွက်ပေါ်လာခဲ့ပါတယ်။
ဒီ Phoenix ဆိုတဲ့ နာမည်နဲ့ ၂၀၀၃ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့ထိ ရပ်တည်နေနိုင်ခဲ့ပေမဲ့ BIOS ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Phoenix Technologies နဲ့အမည်တူနေတာကြောင့် ကုန်အမှတ်တံဆိပ် ဆိုင်ရာ အငြင်းပွားမှုကို ကြုံခဲ့ပါတယ်။ ဒါ့ကြောင့် Firebird ဆိုတဲ့ အမည်သစ်ကို ပြောင်းလဲသုံးစွဲခဲ့ပေမဲ့ လည်း Firebird database server ဆိုတဲ့ အမည်တစ်ခုက ရှိနှင့်ပြီးသား ဖြစ်နေပြန်ပါတယ် ....။ ဒါကို ရှောင်လွှဲနိုင်အောင် Mozilla Firebird လို့ခေါ်တွင်ခဲ့ပေမဲ့ သိပ်မထူးခဲ့ပါဘူး။ ဒီ Firebird database server အဖွဲ့ရဲ့ အမည်နဲ့ပတ်သက်တဲ့ ဖိအားပေးမှုတွေကို ခံလာရတဲ့အချိန် ၂၀၀၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄) ရက်နေ့မှာတော့ သူတို့ရဲ့ လုပ်ငန်းစဉ်ကြီးကို Mozilla Firefox (အတိုကောက်အနေနဲ့ Firefox) ဆိုပြီး အမည်ပေးကင်းပွန်းတပ်ခဲ့ပါတော့တယ်။ ဒီအမည်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။

Mozilla Firefox ကို ရေးသားခဲ့ကြတဲ့ software developer တွေထဲမှာတော့ Dave HyattHe was born in June 28, 1972 နှင့် Blake Aaron RossHe was born in June 12, 1985 တို့က အဓိကကျတဲ့ သူတွေပါ။
၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့မှာ Mozilla Firefox Version 1.0 ကို စတင်ဖြန့်ဝေခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ -


၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ (၂၉) မှာ Version 1.5
၂၀၀၆ ခုနှစ်၊ အောက်တိုဘာ (၂၄) မှာ Version 2.0
၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၇) မှာ Version 3.0
၂၀၀၉ ခုနှစ်၊ ဇွန်လ (၃၀) မှာ Version 3.5
၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ (၂၁) မှာ Version 3.6
၂၀၁၁ ခုနှစ်၊ မတ်လ (၂၂) မှာ Version 4.0
တို့ကို ရေးသား ဖြန့်ဖြူးပေးခဲ့ပါတယ် ....။
၂၀၁၁ ခုနှစ်၊ ဧပြီလ နောက်ပိုင်းမှာတော့ Mozilla အနေနဲ့ Software Version မြှင့်တင်မှုအရှိန်အဟုန်ကို တိုးမြှင့်လိုက်ပြီး တစ်ခြားသော Browser Version များနှင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးစားခဲ့ကြပါတော့တယ်။
၂၀၁၁ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာတော့ Version 5 ကို ထုတ်ဝေခဲ့ပြီး Browser မြန်နှုန်းမြင့်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ် ...။ အဒီက ပြိုင်ဘက်အနေနဲ့ Google chrome ဖြစ်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှာ Version 6.0
၂၀၁၁ ခုနှစ်၊ စက်တင်ဘာ (၂၇) မှာ Version 7
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ (၈) မှာ Version 8
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၂၀) မှာ Version 9
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ (၃၁) မှာ Version 10
၂၀၁၂ ခုနှစ်၊ မတ်လ (၁၃) မှာ Version 11
၂၀၁၂ ခုနှစ်၊ ဧပြီလ (၂၄) မှာ Version 12
၂၀၁၂ ခုနှစ်၊ ဇွန်လ (၅) မှာ Version 13
၂၀၁၂ ခုနှစ်၊ ဇွန် (၂၆) မှာ Version 14.0
တို့ကို ထုတ်ဝေခဲ့ပြီး အခုနောက်ဆုံး Version ဖြစ်တဲ့ Version 15 ကိုတော့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ....။
Mozilla အနေနဲ့ Version အသစ်တစ်ခု မဖြန့်ဝေခင်မှာ beta version, alpha version, pre-alpha version တွေအနေနဲ့ စမ်းသပ်ထုတ်ဝေပြီးမှ နောက်ဆုံးပြီးပြည့်စုံတဲ့ Version ကို ထုတ်ဝေတာ ဖြစ်ပါတယ်။ ဒီလို အသစ်ထုတ်ဝေလိုက်တိုင်းမှာလည်း အသစ်အသစ်သော နည်းပညာတွေနဲ့ သူတို့ရဲ့ Browser ကို တန်ဆာဆင်ခဲ့ကြပါတယ်။

နောင်ထွက်လာမဲ့ Version တွေကိုလည်း ကြိုတင် ကြော်ငြာထားပါသေးတယ်။
Version 16 အနေနဲ့က Beta အခြေအနေမှာရှိနေပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့မှာ ဖြန့်ဝေမှာ ဖြစ်ပါတယ်။

Version 17 အနေနဲ့ကလည်း Alpha အဆင့်ဖြစ်တဲ့ Aurora အခြေအနေမှာ စမ်းသပ်နေပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့မှာ ဖြန့်ဝေမှာပါ။ သူနဲ့ အတူ Firefox 17 ESR ကိုလည်း ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

Version 18 အနေနဲ့ကတော့ Pre-Alpha အဆင့်ဖြစ်တဲ့ Nightly အခြေအနေမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုတော့ နှစ်သစ်ကူးလက်ဆောင် အဖြစ် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှာ ဖြန့်ဝေမှာ ဖြစ်ပြီး Download Manager ပိုင်းဆိုင်ရာ Feature တွေကိုပါ ထည့်သွင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်.....။

တကယ်တော့ Mozilla Firefox ရဲ့ ဘဝလမ်းဟာ ကြမ်းတမ်းခဲ့ပြီး ပြိုင်ဘက်တွေနဲ့ အမြဲယှဉ်ပြိုင်နေခဲ့ ရတာပါ။ Browser ရဲ့ မြန်နှုန်း၊ လုံခြုံမှု၊ ပေါ့ပါးမှု တွေအပြင် အသုံးပြုသူ တွေအတွက် Feature တွေ ပိုမိုပြည့်စုံဖို့ ကြိုးစားထုတ်ဝေ နေတာတော့ လက်တွေ့ပါဘဲ .....။ ဒီတော့ ကျွန်တော်တို့ အသုံးပြုသူ တွေအနေနဲ့ကလည်း နောက်ပိုင်းထွက်ပေါ်လာမဲ့ Version တွေမှာ ဘာတွေများ အသစ်ထပ်မံ ထည့်ပေးမလဲ ဆိုတာကို စောင့်မျှော်ကြပါစို့လို့ ဆွေးနွေးရင်း ......
C R E D I T: en.wikipedia.org

အောင်မြင်ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ ....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top