ကလေးများအတွက် လို့သာပြောတာပါ .... တကယ်တော့ ကွန်ပျူတာ စ,သင်တဲ့ သူတွေအတွက် တော်တော် အသုံးတည့်တဲ့ Software လေးတစ်ခု ဖြစ်ပါတယ်။ ကွန်ပျူတာ သင်တန်းတွေမှာ Typing လေ့ကျင့်ခန်းတွေဘဲ သင်ပေး၊ လေ့ကျင့်ပေးကြတာကို တွေ့ဖူးပါတယ်။ တကယ်တော့ ကွန်ပျူတာ စသင်တဲ့ အချိန်မှာ Keyboard ထက် Mouse က ပိုပြီးတော့ ဒုက္ခပေးတာကို တွေ့ဖူးပါတယ်။ Keyboard ဆိုတာက Key တွေကို လက်လေးနဲ့ နှိပ်ရတော့ အခက်အခဲ မရှိပါဘူး ....။ Mouse ကျတော့ သေချာကိုင်ပြီး Pointer လေးကို ရွေ့တာတောင် လိုတဲ့နေရာရောက်ဖို တော်တော်ကြိုးစားခဲ့ကြရတာပါ ....။ အခုကျွန်တော်ပြောတဲ့ Mouse Trainer လေးကတော့ ဒီအခက်အခဲအတွက် ကူညီဖြေရှင်းပေးပါလိမ့်မယ်။
သူ့ထဲမှာ Mouse ကို ဘယ်လိုကိုင်ရမယ်။ Click လုပ်တယ် ဆိုတာဘာကိုခေါ်တယ်။ Double Click လုပ် တယ်ဆိုတာ ဘာကိုခေါ်တယ်။ ဘယ်လိုလုပ်ရတယ်။ Drag လုပ်တယ်၊ Select လုပ်တယ်ဆိုတာ ဘာကိုခေါ်တယ် ဆိုပြီး အသေးစိတ် ရှင်းပြထားသလို ပျော်ပျော်ပါးပါးလေ့ကျင့်နိုင်အောင် Game လေးတွေနဲ့ လေ့ကျင့်ခန်းတွေပါ ထည့်ပေးထားပါတယ်။ လေ့ကျင့်ခန်းတွေမှာလည်း ပြိုင်လို့ရအောင် အတွက် အမှတ်ပေးစနစ်တွေပါရှိပါသေးတယ်။ ကွန်ပျူတာသင်တန်းတွေ၊ ကျောင်းတွေ အတွက် အထူးသင့် တော်သလို မိမိကိုယ်တိုင် လေ့ကျင့်ချင်သူတွေအတွက်လည်း တကယ်ကောင်းမွန်တဲ့ Software လေးတစ်ခုပါ။
Software ဆိုပေမဲ့ File Size က 930 KB ဘဲရှိတာမို့ ပေါ့ပေါ့ပါပါး ပါဘဲ။ Serial Key တွေ၊ Crack တွေမလို ဘဲ အပြည့်အဝ အသုံးပြုလေ့ကျင့်နိုင်တဲ့ Freeware Software တစ်ခုလည်း ဖြစ်ပါတယ်။
သူ့ကို Windows 95/98/Me/NT/2000/XP/Vista/7 တွေမှာ အသုံးပြုနိုင်ပါတယ်။
ဘာသာစကား အနေနဲ့လည်း English အပါအဝင် (၁၆) မျိုးနဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Mouse Trainer Software လေးကို လိုချင်ရင် ဒီနေရာမှာ သွားရောက်ယူနိုင်ပါတယ်။
Install လုပ်နည်းက လွယ်ပါတယ်...
(၁) ရလာတဲ့ mousetr.exe file ကို Double click နဲ့ ဖွင့်(Run) လိုက်ပါ။ (Select လုပ်ပြီး Enter နှိပ်ရင်လည်း ရပါတယ်။)
(၂) Next နဲ့ ဆက်သွားပါ။
(၃) Select Destination Location windows ပွင့်လာရင် Next ကိုနှိပ်ပါ။
(၄) Select Start Menu Folder windows ပွင့်လာရင် Next ကိုနှိပ်ပါ။
(၅) Ready to Install windows ပွင့်လာရင် အောက်မှာပါတဲ့ Install ကိုနှိပ်ပါ။
(၆) Completing the Mouse Trainer Setup Wizard windows ပွင့်လာရင် အောက်မှာပါတဲ့ Finish ကိုနှိပ်ပေးလိုက်ပါ။
Install ပိုင်းပြီးပါပြီ။ Mouse Trainer ပွင့်လာရင် ပထမဆုံး Language မှာ ကိုယ်သုံးချင်တဲ့ (ဥပမာ English) ကိုနှိပ်ပြီး Next ကိုနှိပ်ပါ။ (သို့မဟုတ်) ကီးဘုတ်မှ Enter ကိုနှိပ်လိုက်ပါ။
သူပေးထားတဲ့ Tab လေးတွေထဲမှာ လေ့လာဖတ်ကြည့်လို့ ရသလို လေ့ကျင့်စရာလေ့ကျင့်ခန်းတွေကို လည်း ထည့်ပေးထားပါတယ်.....။
သုံးကြည့်ရင် အကြိုက်တွေ့မယ် ထင်ပါတယ် .....။
ကွန်ပျူတာ ကျွမ်းကျင်ပြီးသားလူတစ်ယောက်အတွက် Double Click ဆိုတာ ရယ်စရာကောင်းနေပေမဲ့ ကွန်ပျူတာကို အခုမှစ,သင်တဲ့ သူတစ်ယောက်အတွက်တော့ Double Click ဟာ ချွေးပြန်စေအောင် ဒုက္ခပေးတတ်တာမို့ ..... ဒီပြဿနာကို Mouse Trainer လေးက ကူညီပေးပါလိမ့်မယ် ဆိုတာ ပြောရင်...
အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ......။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea