Blog တစ်ခု ကျွန်တော်တို့ Register လုပ်ခဲ့ကြတယ် ပြီးတော့ Post တစ်ခု တင်ခဲ့ကြတယ် .... ဒီတော့ Blog မှာ သူ့Template ကမူရင်းပေးထားတဲ့ ပုံစံအတိုင်းဘဲ ရှိနေသေးတာပေါ့ ....။
Blog တစ်ခုကို အလှဆင်တယ် လို့သာပြောတာပါ .... တကယ်တော့ ကိုယ့်Blog သို့လာရောက်လည်ပတ် ကြတဲ့ သူတွေ သဘောကျစေမဲ့၊ အဆင်ပြေစေမဲ့ Gadget လေးတွေ ပေါင်းထည့်တာပါပဲ ...။
ဒီနေရာမှာ Gadget ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြချင်ပါတယ် ....။
Gadget ဆိုတာ ဘာလဲ ?
Gadget ဆိုတဲ့ အသုံးအနှုန်းဟာ ၁၉ ရာစုအစပိုင်းလောက်ကတည်းက ပေါ်ပေါက်လာခဲ့တာပါ ....။ ဒီနေ့အချိန်မှာတော့ နေရာတော်တော်များများမှာ ထည့်သွင်းအသုံးပြုနေကြပါပြီ ...။ မြန်မာလို တိုက်ရိုက် ဘာသာပြန်ကြည့်မယ်ဆိုရင်တော့ "တစ်စုံတစ်ရာ အသုံးပြုရန်အတွက် ကိရိယာတန်ဆာပလာ" လို့ပြောလို့ ရပါတယ် ....။ မြန်မာလိုပြောနေရင် ရှည်တာမို့ Gadget ကို Gadget ဆိုပြီးတော့ဘဲ ခေါ်ဆိုကြပါစို့။ သူနဲ့ အဓိပ္ပါယ်တူပြီး တစ်ချို့နေရာတွေမှာ သုံးတဲ့ Widget ဆိုတာလည်းရှိပါသေးတယ်။ အတူတူပါဘဲ ....။
ဒီ Gadget , Widget တွေကို အခုနောက်ပိုင်ဆိုရင် ကွန်ပျူတာ Windows စနစ်တွေမှာပါ ထည့်သွင်းသုံး လာကြပါပြီ .... ကျွန်တော်တို့ Windows 7 မှာ Desktop ပေါ်မှာ နာရီပုံလေးတွေ၊ ပြက္ခဒိန်လေးတွေ တင်ထားတယ်ဆိုတာ Gadget လေးတွေပေါ့ ....။
ဒီ Gadget တွေအလုပ်လုပ်ပုံကသူတို့အနေနဲ့ HTML, JAVA, C++ စတဲ့ Program Code တွေနဲ့ နောက်ကွယ်မှာ အလုပ်လုပ်နေပြီး တကယ်မြင်တွေ့ရတာကတော့ နာရီပုံလေးတွေ ၊ ပြက္ခဒိန် လေးတွေအဖြစ်နဲ့ပါ ....။
ဒီလို Gadget လေးတွေကို ကိုယ့်Blog ပေါ်မှာ တင်ထားပြီး အလှဆင်လို့လည်း ရပါတယ်....။
ဒီလောက်ဆိုရင် Gadget နဲ့ပတ်သက်ပြီး နားလည်မယ် ထင်ပါတယ်....။
Blog မှာ Gadget ထည့်တာနဲ့ ပတ်သက်ပြီး အခြေခံနည်းလမ်း (၂) မျိုး ရှိပါတယ်။
ပထမတစ်မျိုး က Blogger ကနေပေးထားတဲ့ Gadget ကို အဆင်သင့် ယူသုံးပြီး ထည့်သွင်းခြင်း နှင့်
ဒုတိယတစ်မျိုး ကတော့ တစ်ခြား Website တစ်ခုခုက Service ပေးတဲ့ Gadget (Code) ကို ယူသုံးထည့်သွင်းနည်း တို့ဘဲဖြစ်ပါတယ်။
အခု ကျွန်တော်တို့ အနေနဲ့ Blogger ကနေ အဆင်သင့်ပေးထားတဲ့ Gadget တွေထဲက တစ်ခုလောက် စမ်းထည့်ကြည့်ရအောင် ......
Gadget တစ်ခုကို မထည့်သွင်းမီမှာ -
ဘယ်လို Gadget မျိုးကို ထည့်မယ်၊ Blog ရဲ့ ဘယ်နေရာမှာ ထည့်မယ် စသည်ဖြင့် စဉ်းစားထားသင့်ပါ တယ်။ ကိုယ့် Blog အတွက်ကော လာရောက်လည်ပတ်တဲ့ သူတွေအတွက်ပါ အကျိုးမရှိတဲ့ Gadget မျိုးတွေ၊ ပမာဏကြီးမားတဲ့ Gadget တွေကို မထည့်တာ အကောင်းဆုံးပါ။ (စမ်းတဲ့သဘောနဲ့ ထည့်ကြည့် ပြီး ပြန် Remove လုပ်ရင်လည်း ရပါတယ်...)
Blogger မှပေးထားသော Gadget တစ်ခုကို Blog တွင်ထည့်နည်း
အဆင့်(၁)
ကိုယ့်ရဲ့ Blog သို့ Log-in ၀င်ရောက်လိုက်ပါ။ ပြီးရင် ကိုယ့်Blog အမည်ပေါ်မှာ နှိပ်ပြီး Dashboard သို့ရောက်အောင်သွားလိုက်ပါ။ Dashboard ရဲ့ ဘယ်ဘက်ခြမ်းမှာပါတဲ့အထဲက Layout သို့ ၀င်ရောက်လိုက်ပါ။
အဆင့်(၂)
မိမိ Gadget ထည့်ချင်တဲ့နေရာ မှာရှိတဲ့ Add a Gadget ဆိုတာလေးကို နှိပ်လိုက်ပါ။
Windows အသစ်တစ်ခုပွင့်လာပါမယ် ...။ အဲဒီထဲကမှ ကိုယ့်ထည့်ချင်တဲ့ Gadget အမည် ပေါ်မှာ (သို့မဟုတ်) ညာဘက်အစွန်က
အဆင့်(၃)
Click နှိပ်လိုက်တာနဲ့ ကျွန်တော်တို့ထည့်လိုက်တဲ့ Gadget နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲလို့ရတဲ့ Gadget Options တစ်နည်းအားဖြင့် Configuration Gadget Windows ပွင့်လာပါမယ်။
Title နေရာမှာ မြန်မာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ပေးလိုက်ပါ။ (ဥပမာ- Post အသစ်တင်တိုင်း emailမှဖတ်လိုလျှင် email လိပ်စာထားခဲ့ပါ ဆိုပြီး ရေးပေးလိုက်ပါတယ်။)
(ဒီလို email ကနေ ချိတ်ဆက်ပြီး အလုပ်လုပ်တဲ့ Gadget မျိုးတွေအနေနဲ့ Feedburner မှာအလုပ်လုပ်တာ ဖြစ်ပါတယ် ။ ကျွန်တော်တို့ အနေနဲ့ အစကတည်းက Feedburner မှာ Configure မလုပ်ထားဘူးဆိုရင် ကွန်ပျူတာက သူ့အလိုလျောက် လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီမှာပါတဲ့ FeedBurner URL ဆိုတဲ့ဘေးက လိပ်စာကို သေချာမှတ်ထားရပါမယ်။ ဒါဟာ ကျွန်တော်တို့ Blog နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေတဲ့ Link တစ်ခုဖြစ်ပါတယ်။)
လိုအပ်တာတွေ ဖြည့်ပြီးသွားရင်တော့ အောက်ဆုံးက
ဒီနေရာမှာ ကိုယ်ထည့်ထားတဲ့ Gadget ကို Drag and Drop နည်းဖြင့် နေရာရွေ့လို့ ရပါသေးတယ်။
နေရာ ရွေ့ဖို့အတွက် အဲဒီ Gadget အပေါ်သို့ Mouse Pointer တင်လိုက်ရင် Pointer ရဲ့ပုံက
အခုထည့်လိုက်တဲ့ Gadget လေးကို ကြည့်ချင်ရင်တော့ အပေါ်ဆုံးမှာပါတဲ့
DEMO BLOG
ဒါကတော့ Blogger ကနေပေးထားတဲ့ Gadget ကိုထည့်နည်းလေးပါ။ Blogger ကနေပေးထားတဲ့ Gadget တွေလည်း အမြောက်အများရှိပါတယ်။ Add a gadget ဆိုတာလေးကို နှိပ်လိုက်တာနဲ့ ပွင့်လာ တဲ့ windows ထဲမှာ ဘယ်ဘက်အပေါ်ထောင့်မှာ Label လေးတွေ ပါပါသေးတယ်။
အဲဒီ Label တစ်ခုချင်းမှာလည်း Gadget တွေ အများကြီး ပါပါသေးတယ်။ ဒါ့အပြင် ဒီ windows ရဲ့ Search Box မှာလည်း ကိုယ်ထည့်ချင်တဲ့ Gadget အမည်ကိုရိုက်ပြီး ရှာနိုင်ပါသေးတယ်။
ဘယ် Gadget မဆို ထည့်နည်းကတော့ အတူတူပါဘဲ။
တစ်ခြားWebsite တွေမှာ ပေးထားတဲ့ Gadget ကိုထည့်နည်းက နောက် Post ကျမှ ဆွေးနွေးပေးပါမယ်။
လိုအပ်လို့ ပြန်ဖတ်ချင်တယ်ဆိုရင်-
Blog ရေးသားနည်း အခြေခံများ - ၁
Blog ရေးသားနည်း အခြေခံများ - ၂
Blog ရေးသားနည်း အခြေခံများ - ၃
Blog ရေးသားနည်း အခြေခံများ - ၄
Blog ရေးသားနည်း အခြေခံများ - ၅
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea