Saturday, September 29, 2012

Pin It

Widgets

ဓမ္မဒါန စာရွက်လေး တစ်ရွက် ......

ဒီနေ့ Blog ရေးနည်း အခြေခံလေးတွေကို ရေးနေရင်း အသက်(၂၀) ပတ်ဝန်းကျင် ကောင်လေး တစ်ယောက် ရောက်လာတယ် ..... လက်ထဲမှာလည်း စာရွက် တစ်ထပ်ကြီးနဲ့ ..... မိုးတွင်းဆိုတော့ ရေစိုမှာစိုးလို့ထင်တယ် စာရွက်တွေကို ပလပ်စတစ်အိတ်လေးနဲ့ ထည့်ထားတယ် ....။
ပထမတော့ ကျွန်တော်သတိမထားမိဘူး ...... Blog Post အတွက် စာရေးလိုက်၊ Scream Shoot လုပ်လိုက်၊ Upload တင်လိုက်နဲ့ အလုပ်ရှုတ်နေလို့လေ.....
"အစ်ကို .... ဓမ္မဒါန ဖြန့်ဝေတာပါ ခင်ဗျာ ..."
ဆိုတဲ့ စကားသံကြားမှ ခေါင်းမော့ကြည့်လိုက်တော့ အဲဒီကောင်လေးကို တွေ့တာပါ ....။ သူပေးတဲ့စာရွက် ကို လှမ်းယူလိုက်ပြီး တစ်ချက်ပြုံးပြလိုက်တယ်....
ဒီလောက်ပါဘဲ .... ဒီထက်ပိုပြီး သူ့ကိုအသိအမှတ်မပြုလိုက်ဘူး ..... "ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားကိုတောင် မပြောလိုက်ပါဘူး ....။
စာရွက်လေးကို ကွန်ပျူတာစားပွဲပေါ်တင်ထားလိုက်ပြီး Blog Post ကို ဆက်ရေးလိုက်တယ် ....။

အပြင်မှာတော့ မိုးတွေသည်းကြီးမည်းကြီးရွာနေလေရဲ့ .... မိုးသံတြွေကားက လူတစ်ယောက်ထွက်သွားတဲ့ အသံကို ကြားလိုက်မိသေးတယ် .....။
Blog Post ကို Publish လုပ်ပြီးသွားတော့ အချိန်ရတာနဲ့ ခုနကစာရွက်လေးကို ကောက်ကိုင်ပြီး ဖတ်ကြည့် လိုက်မိတယ် .....


ကာလာမသုတ္တန် (အနှစ်ချုပ် အချက် ၁၀ ချက် )  တဲ့ .....
ပါဠိနဲ့ရေးထားတဲ့ ခေါင်းစဉ်ပေါ်မှာ သိပ်စိတ်ဝင်စားမှု မရှိခဲ့ပါဘူး ...... ၀န်ခံရရင် ကာလာမသုတ္တန် ဆိုတာ ဘာမှန်းမသိဘူး .... ဒါပေမဲ့ အနှစ်ချုပ် ဆိုလို့ နည်းနည်းတော့ စိတ်ဝင်စားသွားတယ် ....။ အောက်မှာ ရေးပေးထား အချက် (၁၀) ချက်ကို ဖတ်ကြည့်လိုက်တော့ ဘဝ အတွက် တကယ်သိထား လိုက်နာသင့်တဲ့ အချက်တြွေဖစ်နေတာကို တွေ့ခဲ့ရတယ် .....။ မိတ်ဆွေများအတွက် လက်ဆက်ကမ်း ဓမ္မဒါန ပြန်လည်မျှဝေလိုက်ပါတယ် .........
ကာလာမသုတ္တန် (အနှစ်ချုပ် အချက် ၁၀ ချက်)
(၁) တစ်ဆင့်စကားပြောလာသောစကားကို မယုံနဲ့အုံး။
(၂) ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး။
(၃) စာအုပ်ထဲက ပြောတဲ့အတိုင်းလည်း မယုံနဲ့အုံး။
(၄) အစဉ်အလာ ဘိုးဘွားစဉ်ဆက်စကားကိုလည်း မယုံနဲ့အုံး။
(၅) ဟိုနည်း၊ ဒီနည်း ကူးချပြီးလည်း မယုံနဲ့အုံး။
(၆) အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၇) ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး။
(၈) ငါ့အယူဝါဒ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၉) လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး။
(၁၀) ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။
                   မည်သည့် အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင် သိအောင်လုပ်ကြ .... ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်လျှင် မှားမှန်ဆိုးကောင်း သိမြင်ပြီးမှ လက်ခံယုံကြည်ကျင့်သုံးရန်ဖြစ်ပေသည်။

ဓမ္မဒါန ဖြန့်ဝေသူက ဆက်လက်ဖေါ်ပြပေးထားပါသေးတယ် ....
  • အနိှုင်းမဲ့ လာဘ်   =  ကျန်းမာရေးလာဘ် (ကိုယ်+စိတ်)
  • အနိှုင်းမဲ့ မီး         =  ရာဂမီး (သို့မဟုတ်) အချစ်မီး (အာရုံစွဲ = ရာဂ)
  • အနိှုင်းမဲ့ ဥစ္စာ      =  တင်းတိမ်ရောင့်ရဲခြင်း
  • အနှိုင်းမဲ့ အပြစ်    = ဒေါသအပြစ်
  • အနှိုင်းမဲ့ ဆွေမျိုး    =  အကျွမ်းဝင် ပုဂ္ဂိုလ်
  • အနှိုင်းမဲ့ ရောဂါ    = ဆာလောင်မွတ်သိပ်ခြင်း
  • အနှိုင်းမဲ့ ချမ်းသာ  = နိဗ္ဗာန်ချမ်းသာ
  • အနှိုင်းမဲ့ ဆင်းရဲ    = ခန္ဓာဝန်ထမ်းရတဲ့ ဆင်းရဲ
  • အနှိုင်းမဲ့ လမ်း      = သတိပဋ္ဌာန်လမ်း
  • အနှိုင်းမဲ့ ပိုက်ကွန်  =  မောဟပိုက်ကွန်
မိမိသည်သာ မိမိ၏ ကိုးကွယ်ရာအစစ်ဖြစ်၏။ ဓမ္မသည်သာ အားကိုးရာ အစစ်ဖြစ်၏။

ကုသိုလ်ကောင်းမှုတစ်ခုခုပြုလုပ်ကြသောအခါ ဘုရားလောင်း အကိတ္တိပညာရှိရသေ့ ၏ ဆုတောင်းအတိုင်း-
ဤသည့်ပုည ၊ ကုသလကြောင့်
လောဘဒေါသ ၊ မောဟကင်းကွာ
သံသရာဝယ် ....
ကျင်ရပါဘိ ၊ ပညာရှိနှင့်
ယှဉ်မိပေါင်းသင်း ၊ ဉာဏ်မဲ့ကွင်း၍
ပြည့်လင်းလှူဖွယ် ၊ လှူစဉ်ဝယ်လည်း
သုံးသွယ်စေတနာ ၊ ဖြောင့်ညီညာသည်
ခေမာအထွတ် တိုင်လိုသော် .......။
ဆိုပြီး ဆုတောင်းဖို့ မမေ့ကြပါလင့် ......။
ရုပ်၊ နာမ်ခန္ဓာ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောတရားရှိကြကုန်၏။ မမေ့မလျှော့သော ၀ိပဿနာ သတိတရားဖြင့် ပြည့်စုံကြကုန်လော့....။

တကယ်တော့ ... ဓမ္မဒါန ဆိုပြီး စာရွက်လာပေးတဲ့ ကောင်လေးကို ကျွန်တော်မသိပါ ....။ သူ့ကို တစ်ခြားလူကြီးတစ်ယောက်ယောက်ကဘဲ ဖြန့်ဝေခိုင်းတာလား ကျွန်တော်မဝေခွဲတတ်ပါ ....။ ဓမ္မဒါန ဟုသာ စာရွက်အောက်ဆုံးနားမှာ ရေးထားတဲ့အတွက် ဖြန့်ဝေသူကို ကျေးဇူးတင်ဖို့ မတတ်နိုင်ပါ .....။
ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့တစ်ခုဘဲ ကျွန်တော် လုပ်ပေးနိုင်ပါတယ် ......။ 
ကျန်တဲ့ မိတ်ဆွေများဖတ်ရှုနိုင်အောင် ဓမ္မဒါန အနေဖြင့် Blog မြှပန်လည် မျှဝေပေးခြင်း သာလျှင် .......

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top